ကွတ်ခိုင်မြို့ ဗုံးကြဲခံရ အရပ်သား ၁၀ ခန့်ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ၃ လုံးလာရောက် ကြဲချခဲ့ပြီး နေအိမ်များမီးလောင်ကာ၊ ထိခိုက် ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိနေကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ်လ ၅ ရက်)နေ့လည် ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွတ်ခိုင်မြို့ ရပ်ကွက် ၅ ၊ ဈေးဘက်အနီးတွင် လေကြောင်းဖြင့် ဗုံး ၃ လုံး ကြဲချခဲ့ပြီး နေအိမ် ၂ လုံး ဗုံးစထိမှန်၍ မီးလောင်ခဲ့သည်။

ထိုဗုံးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိနေကြောင်း ကွတ်ခိုင်မြို့ ဒေသခံအမျိုးသားတစ်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အခုလေးတင် ဗုံးလာကြဲသွားတာ။ အခုလောလောဆယ်တော့ လူတွေက ၆ ယောက်လောက် ဆွဲထုတ် ထားတယ်။ ထိတဲ့တွေပေါ့။၁၀ဦး ဝန်ကျင်လောက်ရှိမယ်။ အခု ဆက်ဆွဲထုတ်နေတာ ကျန်သေးတယ်။ သေချာမကြည့်ပေးရသေးဘူး”ဟု ကွတ်ခိုင်မြို့‌ဒေသခံ အမျိုးသာတစ်ဦးက ပြောသည်။

Witness enemy air scoutမှ ယနေ့ (သြဂုတ်လ ၅ ရက်) နေ့လည် ၃ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ပေါ်၌ စစ်ထောက်ပို့တိုက်ခိုက်သည့် လေယာဉ် Y-12 တစ်စီးပျံဝဲနေကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်စန်းများ မကျဆုံးရှုံးရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်နေကြောင်း သိရသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်စခန်းများအဖြစ် ကျန်ရှိနေသော အမှတ် (၁) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် စကခ -၁ ၊ ခြေမြန်တပ်ရင်း ခမရ (၅၀၁) နှင့် (၅၀၂) တို့ ရှိနေသည်။

လက်ကျန်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စခန်းကုန်းအနီးတဝှိက်နှင့် ပတ္တမြားစေတီအနီး၊ ဂေါက်ကွင်းအနီးနှင့် ခမရ -၅၀၁ စခန်းနီးသို့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၁၆ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့တပ်စခန်းသို့ ထောက်ပို့လေယာဉ် Y 12 ဖြင့် လက်နက်ခဲယမ်း ၂၂ ထုတ် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...