ကျောက်မဲမြို့နယ်

ကျောက်မဲမြို့နယ် လောင်းကစားဝိုင်းကြောင့် ပြည်သူများ အိပ်ရေးပျက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းတွင် ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများ အသံဆူညံမှုကြောင့် ဒေသခံ ပြည်သူများ အိပ်ရေးပျက်နေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ် ကုန်းပေါင်းကျေးရွာအနီးရှိ မန္တလေး_ ကျောက်မဲ _ လားရှိုး ကားလမ်းမကြီးတွင် လောင်းကစားဝိုင်းအတွင်း စတိတ်ရှိုးများပါ ဖွင့်လှစ်သည့်အတွက် ပြည်သူများက အိပ်ရေးပျက်နေကြောင်း...

မိုင်းငေါ့မြို့နယ်ခွဲ စစ်ရှောင် (၂) ဦး ယာဉ်တိုက်မှုဖြစ်ပြီး ဆေးကုသရန် အကူအညီလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ မန်ပေါက်ကျေးရွာနေ စစ်ရှောင် (၂) ဦးသည် မိုင်းငေါ့မြို့ သျှမ်းစာပေယဥ်ကျေးမှု ကျောင်းသို့ စားနပ်ရိက္ခာ သွားသယ်ယူရင်း လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားသဖြင့် ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် မန်ပေါက်ကျေးရွာမှ...

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုနဲ့ ပိုကျပ်တည်းလာကြတဲ့ နယ်ခံပြည်သူများ

စစ်အာဏာသိမ်းမှု တစ်နှစ်ခွဲကျော်ကာလအတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်းနဲ့ လူသုံးကုန်ပစ္စည်း ဈေးနှုန်းများ အဆမတန် ကြီးမြင့်မှုဒဏ်ကို မြို့နေလူတန်းစားသာမက နယ်မြို့ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ အခြေခံပြည်သူတွေလည်း ရင်ဆိုင်တွေ့ကြုံနေရပါတယ်။ စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်း မြင့်တက်မှုနဲ့အတူ စက်သုံးဆီ၊ ဆေးဝါးပစ္စည်းများ ပြတ်လပ်မှု၊ ဝင်ငွေရရှိမှု လျော့ပါ့မှု အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု စတဲ့ လူမှုစီးပွားဘဝ...

မိုင်းရှင်းလင်းရေး ဟုဆိုပြီး တစ်နှစ် နီးပါး နေရပ်သို့ မပြန်နိုင်သေး

တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြောင့် တစ်နှစ်နီးပါး စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာအုပ်စုမှာ လက်ရှိချိန်ထိ နေရပ်သို့ မပြန်နိုင်သေးပဲ ဒေသတွင်း မိုင်းလင်းရှင်းရေး အကြောင်းပြချက် နဲ့ လက်နက်ကိုင် တစ်ချို့က နေရပ်သို့ အိမ်ပြန်ခွင့်မပေးကြောင်း နဲ့ ပတ်သက်ပြီး ကျောက်မဲမြို့နယ် စစ်ရှောင်အရေး ဝင်ရောက်ကူညီပေးသူ တစ်ဦး...

ကျောက်မဲမြို့နယ် လောင်းကစားဝိုင်းအပြင် ငါးပစ်ဂိမ်းပါ ထပ်မံတိုးလာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် လောင်းကစားဝိုင်းများအပြင် ငါးပစ်ဂိမ်းများ ပါ ထပ်မံတိုးလာကြောင်း သတင်းသိရသည်။ ယခုရက်သတ္တပတ်အတွင်း ကျောက်မဲမြို့ ရပ်ကွက် ၈ နှင့် တခြားရပ်ကွက်များအတွင်း မူလ ရှိနေပြီးသည့် လောင်းကစားဝိုင်းရုံများအပြင် ငါးပစ်ဂိမ်းများပါ ထပ်မံတိုးချဲ့ဖွင့်လှစ်လာကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အရင်က လေးကောင်ဂျင်တို့၊ ကုံးကင်းတို့ပဲ ရှိတာ...

မိုးရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ် စစ်ရှောင် (၅၀၀) ကျော် အခက်အခဲကြုံတွေ့နေရ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပန်လုံကျေးရွာသစ်မှ စစ်ရှောင်များ (၅၀၀) ကျော်သည် ယခုကာလတွင် မိုးရွာသွန်းမှုကြောင့် အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ရှောင် (၅၀၀) ကျော်သည် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စုမှ စစ်ရှောင်လာသည့်သူများဖြစ်ပြီး နေရပ်သို့ မပြန်နိုင်သေးသဖြင့် ယခု မိုးတွင်းကာလတွင်လည်း အလှူရှင်များနည်းပါးလာမှုကြောင့် အခက်အခဲ...

အုပ်ချုပ်ရေးမှူးများ ခွင့်ပြုချက်ဖြင့် ကျောက်မဲမြို့တွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းတွင် အုပ်ချုပ်ရေးမှူးများ၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းများကို တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့ဖွင့်လှစ်နေကြောင်း သတင်းသိရသည်။ သြဂုတ်လဆန်းပိုင်းမှစတင်ကာ ကျောက်မဲမြို့နယ် အမှတ် (၁) ရပ်ကွက် နှင့် နမ့်ဟူးတောင်းတို့တွင် လောင်းကစားဝိုင်း နေရာသစ်အဖြစ် ဖွင့်လှစ်နေကြပြီး မကြိုက်သည့် ဒေသခံများရှိနေသော်လည်း အုပ်ချုပ်ရေးမှူးခွင့်ပြုချက်ဖြင့် ဖွင့်နေကြသည့်အတွက် ကန့်ကွက်မှု မပြုလုပ်နိုင်ကြောင်း...

ကျောက်မဲ ဒေသခံအယောက် ၂၀ ကျော်ကို TNLA တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှ ဒေသခံ အယောက် ၂၀ ကျော်ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့မှ လာရောက်ဖမ်းဆီးခြင်း ခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက် ည ၁၁ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ် အုမ်းငန်းကျေးရွာအုပ်စု...

ကျောက်မဲမြို့နယ် ပဌာန်းပွဲတွင် လောင်းကစားဝိုင်းလာဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုအုံ (ခိုခမ်း) ကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ပြုလုပ်သည့် အသံမစဲ ပဌာန်းပွဲ၌ လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်မှ စတင်ကာ ကျောက်မဲမြို့နယ် ခုံအုံ (ခိုခမ်း) ကျေးရွာ ဘုန်းကြီးကျောင်းအနီးရှိ အသံမစဲ ပဌာန်းပြုလုပ်နေမှုကို...

ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာအကူအညီများလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု နှင့် သျှမ်းပြည်တောပိုင်းဘက်တွင် ရောက်ရှိနေသည့် ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။ ပြီးခဲသည့် ၂၀၂၁ ခုနှစ်ကတည်းမှ မိုင်းတင်းကျေးရွာအုပ်စုအတွင်းသို့ ရောက်ရှိလာသည့် စစ်ရှောင် ၄၅ ဦးခန့် သည် ဝမ်းစာအတွက် ဒေသအတွင်း အငှားအလုပ်လုပ်ပြီး ဖြေရှင်းနေရကြောင်းနှင့် စားနပ်ရိက္ခာ...

Latest news