သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ဆန့်ကျင်ဆန္ဒပြကြရန် ပြည်သူများကိုစေခိုင်းခဲ့သည်။
ယနေ့ သြဂုတ် ၆ ရက် နံနက်ပိုင်း ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပူးပေါင်းအဖွဲ့များကို ကန့်ကွက်ရှုတ်ချအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းဆန္ဒပြပွဲကို စစ်တပ်ထောက်ခံသူများ၊ မဘသ နှင့် အမျိုးသားရေး အစွန်းရောက်သူများ တက်ရောက်ခဲ့ကြသကဲ့သို့ စစ်တပ်လော်ဘီနှင့် အမျိုးသားရေး အစွန်းရောက်များက ဟောပြောခြင်းများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အမှတ်ဆံဆိပ်ကို အစွဲပြုပြီး နေဝန်းနီဟုထင်ရှားသည့် သျှမ်းမြောက်အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တစ်ခုလုံးကို သြဂုတ် ၃ ရက်နေ့က ကိုးကန့်တပ်ဖွဲ့ MNDAA ကသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယခုလို ဆန့်ကျင့်ဆန္ဒပြကြရန် စစ်ကောင်စီက အမိန့်ထုတ်လာခဲ့ခြင်း ဖြစ်သည်။

အပြစ်မဲ့အရပ်သားပြည်သူ ၁၀၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပူးပေါင်းအဖွဲ့များက ရက်စက်စွာသတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီဘက်က စွတ်စွဲပြီး လိုင်းကား ၉၁ စီးကို စစ်ကောင်စီ ချောဆွဲခဲ့ပြီး ဆန္ဒပြခိုင်းခဲ့ကြောင်း သိရသည်။












Leave a Comments