ကျောက်မဲ စစ်ရှောင် ၇၀၀ ကျော် နေရပ်ပြန်နိုင်ရန် မျှော်လင့်နေ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ပြည်သူ (၇၀၀)ကျော် ကျန်ရှိနေပြီး၊ နေရပ် ပြန်နိုင်ဖို့အတွက် မျှော်လင့်နေကြကြောင်း စုံစမ်း သိရှိရသည်။

ထိုစစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်များ ဖြစ်သည့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုနှင့် RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ သူများ ဖြစ်ကြောင်း သိရသည်။

“သူတို့တွေက အရမ်းကို ပြန်ချင်နေပြီ၊ ပြန်သွားရင် လုံခြုံမှုရှိဖို့ နယ်မြေထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့နဲ့ ဆွေးနွေးတာတွေ လုပ်ထားတယ်၊ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ဆွေးနွေးကြတာ။ လက်နက်ကိုင် အဖွဲ့တွေလည်း စစ်ရှောင်တွေ နေရပ်ပြန်ဖို့ ကူညီပေးမယ်လို့ ပြောထားတယ်။ ဆိုတော့ မကြာခင် ပြန်ရမယ်လို့တော့ မျှော်လင့်တာပဲ” ဟု ကျောက်မဲ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ လုံးလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်ထွက်ပြေးခဲ့ရသည့် ပြည်သူများသည် ၄င်းတို့နေရပ်တွင် တောင်ယာ စိုက်ပျိုးရေးလုပ်ငန်းနှင့် လက်ဖက်လုပ်ငန်းကို အဓိက လုပ်ကိုင်ပြီး အသက်မွေဝမ်းကျောင်းပြုနေရသည့် ပြည်သူများ ဖြစ်သည်။

ထို့ကြောင့် ရွှေဖီ လက်ဖက်ခူးရာသီ (ယခုလအတွင်း) ရောက်ရှိတော့မည် ဖြစ်သည့်အတွက် နေရပ်သို့ စောစောပြန်ရဖို့ မျှော်လင့်နေကြတာဖြစ်ကြောင်း စစ်ရှောင်များထံမှ သိရသည်။

“စောစောပြန်ရရင် ပိုကောင်းတာပေါ့၊ ဘာလို့ဆို ရွှေဖီလက်ဖက်ချိန် အမှီ ပြန်ရောက်မှ အလုပ်ရှိမှာလေ၊ နောက်ကျရင်တော့ ဘာအလုပ်မှ မရှိတော့ဘူး၊ နေထိုင်စားသောက်ဖို့ အခက်ခဲ ဖြစ်နိုင်တယ်” ဟု စစ်ရှောင် သက်ကြီး အမျိုးသား တစ်ဦးက ပြောသည်။

ကျောက်မဲ စစ်ရှောင်များထဲတွင် ကိုဗစ် ကူးစက်ခံရသူနှင့် ကျန်းမာရေး ကုသစရိတ်အတွက် ငွေကြေးခက်ခဲနေသူများလည်း ရှိနေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ထိုစစ်ဘေးရှောင်များသည် ကျောက်မဲမြို့နယ် ဟူးစွန်၊ တွန်ဟိတ်၊ နမ်းဆိုင်း၊ ခြုံးသစ်၊ ခြုံးဟောင်း၊ နားလင့်၊ ပန်ကွမ်၊ ဟိန်းဝိုးနှင့် အခြားကျေးရွာများမှ ‌ဒေသခံများ ဖြစ်ပြီး စစ်ရှောင်စခန်း၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ သျှမ်းစာပေယဥ်ကျေးမှုမြေနေရာနှင့် အခြား ဆွေမျိုးအိမ်များတွင် ခိုလှုံနေကြရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...