ကျောက်မဲ စစ်ရှောင်စခန်းမှ ၃ ဦး ကိုဗစ်ပိုးတွေ့

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ရှောင် ၃ ဦး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျောက်မဲမြို့ ရပ်ကွက် ၈ ရှိ သန္ဓိသုခ ဓမ္မာရုံတွင် ရောက်ရှိခိုလှုံနေသည့် စစ်ရှောင်များထဲမှ စစ်ရှောင် ၃ ဦး ကိုဗစ်ကူးစက်ခံရကြောင်း သိရသည်။

“ရပ်ကွက် ၈ ဓမ္မာရုံမှာ နေတဲ့ စစ်ရှောင်တွေထဲက ၃ ယောက် ပိုးတွေ့တာ၊ အားလုံးကို စစ်ကြည့်တာ နေမကောင်းတဲ့သူတွေရှိလို့ စစ်လိုက်တာ” ဟု ကျောက်မဲ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် ၁၀၀ ဝန်းကျင် ရှိပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ဖြစ်သည်။

ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ကိုဗစ်အတည်ပြုလူနာ တွေ့ရှိခြင်း မရှိခဲ့သော်လည်း ယခုနှစ်အတွင်း ဖေဖော်ဝါရီလမှ စတင်ကာ ကိုဗစ်လူနာများ ပြန်လည်တွေ့ရှိခဲ့ရပြီး ယမန်နေ့အထိ ကိုဗစ်ကူးစက်သူ ၁၀ ဦးကျော်နှင့် သေဆုံးသူ တစ်ဦး ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသခံများ ကိုဗစ်စည်းကမ်း လိုက်နာမှု အားနည်းလာသည့်အပြင် မြို့တွင်းတွင် ကိုဗစ်လက္ခဏာ ဖြစ်နေသည့် ကျန်းမာရေးမကောင်းသူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ကိုဗစ် လက္ခဏာနဲ့ နေမကောင်းဖြစ်နေတာလည်း တွေ့နေရတယ်၊ မစစ်ကြည့်လို့ ကိုဗစ် ရှိ မရှိ မသိတာပါ၊ တချို့ကလည်း အိုမီခရွန် ရောဂါ လက္ခဏာလိုလို ဖြစ်တယ်လို့လည်း ပြောသေးတယ်၊ ဒါပေမယ့် အတည်ပြုတာတော့ မရှိသေးဘူး၊ အပြင်သွားလာတဲ့သူတွေထဲ Mask မတပ်တဲ့သူတွေလည်း များတယ်၊ ရောဂါကူးတဲ့သူ ပိုများလာမှာကိုတော့ စိုးရိမ်တယ်” ဟု ရပ်ကွက် ၂ အတွင်း နေထိုင်သည့် ဒေသခံ အမျိုးသမီးက ပြောသည်။

စစ်ရှောင်စခန်းများတွင် ပြီးခဲ့သည့်နှစ် ကိုဗစ် တတိယလှိုင်းအတွင်း စစ်ဘေးရှောင် ရာကျော် ကိုဗစ်ကူးစက်ခံရမှုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...