မိုင်းရှင်းလင်းရေး ဟုဆိုပြီး တစ်နှစ် နီးပါး နေရပ်သို့ မပြန်နိုင်သေး

တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြောင့် တစ်နှစ်နီးပါး စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာအုပ်စုမှာ လက်ရှိချိန်ထိ နေရပ်သို့ မပြန်နိုင်သေးပဲ ဒေသတွင်း မိုင်းလင်းရှင်းရေး အကြောင်းပြချက် နဲ့ လက်နက်ကိုင် တစ်ချို့က နေရပ်သို့ အိမ်ပြန်ခွင့်မပေးကြောင်း နဲ့ ပတ်သက်ပြီး ကျောက်မဲမြို့နယ် စစ်ရှောင်အရေး ဝင်ရောက်ကူညီပေးသူ တစ်ဦး ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဒေဝီ က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာအုပ်စုက လက်ရှိ ရွာတွေလည်း ပျက်သလို လူနေတာတွေလည်းမရှိဘူး။ တိုက်ပွဲလည်း မဖြစ်တော့ ပြည်သူတွေ ဘာကြောင့် ပြန်မနေတာရှင့်။

ဖြေ။ ။ ဘယ်လိုပြောရမလဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင် RCSS နဲ့ SSPP၊ TNLA တို့ကြားထဲက ဖြစ်တဲ့ ပြဿနာတွေ။ အဲ့ဒီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ ရှောင်ထွက်လာတယ်။ နောက်ပိုင်း RCSS က တပ်ဆုတ်ပေးရတဲ့ အနေအထားဖြစ်တယ်။ တပ်ဆုတ်ပြီးတော့ ရွာသားတွေက မပြန်နိုင်ဘူး။ မပြန်နိုင်ဆိုတာကလည်း မပြန်ရဲတာ။ အဲ့ဒါကြောင့်မလို့ ရွာပျက်လို ပုံစံ ဖြစ်နေရတဲ့ အနေအထားရှိတာပေါ့။

မေး။ ။ လက်ရှိ အခြေအနေ ကကော တိုက်ပွဲတွေ ဖြစ်ပွားသေးလားရှင့်။

ဖြေ ။ ။ အခုက တိုက်ပွဲမရှိတော့ဘူး။ တိုက်ပွဲမရှိလည်း တစ်ဖက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေတဲ့အတွက်ကြောင့် ပြည်သူတွေ မပြန်ရဲတဲ့ အနေအထားရှိတယ်။

မေး ။ ။ အိမ်တွေမှာ စာတွေရေးထားတာ တွေ့ရတာကတော့ ရှမ်းဘာသာ စကားမပြောရဘူး။ တခြား တိုင်းရင်းသား ဘာသာစကားပဲပြောရမယ်။ အဲ့လိုတွေ ရေးထားတာ တွေ့ရတယ်။ အဲ့ဒါက ဘယ်ရွာကလဲ မသိဘူးနော်။

ဖြေ။ ။ ကျနော် ကိုယ်တိုင်လဲ မတွေ့ဖူးဘူး။ မတွေ့သေးတာပေါ့နော်။ တိုင်းရင်းသား တစ်ဖက်က တခြား ဘာသာစကားပဲ သင်ရမယ်။ တခြားဘာသာစကားမသင်ရဘူးဆိုတာ ကျနော် မမြင်ဘူးဗျ။ သူများ ပြောတာပဲ ကြားရတယ်။ ပြောချင်တာက ကျနော် ကိုယ်တိုင် ကိုယ်ကျ မမြင်ရဘူး အဲ့ဒါတွေက။

ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာ

မေး။ ။ ခုလက်ရှိ အဲ့ဒီဒေသခံက သူတွေ ဘယ်ရောက်သွားပြီလဲရှင့်။

ဖြေ ။ ။ အဲ့ရွာက ဒေသခံတွေက ကျောက်မဲ စစ်ဘေးရှောင်စခန်းမှာ ရှမ်းစာပေ နဲ့ ယဥ်ကျေးမှုမြေနေရာမှာ လာနေတာရှိတယ်။ အိမ်ငှားနေတာ ရှိတယ်။ တစ်ချို့တွေက တောင်ကြီးဘက် သွားရောက် ခိုလှုံနေတာရှိတယ်။

မေး။ ။ ခုလက်ရှိချိန်ထိ သူတို့ ထွက်ပြေးတာ ဘယ်လောက်ကြာသွားပြီလဲရှင့်။

ဖြေ ။ ။ တစ်နှစ်နီးပါးလောက်ရှိသွားပြီ။ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ် နိုဝင်ဘာလောက်ကတည်းက ထွက်ပြေးခဲ့တာ။ (၁၀) လကျော်ထဲမှာ ရှိနေပြီ။ တစ်နှစ်နီးပါးလောက်ရှိနေပြီ။

မေး။ ။ အခုလက်ရှိ စစ်ရှောင်တွေက ဘယ်လို စားသောက်နေထိုင်နေကြတာလဲ။

ဖြေ ။ ။ ရှမ်းစာပေ ယဥ်ကျေးမှု မြေနေရာမှာ ရောက်နေတဲ့ စစ်ရှောင်တွေကတော့ အဓိက ထောက်ပံ့ထားတာကတော့ (WFP နဲ့ Save the children) ကအဖွဲ့တွေ လာရောက်ထောက်ပံ့တာတွေရှိတယ်။ မြို့ပေါ် အိမ်ငှားလာနေတာကအစ ထောက်ပံ့တာတွေရှိတယ်။ တောင်ကြီးဘက် ရောက်သွားတဲ့ဟာတွေကတော့ ကျနော်တို့ မသိရဘူးဗျာ့။ အဆက်အသွယ်မရဘူး။

မေး။ ။ တိုက်ပွဲ ဖြစ်ပွားတာတွေလည်း မရှိတော့တဲ့အချိန်မှာ ဘာကြောင့် စစ်ရှောင်တွေက မိမိနေရပ်ကို မပြန်သေးတာလဲ။

ဖြေ။. ။ မပြန်နိုင်တဲ့ အကြောင်းအရင်းကလည်း ရှင်းရှင်းပြောရင် အဓိက ကတော့ ဟူးစွန်နယ်တစ်ဝိုက်က ထွက်ပြေးတိမ်းရှောင်လာတဲ့ နယ်တစ်ဝိုက်မှာ တစ်ချိန်တုန်းက RCSS က တပ်ချထားတဲ့နေရာ ရှိတယ်။ တပ်ချထားတဲ့ အနေအထားရှိခါကျတော့ တစ်ဖက်က တိုင်းရင်းသားလက်နက်ကိုင် ပြန်ဝင်လာတဲ့ခါကျတော့ မလုံ ကြတာပေါ့နော်။ မလုံတော့ မပြန်ရဲကြတဲ့ အနေအထားရှိတာပေါ့နော်။ တစ်ဖက်က ရှိနေတဲ့ SSPP နဲ့ TNLA ကလည်း သူတို့ကို ချိတ်ဆက်မေးမြန်းတဲ့အချိန်ကျတော့ သူတို့ မိုင်းရှင်းလင်းရေးတွေ လုပ်နေပါတယ်။ ဘာညာ အဲ့ဒီအကြောင်းပြချက်နဲ့ ပေးမပြန်တဲ့အနေအထားမှာ ရှိနေပါတယ်။


မေး။ ။ သဘောကတော့ SSPP နဲ့ TNLA တို့က ပေးမပြန်သေးတာလား။

ဖြေ ။ ။ တစ်ဖက်ကတော့ ပြန်ကြည့်တယ်။ အပေါ်ကတော့ ကျနော်တို့ SSPP တို့ TNLA တို့နဲ့ ညှိနှိုင်းဆောင်ရွက်နေဆဲပါ။ တစ်ဖက်အသံ မေးကြည့်လိုက်တဲ့ချိန်ကျတော့လည်း မိုင်းရှင်းလင်းရေးတွေ လုပ်နေတာတွေ အဲ့ဒါတွေ အကြောင်းပြချက်နဲ့ လောလောဆယ် ပြန်လို့မရတဲ့ အနေအထားမှာ ရှိနေပါတယ်။

ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာ

မေး။ ။ ဟူးစွန်ကျေးရွာကို ပြန်မယ်ဆိုရင် သျှမ်းဘာသာ စကားမပြောရဘူး။ တခြားဘာသာစကားပဲ ပြောရမယ်ဆိုတာ ပြောသံတွေကြားနေရတယ်။ အဲ့ဒါ ဟုတ်ပါသလား။

ဖြေ။ ။ အဲ့ဒါတော့ ကျနော်တို့လည်း မကြားရဘူး။ တောင်ပေါ်ဒေသပြန်တယ်။ ကိုယ့်ရပ်ရွာကို ပြန်လို့ရှိရင် တခြားဘာသာ စကားပြောရမယ်ဆိုတာ အပြင်က အပြောပဲ ရှိကြတာ။ ဘယ်လိုပြောမှာတုန်းဆိုတော့ ဒါက ခြိမ်းခြောက်တဲ့ဟာဖြစ်ရင်လည်း ဖြစ်ကောင်းဖြစ်မယ်။ ကိုယ်ကိုယ်တိုင် ကိုယ်ကျတော့ မြင်ခဲ့ရတယ်။ တွေ့ခဲ့ရတယ်ဆိုတာ မရှိပါဘူး။

မေး ။ ။ ကျောက်မဲ သျှမ်းစာပေမှာဆိုရင် အခု စစ်ရှောင်လူဦးရေက ဘယ်လောက် ရှိသွားပြီလဲရှင့်။

ဖြေ။ ။ အိမ်ထောင်စု အနေနဲ့ (၅၄) စု ရှိတယ်။ ကျား၊ မ လူငယ် လူကြီး အကုန်လုံး (၁၈၅) ရှိတယ်။

မေး။ ။ သူတို့ပြန်ဖို့ အစီအစဥ် က ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ ပြန်တော့ ပြန်ချင်ပါတယ်။ ခဏက ကျနော် ပြောသလို အနောက်မှာက မိုင်းရှင်းလင်းရေးတွေ လုပ်ရမယ့် ကိစ္စတွေရှိတယ်။ ပြီးခဲ့တဲ့ (၃) လ (၄) လ တုန်းကဆို အိမ်ပြန်ကြည့်တဲ့သူတွေရှိတယ်။ ပြန်လို့မရတဲ့ အနေအထားရှိတယ်။ မိုင်းရှင်းလင်းလုပ်ဖို့လိုတယ်။ ၂ ဘက်အဖွဲ့အစည်း ညှိနှိုင်းဆောင်ရွက်နေဆဲပါ။ သူတို့ အကြောင်းပြချက်က ဒါပါပဲ။

မေး။ ။ အခုချိန်ထိ စစ်ရှောင်တွေက ရွာတွေ မပြန်ဘဲနဲ့ စစ်ရှောင်စခန်းမှာ နေရတာ ဘယ်လို အခြေနေရှိလဲရှင့်။

ဖြေ ။ ။ အိမ်ပြန်လို့မရသေးတဲ့ အနေအထား။ ပြန်ကြည့်တယ် ပြန်လို့မရဘူး။ ပြန်လို့မရတဲ့ အနေအထားက ခနက ပြောသလိုပါပဲ။ သူတို့က ပြန်ချင်တာပေါ့လေ။ ကိုယ့်ရပ် ကိုယ့်ရွာ သူတို့ကတော့ ပြန်ချင်ကြတယ်။ ဒါပေမယ့် ပြန်လို့မရတဲ့အနေအထားရှိတဲ့အတွက်ကြောင့်မလို့ သူတို့အတွက် အခက်အခဲပါပဲ။ အခုကတော့ ငြိမ်သက်နေတာပေါ့နော်။ တောင်ပေါ်ဒေသလည်း တိုက်ပွဲမရှိခဲ့ဘူး။ ငြိမ်နေတဲ့အနေအထားရှိနေတာပေါ့နော်။ ဒါပေမယ့် မပြန်ရဲကြတာ။

ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာ

မေး။ ။ မပြန်ရဲဘူးဆိုတော့ ဟူးစွန်ကျေးရွာဘက်မှာ ဘယ်တိုင်းရင်းသားလက်နက်ကိုင်တွေ သွားလာလှုပ်ရှား နေကြ တာလဲရှင့်။

ဖြေ။ ။ အဓိက ကတော့ TNLA နဲ့ SSPP တို့ လှုပ်ရှားရာ ဒေသပေါ့နော်။

မေး။ ။ သက်ဆိုင်ရာ တပ်ဖွဲ့ကကော ရွာသားတွေ ပြန်ဖို့အတွက် လာပြောတာတွေရှိပါသလား။

ဖြေ ။ ။ အခုချိန်ထိတော့ SSPP ကတော့ အစောပိုင်း တုန်းကတော့ လာပါတယ်။ ဒါပေမယ့် လာတယ်ဆိုပေမယ့်လည်း အမြဲတမ်း အစီရင်ခံစာတင်နေရတယ်။ အနေအထားမှာရှိတယ်။ ခုချိန်ထိတော့ အကြောင်းပြန်ကြားဖို့က မရှိသေးဘူး။ စာရင်းလာကောက်တယ်။ သူတို့က အိမ်ပြန်ချင်လား ဘာညာ မေးမြန်းတာတွေတော့ရှိတယ်။ အခုချိန်ထိ အကြောင်းပြန်ကြား တာတော့ မရှိဘူး။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ ။ ။ နေရာ ဒေသ အေးချမ်းပြီး တည်ငြိမ်သွားပြီဆိုလို့ရှိရင် အဓိက ကတော့ ပြည်သူတွေ နေရပ်ပြန်နိုင်ဖို့အတွက် အဓိက စိတ်ပါဝင်စားပြီးတော့ ကူညီဆောင်ရွက်ပေးဖို့ ဘယ်အဖွဲ့အစည်းမဆို ပြောချင်ပါတယ်။

အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...