မွေးဖွားရက်စေ့ (၄)ဆင့် စစ်ရှောင်ကိုယ်ဝန်သည်များ အကူအညီလိုအပ်

“နေ့စဥ် ထမင်းဟင်းတော့ စားရပါတယ်၊ ဒါပေမဲ့ မွေးလာမဲ့ ကလေးအတွက် ဆေးဝါးတွေ အသုံးအဆောင်တွေက ကျမ မရှိသေးဘူး၊ ကျမလည်း ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး၊ အလှူရှင်တွေကိုပဲ အားကိုးရမှာပါ၊ တစ်ခါတလေ အားငယ်လာလို့ ငိုချလိုက်တာပဲ တတ်နိုင်တယ်” လို့ အသက် ၃၅ နှစ်အရွယ်ရှိ ကိုယ်ဝန်သည် အမျိုးသမီးက ပြောပါတယ်။

သူမကတော့ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် နိုဝင်ဘာလက စပြီး ဟူးဆွန်ကျေးရွာကနေ ကျောက်မဲမြို့ပေါ်ကို စစ်ရှောင်လာခဲ့ပြီး၊ အခုရက်ပိုင်းမှာတော့ တောင်ကြီးမြို့ပေါ်သို့ ရောက်ရှိလာတဲ့သူ ဖြစ်ပါတယ်။

“ကျမတို့က ဟူးဆွန်ကျေးရွာကနေ စစ်ရှောင်လာတဲ့ ပြည်သူတွေပါ၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက် ကတည်းက စစ်ရှောင် လာရတဲ့သူတွေပေါ့၊ ဟူးဆွန်ရွာ တစ်ရွာလုံးနီးပါး စစ်ရှောင်လာပါတယ်၊ ပထမက ကျောက်မဲမြို့၊ ပြီးတော့ အဆင့်ဆင့် စစ်ရှောင်လာရပြီး ဒီတောင်ကြီးကို ရောက်လာတယ်” လို့ ကျောက်မဲမြို့နယ် မှ တောင်ကြီးမြို့ပေါ်သို့ စစ်ရှောင်လာတဲ့ ကိုယ်ဝန်သည် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

သူမဟာ စစ်ရှောင် တစ်နေရာပြီး တစ်နေရာ ပြောင်းလာရတာ ၄ လလောက် ရှိပြီ၊ လေးလတာ ကာလအတွင်းမှာတော့ နေရာ (၄)နေရာ ပြောင်းရွှေ့ခဲ့ရကြောင်းလည်း သူမ က ပြန်ပြောပြပါတယ်။

“ကျမတို့က စစ်ရှောင်လာတာ လေးလအတွင်း နေရာလေးခု ပြောင်းရတယ်၊ ကျမအတွက်တော့ နောင်လုံကနေ ကြည်တော်ဘက်ကို ရှောင်လာစဥ်မှာက အခက်ခဲဆုံးပဲ၊ နေကလည်းပူတယ်၊ ကိုယ်ဝန်ကလည်း အဲ့နေ့က နည်းနည်းနာနေသလို ပစ္စည်းတွေလည်း နိုင်သလောက် သယ်ရင်း တစ်နာရီလောက် လမ်းလျှောက်ရတယ်” လို့ စစ်ရှောင်လာစဉ် ကြုံတွေ့ရတာတွေကို ပြန်ပြောပါတယ်။

သူမ စစ်ရှောင်လာချိန်မှာတော့ သေနတ်သံ၊ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရပြီး အဲ့ဒီ အသံတွေကြောင့် သူမ မကြာခဏ ထိတ်လန့်မှု ဖြစ်နေရတယ်လို့ လတ်တလောအခြေအနေကို အသက် ၃၅ နှစ်အရွယ်ရှိ ကိုယ်ဝန်သည် အမျိုးသမီးက ဆိုပါတယ်။

မွေးဖွားရန် နေ့စေ့လစေ့ ရှိခဲ့ပေမယ့် သူမမှာတော့ မွေးဖွားရန် အဆင်သင့်မဖြစ်နေသေးကြောင်း၊ လက်ရှိမှာတော့ ကလေးအတွက် အနှီးတွေ အသုံးအဆောင်တွေ အာဟာရ စားသောက်ဖွယ်ရာတွေ အရေးကြီး လိုအပ်နေကြောင်းလည်း သိရပါတယ်။

စစ်ရှောင်အမျိုးသမီးတွေဟာ လက်ရှိမှာ တောင်ကြီးမြို့ရှိ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်၊ ပိဋိကတ်ကျောင်း တိုက်တွေမှာ ခိုလှုံနေထိုင်ကြရပြီး ဆရာတော်တွေနဲ့ အလှူရှင်တွေ အကူအညီကြောင့် နေ့စဥ် စားသောက်မှုအတွက် မပူပင်ရပေမယ့် ကိုယ်ဝန်သည် အမျိုးသမီးများအတွက် အခက်အခဲရှိနေကြောင်း စစ်ရှောင်များကို ကူညီပေးနေတဲ့ တောင်ကြီးမြို့မှ ကျန်းမာရေး ဆရာမတစ်ဦးက ဆိုပါတယ်။

“အခုမှာ စစ်ရှောင်တွေက ဝေဠုဝန်ကျောင်းတိုက်နဲ့ ပိဋိကတ်ကျောင်းတိုက်မှာ ခွဲနေနေကြပါတယ်၊ အခက်ခဲဆုံး ကတော့ ကိုယ်ဝန်သည်တွေပေါ့၊ သူတို့အနေနဲ့ ဆေးရုံမှာ မွေးဖွားမယ်ဆိုရင် ဆယ်သိန်းဝန်းကျင်လောက်ကုန်မယ်၊ အခု သူတို့ဆေးဖိုးအတွက် နမ့်ခုံးအသင်းနဲ့ တခြားအလှူရှင်တွေပေါင်းပြီး တစ်ဦးကို လေးသိန်း ထောက်ပံ့ပေးထားပေမဲ့ ဒါက လုံလောက်မှု မရှိဘူး” လို့ ကျန်းမာရေး ဆရာမ က ပြောပါတယ်။

စစ်ရှောင်လာရတဲ့ ကိုယ်ဝန်သည်အမျိုးသမီးတွေအတွက် ရပိုင်ခွင့်များနဲ့ အခက်အခဲများကို နိုင်ငံရေးကောင်းစဥ် ကာလတွင် သက်ဆိုင်ရာဌာနများကို တင်ပြတောင်းဆိုမှုများ ပြုလုပ်နိုင်ပေမယ့် လက်ရှိမှာတော့ ဒေသတွင်း အလှူရှင်များကိုသာ စစ်ရှောင်တွေ မှီခိုနေရကြောင်းလည်း တောင်ကြီးမြို့မှ စစ်ရှောင်ကူညီသူ အသက် ၄၀ ကျော်ရှိ အမျိုးသားတစ်ဦးက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲများသည် သျှမ်းပြည်မြောက်ပိုင်း နမ္မတူ၊ သီပေါ၊ ကျောက်မဲမြို့ မှ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ အဆင့်ဆင့် စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေကြရပြီး လက်ရှိတွင် သျှမ်းပြည် တောင်ပိုင်းအထိ စစ်ရှောင်ခိုလှုံလာရပါတယ်။

သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့ပါဝင်တဲ့ သျှမ်းပြည်အတွင်းမှ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများရပ်တန့်ရေး အတွက် သျှမ်းပြည်သူတွေ၊ သံဃာတော်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ဆက်တိုက် တောင်းဆိုနေကြ ပေမယ့် အခုချိန်ထိ နှစ်ဖက်ကြား တိုက်ပွဲတွေ မရပ်တန့်နိုင်သေးဘဲ စစ်ရှောင်များသာ ထပ်တိုးနေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...