ကျောက်မဲ လူငယ်တစ်ဦး မိုင်းနင်းမိ ဒဏ်ရာပြင်းထန်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက အသက် (၁၅)ဝန်းကျင် ရှိ လူငယ်တစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက် မနက် ၉ နာရီဝန်းကျင်က မန်ခေါက်ကျေးရွာမှ ကျောက်မဲမြို့တွင်းသို့ လာစဉ် နမ့်မန်းကျေးရွာအရောက်တွင် အသက် (၁၅)နှစ်အရွယ်ရှိ အမျိုးသား လူငယ်တစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“သူတို့ မန်ခေါက်ရွာကနေ ဆင်းလာတာလို့ ပြောတယ်၊ နမ့်မန်းရွာ တံတားနားရောက်တော့ သူတို့ထဲက တစ်ယောက်က လမ်းဘေးမှာ အပေါ့သွားတာတဲ့၊ အဲ့ချိန်မှာ မိုင်းနင်းမိတာပဲ၊ ဒဏ်ရာတော့ တော်တော်ပြင်းတယ်လို့ ကြားတယ်၊ လားရှိုးကို ပို့ထားရတယ်” ဟု ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ထိုလူငယ်အမျိုးသားသည် ခြေထောက်၊ လက်၊ ရင်ဘက်နှင့် မျက်စိတို့တွင် ဒဏ်ရာ ရရှိခဲ့ပြီး လားရှိုးဆေးရုံသို့ ပို့ဆောင် ကုသနေကြောင်း သိရသည်။

ထို နမ့်မန်းကျေးရွာအနီးပတ်ဝန်းကျင်တွင် မိုင်းနင်းမိမှု မကြာခဏ ဖြစ်ပွားသည့်အတွက် သွားလာမှုမပြုကြရန် ဒေသခံများမှ တားမြစ်ထားကြောင်းသိရသည်။

“နမ့်မန်းအနီးနားကို ဘယ်သူမှ မသွားကြဖို့ ပြောထားဖူးတယ်။ အဲ့နားက ခဏခဏ မိုင်းကွဲတာဖြစ်နေတော့ စိတ်မချရဘူး။ လုံခြုံမှု မရှိတော့ဘူး။ အရင်နှစ်က ငှက်ပျောဖူး ဆင်းခူးတာ မိုင်းနင်းမိပြီး သေဆုံးတာရှိခဲ့လို့ အဲ့ဖက်ကို မှိုရှာ၊ မျှစ်ချိုးတာတွေလည်း မလုပ်ဖို့ တားမြစ်ထားတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်တွင်လည်း ဟူးကွက်ဒေသခံ အမျိုးသား ၃ ဦး မိုင်းနင်းမိကာ လူငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို မိုင်းကွဲမှု ဖြစ်ပွားသည့် နေရာသည် ယခင်နှစ်တွေတုန်းက တိုင်းရင်းသာလက်နက်ကိုင်များဖြစ်သည့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့်နေရာများ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...

မိုးကုတ် စစ်ကော်မရှင်တပ် အင်အားဖြည့် စစ်ကြောင်းထိုး၊ PDF တပ်များနှင့် ထိတွေ့တိုက်ပွဲပြင်းထန်

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်မြို့တွင် စစ်ကော်မရှင်တပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းထိုးခြင်းကြောင့် တော်လှန်ရေးအင်အားစု PDF တပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၈ ရက်) နံနက်ပိုင်းမှ စတင်၍ မိုးကုတ်မြို့နယ်ရှိ ချောင်းကြီးနှင့် ရှမ်းကုန်းစံ ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစု PDF တပ်များ...
MDY-PDF In Front of Mong Mit Signboard

မိုးမိတ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ်ရှိ မိုးဟောက်နှင့် ပသင် ကျေးရွာအုပ်စုဘက်တွင် ကချင်လွတ်လပ်ရေးတပ်...