စစ်ကောင်စီလက်လွတ်ခဲ့ရတဲ့ လားရှိုးမြို့ (ရမခ) စစ်ဌာနချုပ်နယ်မြေရှိ တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဟု သတင်းအမှားဖြန့်

စစ်ကောင်စီတပ်မှ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) နယ်မြေရှိတပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဟု သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ People Media တယ်လီဂရမ်ချယ်နယ်က ဇူလိုင် ၃၀ ရက်နေ့မှာ ဖြန့်ချိခဲ့ပြီး (ရမခ) စစ်ဌာနချုပ်နယ်မြေရှိ လက်လွတ်လိုက်ရသော တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီဟု ဗီဒီယိုဖိုင်နဲ့ပြောဆိုထားပါတယ်။

၁ မိနစ် ၁၈ စက္ကန့်ကြာ ဗီဒီယိုဖိုင်ထဲတွင် ကျော်စိုးဦးဆိုသူက “ဒီကနေ့ (ဇူလိုင် ၃၀ ရက်) မွန်းလွဲပိုင်းမှာ တိုက်စီး ၄ ပြန်လည်သိမ်းပိုက် ရရှိခဲ့တယ်။ ထပရ (၆၂၆) ၊ ပြီးတော့ ဆက်သွယ်ရေးတပ်၊ ပြီးရင် ခလရ ၆၈၊ ပြီးရင် ဝန်တင်တပ်ရင်းပေါ့။ အားလုံးတပ်ရင်း ၅ ရင်းကို ဒီကနေ့ကျနော်တို့ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။

ဒါကျနော်တို့ ရပခနယ်မြေအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ တပ်မတော်အားလုံးက၊ ကျနော်တို့အားလုံးက ဘုရင့်နော်တွေဘဲ” လို့(မူရင်း) ပြောဆိုခဲ့တာပါ။

အဆိုပါ သတင်းအမှားကို ကြည့်ရှု့သူပေါင်း ၆၅,၀၀၀ ကျော်ရှိပြီး People Media တယ်လီဂရမ်ချယ်နယ်အပြင် အခြားစစ်တပ်လော်ဘီ တယ်လီဂရမ်ချယ်နယ်များကလည်း ဖြန့်ဝေထားကြပါတယ်။

မူရင်းလင့်ခ် – https://archive.ph/42V6J

သတင်း စစ်ဆေးခြင်း

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ ချဲ့ကားပြောဆိုထားတဲ့ ဝါဒဖြန့်သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

သျှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၈)၊ ရပ်ကွက် (၉) နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အနီးတွင် ယမန့်နေ့ ဇူလိုင် ၃၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် မှန်ကန်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာနဲ့အခြားမီဒီယားတွေက ဖော်ပြထားတာမရှိသလို၊ ယခုအချိန်ထိ စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်ထားတဲ့ တပ်စခန်းဓာတ်ပုံတွေလည်း မတွေ့ရသေးပါဘူး။

၂၀၂၄ ဇူလိုင် ၃၀ ရက်နေ့တွင် လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ထပ်မံ ရှင်းလင်းနိုင်ဟု MNDAA အသိပေး ဆိုတဲ့ People’s Spring သတင်းဌာက တင်ဆက်ထားတဲ့ သတင်းအပြည့် အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

လင့်ခ် – https://shorturl.at/Pr4II

၂၀၂၄ ဇူလိုင် ၃၀ ရက်နေ့က ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၈၊ ၉ နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ဘက်မှာ ထိတွေ့တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး ဒေသခံတချို့ ပိတ်မိကာ ဒဏ်ရာရသူနဲ့ ကောက်လို့ မရသေးတဲ့ အလောင်းတွေလည်း ကျန်ရှိနေသေးတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ် ဆိုပြီး Shwe Phee Myay News Agency က သတင်းတင်ဆက်ထားတဲ့သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ရွှေဖီမြေကဖော်ပြထားတဲ့သတင်းကို ဒီမှာကြည့်ပါ – https://shorturl.at/en9kn

အလားတူ လားရှိုးမြို့ကို စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကိုလည်း ယမန်နေ့ ဇူလိုင် ၃၀ ရက်က ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က လားရှိုးမြို့နယ် မန်ပန်နဲ့ ဟိုကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများတယ်လို့ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားပါတယ်။

ဆက်စက်ဖတ်ရှု့ရန် – https://shorturl.at/B9FH0

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တန့်ယန်းကနေ နမ့်ပေါင်ကို အင်အားဖြည့်ဖို့ သွားတဲ့ စစ်ကောင်စီတပ်ကို ကိုးကန့်တပ်နဲ့ PDF က ဖြတ်တိုက်တာ။ ဝမ်ပန်ရွာနားမှာ မနက် ၃ နာရီလောက်ကတည်းက စောင့်ပြီး တိုက်တာ။ ဘယ်အချိန်ထိ ပစ်ကြလဲတော့ မသိဘူး။ ကား ၈ စီးနဲ့ အင်အား ၄၀၀ လောက်လာတာ၊ ဗမာစစ်သား ၅၀ ကျော် သေပြီး ၈၀ ကျော် ဒဏ်ရာရတယ်” လို့ သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

သုံးသပ်ချက်

အထက်ပါ အကြောင်းအရာအချက်အလက်များနှင့်တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ နယ်မြေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာ မှန်ကန်ပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားထဲ စစ်ကောင်စီလက်လွတ်လိုက်ရတဲ့ ရမခ စစ်ဌာနချုပ်နယ်မြေရှိ တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်တပ်လော်ဘီများက ဖြန့်ချိမှု သတင်းပါ အကြောင်းအရာမှားယွင်းပြီး ချဲကားဝါဒဖြန့်ခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ ကို ကိုးကန့်တပ်ဖွဲ့ MNDAA ကသိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်လာတဲ့အချိန်တည်းမှာဘဲ စစ်တပ်လော်ဘီတယ်လီဂရမ်ချယ်တွေက ဓာတ်ပုံဟောင်းကိုအသုံးပြုပြီးအဆိုပါစစ်ဌာချုပ်မကျသေးဟု သတင်းအမှားဖြန့်ခဲ့ပါတယ်။

လင့်ခ် – https://burmese.shannews.org/archives/42985

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတုသတင်းအမှားများနှင့် ပတ်သက်ပြီး အချက်အလက်စစ်ဆေး မေးမြန်းလိုလျှင် Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်သော သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့်သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ၏ သတင်းအချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#FactCheck

#MFCN

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...