ကျောက်မဲမြို့ စစ်ကောင်စီ မှ လူမှားဖမ်းပြီး သတ်ဖြတ် တာဝန်ယူ လျော်ကြေးမပေး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် စစ်ထောက်လှမ်းရေးက မှားယွင်းပြီး ဖမ်းဆီးသွားသည့် စိုင်းထွန်းဝင်းအား သတ်ဖြတ်ပြီးနောက်ပိုင်း တာဝန်ယူဖြေရှင်း လျော်ကြေးပေးတာ မရှိကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့သို့ စစ်ဘေးရှောင်လာသည့် ဦးထွန်းဝင်းအား ဖေဖော်ဝါရီ ၃ ရက်နေ့က စစ်ထောက်လှမ်းရေးအဖွဲ့က လာရောက်ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်ကြောင်း၊ တာဝန်ယူဖြေရှင်းပေးခြင်းလည်း မရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ထုတ်ပြန်ထားကြောင်း သိရသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ ရဲတွေ၊ စစ်သားတွေ ဘာမှ တာဝန်ယူပေးတာမရှိဘူး။ လျော်ကြေးတွေ ပြန်ပေးတာလည်း မရှိဘူး။ စစ်ထောက်လှမ်းရေးအဖွဲ့က လာဖမ်းသွားတာ။ ဖမ်းပြီး နှိပ်စက်သတ်ဖြတ်တယ်လေ” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောခွင့်ရ စိုင်းဟော်ရှဲန်က ပြောသည်။

အဆိုပါ စိုင်းထွန်းဝင်းကို ဖမ်းဆီးသတ်ဖြတ်သွားသည့် ရဲ နှင့် တာဝန်ရှိသူများကို နောက်တစ်နေ့တွင် ဆွေမျိုးများက ရဲစခန်းသို့ သွားရောက်ရှာဖွေရာတွင် မတွေ့ရှိတော့ကြောင်း သိရသည်။

ထို့အပြင် စိုင်းထွန်းဝင်းသည် ယာဉ်မတော်တဆကြောင့်‌ သေဆုံးသွားကြောင်း၊ ယာဉ်မတော်တဆ သေဆုံးမှုကိုလည်း ဆွေမျိုးများအား လက်မှတ်ရေးထိုးခိုင်းကြောင်း သိရသည်။

“စိုင်းထွန်းဝင်းကို သတ်ပြီးနောက်တစ်နေ့မှာ ဆွေမျိုးတွေက ရဲစခန်းမှာ သွားရှာကြည့်တော့ လာဖမ်းတဲ့ ရဲတွေ၊ တာဝန်ရှိသူတွေကို မတွေ့တော့ဘူး။ ပြီးတော့ သူတို့က စိုင်းထွန်းဝင်းကို ယာဉ်မတော်တဆကြောင့် သေတယ်လို့ ပြောတယ်။ အဲကြောင့်သေတာကိုလည်း လက်မှတ်ရေးထိုးခိုင်းတယ်။ သူတို့ တာဝန်မယူဘဲ ခေါင်းရှောင်တာပေါ့။ အရင်ကလည်း သူတို့ ဒီလိုမျိုးလုပ်နေတာဘဲ” ဟု အထက်ပါ စိုင်းဟော်ရှဲန်က ပြောသည်။

စိုင်းထွန်းဝင်းကို မူးယစ်ဆေးသတင်းအရ လာရောက်ရှာဖွေခဲ့ပြီး ၎င်းအား လက်ထိပ်ခတ်၊ စောင်ဖြင့် ခေါင်းကို အုပ်ကာ ရိုက်နှက်ကန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စိုင်းထွန်းဝင်၏ ခယ်မ ဖြစ်သူကိုလည်း ရိုက်နှက်ကာ ဆံပင်ဆွဲ၊ ခန္ဓာကိုယ်တွင် ရှာဖွေပြီး ပိုက်ဆံနှင့် တန်ဖိုးရှိ ပစ္စည်းများကိုပါ ယူသွားကြောင်း သိရသည်။

စိုင်းထွန်းဝင်း၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရာတွင်လည်း အရိုးများကျိုးနေပြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများလည်း ထိခိုက်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...