ကျောက်မဲ အမျိုးသမီး တစ်ဦး ကြိုးဆွဲချ သေဆုံး

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် အမျိုးသမီးတစ်ဦးယနေ့ (မတ် ၁၀)ရက် မနက်ပိုင်းတွင် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်မဲ

“ဘယ်အချိန်ကတည်းက သေနေလဲတော့ မသိဘူး၊ ဒီမနက် ၁၁ နာရီလောက် စျေးက ပြန်လာတော့ အိမ်က အဒေါ် ပြောပြလို့ သိရတာ၊ ကြိုးဆွဲချ သေတာတဲ့၊ မနေ့ကတောင် လင်မယားနှစ်ယောက် ဆိုင်ကယ်စီးသွားသေးတယ်၊ ဒီနေ့မှ ရုတ်တရက်ကြီး ဖြစ်သွားတာ” ဟု ၄င်းရပ်ကွက်အတွင်း နေထိုင်သည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေဆုံးသူမှာ အသက် ၂၈ နှစ် အရွယ် ဝန်းကျင်ရှိ အမျိုးသမီးဖြစ်ပြီး မည်သည့်ကိစ္စကြောင့် ကြိုးဆွဲချ သေဆုံးနေသည်ကို မသိရသေးပါ။

ကျောက်မဲမြို့ ရပ်ကွက် ၈ အတွင်းရှိ ထိုအင်ကြင်းတောင်တွင် ယခင်ကလည်း ကြိုးဆွဲချသေဆုံးမှု ရှိခဲ့ဖူးကြောင်း သိရသည်။

“ကျောက်မဲက ကြိုးဆွဲချသေတာ နှစ်တိုင်းကို ရှိလာတယ်၊ တစ်နှစ်မှ မလွတ်ဘူး၊ တချို့က အိမ်ထောင်ရေးကြောင့်ဖြစ်သွားတာ၊ ဆေးကြောင်တဲ့သူတွေလည်း များတယ်လေ၊ ခုချိန်က ပိုဆိုးတယ်၊ ရှာဖွေစားသောက်ဖို့ အရမ်းကို ခက်ခဲနေပြီ” ဟု အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး က ပြောသည်။

ကျောက်မဲမြို့တွင် ပြီးခဲ့သည့်နှစ်က ပန်လင်ကျေးရွာမှ မိုင်းထိလူနာ အမျိုးသားတစ်ဦး ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

မူဆယ် ပြည့်တန်ဆာ လုပ်ရန်လိမ်ခေါ်ခံရသည့် အမျိုးသမီး(၃)ဉီး ကယ်တင်နိုင်ခဲ့

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခြင်းခံရပြီး ပြည့်တန်ဆာအလုပ်သို့ အဓမ္မစေခိုင်းခံနေရသည့် အသက် (၂၀) ဝန်းကျင် အမျိုးသမီးငယ် (၃) ဦးကို လူမှုကူညီရေးပရဟိတအသင်းက ကယ်တင်ခဲ့ရကြောင်း သတင်းသိရသည်။ ဒုက္ခရောက်နေသည့် အမျိုးသမီးငယ်များက မြင့်မြတ်ပါရမီ သွေးလှူရှင်နှင့် လူမှုကူညီရေးအသင်းထံသို့ ဖုန်းဖြင့် အကူအညီတောင်းခံခဲ့ရာ အဆိုပါအသင်းမှ တာဝန်ရှိသူများသည် ယနေ့...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...