ကျောက်မဲမြို့နယ်

ကျောက်မဲတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ ဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် ယမန်နေ့ (မတ် ၁၅)ရက်က အမျိုးသားတစ်ဦး မိုင်းနင်းမိဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ် ၁၅)ရက် နေ့လည် ၃ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ ကျောက်မဲကြီးကျေးရွာအုပ်စု မန်အော်ကျေးရွာမှ အသက် (၅၀)ကျော် အမျိုးသားတစ်ဦး ဝါးသွားခုတ်စဉ် မိုင်းနင်းမိဒဏ်ရာရရှိခဲ့ကြောင်း မိုင်းထိလူနာကို...

ကျောက်မဲ အမျိုးသမီး တစ်ဦး ကြိုးဆွဲချ သေဆုံး

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် အမျိုးသမီးတစ်ဦးယနေ့ (မတ် ၁၀)ရက် မနက်ပိုင်းတွင် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ဘယ်အချိန်ကတည်းက သေနေလဲတော့ မသိဘူး၊ ဒီမနက် ၁၁ နာရီလောက် စျေးက ပြန်လာတော့ အိမ်က အဒေါ် ပြောပြလို့ သိရတာ၊ ကြိုးဆွဲချ သေတာတဲ့၊...

ကျောက်မဲ စစ်ရှောင် ၇၀၀ ကျော် နေရပ်ပြန်နိုင်ရန် မျှော်လင့်နေ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ပြည်သူ (၇၀၀)ကျော် ကျန်ရှိနေပြီး၊ နေရပ် ပြန်နိုင်ဖို့အတွက် မျှော်လင့်နေကြကြောင်း စုံစမ်း သိရှိရသည်။ ထိုစစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်များ ဖြစ်သည့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုနှင့် RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ...

ကျောက်မဲလူငယ် မိုင်းနင်းမိ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဗူးခါးနှင့် နားခေါ်ကျေးရွာကြား ရေချောင်းအနီးတွင် ယမန်နေ့ (မတ်လ ၁ )ရက် နေ့လည် ၁၁ နာရီခွဲဝန်းကျင်တွင် လူငယ်အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး ၁ ဦး သေဆုံးသွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ် ၁)ရက်တွင် ကျောက်မဲမြို့ ရပ်ကွက်...

ကျောက်မဲ ထင်းတင်ကားတိမ်းမှောက် ကားဆရာ သေဆုံး၊ ၃ ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၇)ရက်တွင် ထင်းတင်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကားဆရာ သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ထိုထင်းတင်ကားသည် ကျောက်မဲမြို့နယ် ပန်စလော့ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၇ ရက် နေ့လည် (၂)နာရီခွဲတွင် ယာဉ်တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကားဆရာ သေဆုံးခဲ့တာဖြစ်ကြောင်း သိရသည်။ “ကားမောက်တာက ပန်စလော့နားမှာဖြစ်တာပါ။...

မွေးဖွားရက်စေ့ (၄)ဆင့် စစ်ရှောင်ကိုယ်ဝန်သည်များ အကူအညီလိုအပ်

“နေ့စဥ် ထမင်းဟင်းတော့ စားရပါတယ်၊ ဒါပေမဲ့ မွေးလာမဲ့ ကလေးအတွက် ဆေးဝါးတွေ အသုံးအဆောင်တွေက ကျမ မရှိသေးဘူး၊ ကျမလည်း ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး၊ အလှူရှင်တွေကိုပဲ အားကိုးရမှာပါ၊ တစ်ခါတလေ အားငယ်လာလို့ ငိုချလိုက်တာပဲ တတ်နိုင်တယ်” လို့ အသက် ၃၅ နှစ်အရွယ်ရှိ ကိုယ်ဝန်သည်...

ကျောက်မဲ စစ်ရှောင်စခန်းမှ ၃ ဦး ကိုဗစ်ပိုးတွေ့

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ရှောင် ၃ ဦး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျောက်မဲမြို့ ရပ်ကွက် ၈ ရှိ သန္ဓိသုခ ဓမ္မာရုံတွင် ရောက်ရှိခိုလှုံနေသည့် စစ်ရှောင်များထဲမှ စစ်ရှောင် ၃ ဦး ကိုဗစ်ကူးစက်ခံရကြောင်း...

ကျောက်မဲ လူငယ်တစ်ဦး မိုင်းနင်းမိ ဒဏ်ရာပြင်းထန်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက အသက် (၁၅)ဝန်းကျင် ရှိ လူငယ်တစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက် မနက် ၉ နာရီဝန်းကျင်က မန်ခေါက်ကျေးရွာမှ ကျောက်မဲမြို့တွင်းသို့ လာစဉ်...

ကျောက်မဲမြို့ စစ်ကောင်စီ မှ လူမှားဖမ်းပြီး သတ်ဖြတ် တာဝန်ယူ လျော်ကြေးမပေး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် စစ်ထောက်လှမ်းရေးက မှားယွင်းပြီး ဖမ်းဆီးသွားသည့် စိုင်းထွန်းဝင်းအား သတ်ဖြတ်ပြီးနောက်ပိုင်း တာဝန်ယူဖြေရှင်း လျော်ကြေးပေးတာ မရှိကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့သို့ စစ်ဘေးရှောင်လာသည့် ဦးထွန်းဝင်းအား ဖေဖော်ဝါရီ ၃ ရက်နေ့က စစ်ထောက်လှမ်းရေးအဖွဲ့က လာရောက်ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်ကြောင်း၊ တာဝန်ယူဖြေရှင်းပေးခြင်းလည်း မရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ထုတ်ပြန်ထားကြောင်း သိရသည်။ “ဒီကိစ္စနဲ့...

ကျောက်မဲစစ်ရှောင်တစ်ဦး စစ်ကောင်စီ ဖမ်းဆီး ရိုက်နှက် သေဆုံး

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းသို့ စစ်ရှောင်လာသည့် ပြည်သူတစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီး နှိပ်စက်ခဲ့ကာ သေဆုံးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းတွင် ကျောက်မဲမြို့ ရပ်ကွက် ၉ တိလင်ရပ်တွင် နေထိုင်သည့် စစ်ဘေးရှောင်တစ်ဉီးကို စစ်ကောင်စီ မှ ဖမ်းဆီးသွားပြီးနောက် ရိုက်နှက်ခံထားရသည့်...

Latest news