ကျောက်မဲလူငယ် မိုင်းနင်းမိ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဗူးခါးနှင့် နားခေါ်ကျေးရွာကြား ရေချောင်းအနီးတွင် ယမန်နေ့ (မတ်လ ၁ )ရက် နေ့လည် ၁၁ နာရီခွဲဝန်းကျင်တွင် လူငယ်အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး ၁ ဦး သေဆုံးသွားခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (မတ် ၁)ရက်တွင် ကျောက်မဲမြို့ ရပ်ကွက် ၂ တွင်နေထိုင်သော လူငယ်အမျိုးသား ၃ ဦးသည် နားခေါ်နှင့် ဗူးခါးကျေးရွာကြားရှိ ရေချောင်းအနီးသို့ ငါးဖမ်းသွားစဉ် ၂ ဦး မိုင်းနင်းမိခဲ့ပြီး၊ ဒဏ်ရာရသူ ၁ ဦးကို မန္တလေးဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတဝက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“နားခေါ်ရွာ အကျော် တတ်ပါခမ်းရေတံခွန် သွားတဲ့လမ်း ရေချောင်းနားမှာဖြစ်တာ၊ ရှေ့က သွားတဲ့ တစ်ယောက်က မိုင်းနင်းမိပြီး နောက်မှာ ကပ်လိုက်သွားတဲ့ တစ်ယောက်ကိုပါ ထိသွားတယ်၊ ဒဏ်ရာက တော်တော်ပြင်းတယ်။ တစ်ယောက်ကို လားရှိုးဆေးရုံကို ပို့ထားတယ်၊ နင်းမိတဲ့ တစ်ယောက်က မန္တလေးကို ပို့တာ လမ်းတဝက်မှာပဲ ဆုံးသွားတယ်” ဟု ကျောက်မဲ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတပ်ခွဲမှူး ဆရာမ လွေးဥမ္မာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းနင်းမိမှုကြောင့် သေဆုံးသွားသူမှာ ရပ်ကွက် ၂ နေ လာဟူး (ခ) နိုင်နိုင်း အသက် (၂၀)နှစ် ဖြစ်ပြီး မိုင်းနင်းမိမှုကြောင့် ခြေထောက် နှစ်ဖက် ကြေမွဒဏ်ရာ၊ မျက်နာနှင့် ခန္ဓာကိုယ်တို့တွင်လည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူနေသည့် လူငယ်အမျိုးသားမှာ စိုင်းအောင်မိန်း အသက် (၂၂)နှစ်ဖြစ်ပြီး ဝမ်းဗိုက်တွင် မိုင်းစနစ်ဝင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်များ မိုင်းနင်းမိသည့် နားခေါ်၊ ဗူးခါး ကျေးရွာ အနီးသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု နှင့် RCSS တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည့် နေရာများ ဖြစ်ပြီး မန္တလေး – လားရှိုး ပြည်ထောင်စုလမ်းမကြီး အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် ကျောက်မဲနှင့် သီပေါမြို့နယ် အကြားတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စုအတွင်းမှ နေရပ်ပြန် စစ်ရှောင် ၂ ဦးမှာလည်း မိုင်းနင်းမိကာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...