မိုင်းငေါ့မြို့နယ်ခွဲ စစ်ရှောင် (၂) ဦး ယာဉ်တိုက်မှုဖြစ်ပြီး ဆေးကုသရန် အကူအညီလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ မန်ပေါက်ကျေးရွာနေ စစ်ရှောင် (၂) ဦးသည် မိုင်းငေါ့မြို့ သျှမ်းစာပေယဥ်ကျေးမှု ကျောင်းသို့ စားနပ်ရိက္ခာ သွားသယ်ယူရင်း လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားသဖြင့် ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် မန်ပေါက်ကျေးရွာမှ စစ်ရှောင် (၂) ဦးသည် မိုင်းငေါ့မြို့ သျှမ်းစာပေယဉ်ကျေးမှုကျောင်းသို့ တစ်လစာအတွက် စားနပ်ရိက္ခာများကို သွားရောက်သယ်ယူရင်း ကွန်ကောက်ကျေးရွာ လမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးဖြင့် တိုက်မိကာ စိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ဆေးကုသရန် အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ

“မိုင်းငေါ့ သျှမ်းစာပေယဉ်ကျေးမှု ကျောင်းမှာ စစ်ရှောင်က စားနပ်ရိက္ခာ သွားသယ်ဖို့ လမ်းမှာ ဆိုင်ကယ်တစ်စီး နဲ့ တိုက်မိတာ။ အမျိုးသား တစ်ယောက်ကတော့ ဦးခေါင်းမှာ စိုးရိမ်ရတဲ့ ထိခိုက်မှုတော့ ရတယ်။ မနေ့က စစ်ရှောင်ကို ကျောက်မဲပြည်သူ့ဆေးရုံကို သွားပို့တော့ လျှပ်စစ်မီးက ပြတ်တော့ လူနာကိုပြန်ယူ လာရတယ်။ ပြီးမှ လားရှိုးဆေးရုံကို သွားပို့ရတာပေါ့ “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသည့် စစ်ရှောင်များမှာ အသက် (၄၂) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး နှင့် အသက် (၃၀) ကျော်ရှိ အမျိုးသမီးတစ်ဦး ဖြစ်ကြပြီး အမျိုးသားမှာ ဆေးဝါးကုသရန်အတွက် ငွေကြေးလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ ကော်မတီတစ်ဦးက ပြောသည်။

“လူနာကတော့ ထိခိုက်ဒဏ်ရာရပြီးတော့ ဆေးရုံကိုပို့ထားတယ်။ သူတို့အတွက် ငွေကြေး အကူအညီတော့ လိုအပ်နေတယ်။ ပြီးတော့လည်း စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေကော လိုအပ်နေတယ် “ ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်တွင် နောင်ချိုမြို့နယ် ဘန့်ကွေးကျေးရွာအနီးတွင်လည်း စစ်ကောင်စီ ကား နှင့် ရဲဝန်ထမ်းမိသားစု ကားတိုက်မိရာမှ ရဲမေတစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...