ကျောက်မဲတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ ဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် ယမန်နေ့ (မတ် ၁၅)ရက်က အမျိုးသားတစ်ဦး မိုင်းနင်းမိဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (မတ် ၁၅)ရက် နေ့လည် ၃ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ ကျောက်မဲကြီးကျေးရွာအုပ်စု မန်အော်ကျေးရွာမှ အသက် (၅၀)ကျော် အမျိုးသားတစ်ဦး ဝါးသွားခုတ်စဉ် မိုင်းနင်းမိဒဏ်ရာရရှိခဲ့ကြောင်း မိုင်းထိလူနာကို သွားရောက်ကူညီပေးသည့် အမျိုးသားတစ်ဦးက ပြောသည်။

“ သူ ဝါးသွားခုတ်တာလို့ ပြောတယ်၊ မန်အော်ရွာကနေ နမ့်မန်းရွာဘက်ကို သွားတဲ့ လူသွားလမ်းမှာ ဖြစ်သွားတာ၊ အဲ့လမ်းက သွားလာတာနည်းတယ်၊ သိပ်ပြီး မသွားကြဘူး၊ အဲ့နားတဝိုက် မိုင်းကွဲသံက အရင်ကလည်း ကြားဖူးတယ်။ တိရိစ္ဆာန်တွေ ထိတာများတယ် ” ဟု ၎င်းက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ညာဘက် လက်မောင်းနှင့် တင်ပါးတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ကျောက်မဲ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှ သွားရောက်ကူညီခဲ့ကာ ကျောက်မဲ ဆေးရုံမှတစ်ဆင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ မိုင်းထိလူနာတွင် သားသမီး (၆)ဦးရှိပြီး မိသားစုစားဝတ်နေရေးကို အဓိက ရှာကျွေးနေရသူ ဖြစ်သည့်အတွက် ၄င်းမိသားစု စားဝတ်နေရေးနှင့် ဆေးကုသစရိတ် ခက်ခဲနေကြောင်း လိုက်ပါကူညီသူထံမှ သိရသည်။

“အခက်ခဲကတော့ ရှိတယ်၊ သူ့သားသမီးတွေကို အဓိက ရှာကျွေးနေတာ၊ သူ့အမျိုးသမီးကလည်း ဆုံးသွားတာ ၂လလောက်ရှိပြီ၊ မနေ့က မေးကြည့်တာ သူ့လက်ထဲ ပိုက်ဆံ ၂သောင်းပဲရှိတယ်တဲ့၊ ဆေးကုဖို့ရော အခက်ခဲတွေ ရှိနေတယ်” ဟု လိုက်ပါကူညီသည့် လူငယ် အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်တွင် ယခုလ ပထမပတ်ကလည်း မိုင်းပေါက်ကွဲမှုကြောင့် လူငယ် တစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...