ကျောက်မဲစစ်ရှောင်တစ်ဦး စစ်ကောင်စီ ဖမ်းဆီး ရိုက်နှက် သေဆုံး

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းသို့ စစ်ရှောင်လာသည့် ပြည်သူတစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီး နှိပ်စက်ခဲ့ကာ သေဆုံးသွားကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းတွင် ကျောက်မဲမြို့ ရပ်ကွက် ၉ တိလင်ရပ်တွင် နေထိုင်သည့် စစ်ဘေးရှောင်တစ်ဉီးကို စစ်ကောင်စီ မှ ဖမ်းဆီးသွားပြီးနောက် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

“သူ့ကို လာဖမ်းတုန်းက ဖုန်း၊ လပ်တော့ပ်တွေကိုလည်း ယူသွားတယ်။ အမျိုးသမီးတစ်ဉီးရဲ့ ဆွဲကြိုးကိုလည်း ယူသွားတယ်တဲ့။ ညမှာ လာဖမ်းသွားတာ။ စစ်သားရော အရပ်ဝတ်နဲ့လူတွေလည်း ပါတယ်။ ဖမ်းပြီး နောက်တစ်ရက် ဆေးရုံမှာရောက်နေပြီ သေသွားပြီလို့ သိရတယ်။ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေတော့ များတယ်” ဟု ကျောက်မဲ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သေဆုံးသွားသည့် စစ်ရှောင် အမျိုးသားသည် အသက် ၄၄ နှစ်အရွယ် စိုင်းထွန်းထွန်းဝင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က တော့ဆန်ကျေးရွာအုပ်စုမှ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ပေါ်သို့ စစ်ရှောင်လာရောက်နေထိုင်နေတာဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတို့သည် ကျောက်မဲ ဒေသခံများကို မကြာခဏ ဖမ်းဆီးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ဖမ်းတာက ဖမ်းတယ်။ ဘယ်နှယောက်ကို ဖမ်းသွားလဲ ဆိုတာတော့ သေချာ မသိရဘူး။ ကုန်းသာ ရွာဘက်ကလည်း ဖမ်းခံရတဲ့သူ ရှိတယ်။ သူတို့ ဖမ်းသွားတာက ယောက်ျားလေးတွေပဲ။ သက်ကြီး တစ်ယောက်ဆို ဖမ်းခံရလို့ သူ့သမီးမင်္ဂလာပွဲတောင် မလုပ်နိုင်တော့ဘူး” ဟု အထက်ပါ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းကတည်းက ကျောက်မဲတွင် ဒေသခံ အမျိုးသား ၄ ဦးထက်မနည်းကို စစ်ကောင်စီတို့ ဖမ်းဆီးသွားသည်ဟု ဒေသခံများက ဆိုသည်။

“သူတို့(စစ်ကောင်စီ)တွေ ဖမ်းဆီးနေတာက တမင်လုပ်စားနေသလိုပဲ။ ဘာလို့ဆိုရင် သူတို့ဖမ်းသွားတဲ့သူက ဘယ်အဖွဲ့နဲ့မှလည်း မချိတ်ဘူး။ ကျနော်သိရသလောက်ဆို တကယ့် ရိုးရိုးပြည်သူတွေကိုလည်း ဟိုအဖွဲ့ ဒီအဖွဲ့နဲ့ ဆက်စပ်တယ် ဆိုပြီး စွပ်စွဲဖမ်းဆီးသွားတာ။ ပြီးတော့ ပိုက်ဆံတွေ ရွှေတွေပါ ယူသွားတယ်။ ခုချိန်က အားလုံး ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရတာ။ စစ်ကောင်စီတွေ ဒီလို လုပ်နေတော့ ပိုပြီး ခက်ခဲတယ်။ အမြဲတမ်းသတိထားပြီး နေနေရတာ” လို့ ကျောက်မဲမှ သက်ကြီး အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင်လည်း ရပ်ကွက် ၇ မှ အမျိုးသားတစ်ဦးအား ဖမ်းဆီးသွားပြီး ၂၄ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြို့တွင်း လမ်းများပေါ်တွင်လည်း စစ်ကောင်စီတပ်သားနှင့် ရဲများက လမ်းသွားလမ်းလာ ပြည်သူများအား တားဆီးစစ်ဆေးခြင်း၊ ဖုန်းများကို စစ်ဆေးခြင်းနှင့် နေအိမ်တွင်း ဝင်ရောက်စစ်ဆေးခြင်းများလည်း ပိုမိုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...