ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာအကူအညီများလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု နှင့် သျှမ်းပြည်တောပိုင်းဘက်တွင် ရောက်ရှိနေသည့် ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။

ပြီးခဲသည့် ၂၀၂၁ ခုနှစ်ကတည်းမှ မိုင်းတင်းကျေးရွာအုပ်စုအတွင်းသို့ ရောက်ရှိလာသည့် စစ်ရှောင် ၄၅ ဦးခန့် သည် ဝမ်းစာအတွက် ဒေသအတွင်း အငှားအလုပ်လုပ်ပြီး ဖြေရှင်းနေရကြောင်းနှင့် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း မိုင်းတင်းရွာခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒေသအတွင်း ကောက်စိုက် အငှားအလုပ်လုပ်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရတယ်၊ အလုပ်မရှိတဲ့ ရက်တွေကျတော့ အရင်က အလှူရှင်တွေထောက်ပံ့ထားတဲ့ ဆန်၊ ဆီ၊ ဆားတွေကိုဝေမျှပြီးစားသောက်နေကြ ရတယ်” ဟု အထက်ပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲစစ်ရှောင်စခန်း တစ်နေရာ

လက်ရှိ စစ်ဘေးရှောင်များသည် မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ခွဲ နှင့် နားမွန်း အမက ကျောင်းတို့တွင် ခိုလှုံနေထိုင်ကြရပြီး အလုပ်ရှားပါး မရှိသည့်အချိန်တွင် စားနပ်ရိက္ခာ အလွန် ခက်ခဲကြောင်း သတင်းသိရသည်။

ထို့အပြင် သျှမ်းတောင်ပိုင်း ရပ်စောက် နှင့် တောင်ကြီးမြို့နယ်အတွင်း ရောက်ရှိလာသည့် ကျောက်မဲဘက်မှ စစ်ဘေးရှောင်များလည်း ဝမ်းစာ လုပ်ကိုင်စားသောက်ရေးအတွက် ခက်ခဲနေကြောင်းလည်း သတင်းသိရသည်။

“သျှမ်းတောင်ဘက် စစ်ရှောင်လာတဲ့ ကျောက်မဲဒေသခံတွေ အခြေချနေထိုင်ဖို့ နဲ့ ဝမ်းစာရှာဖွေ စားသောက်ရေး တွေ အရမ်းခက်ခဲနေကြတယ်၊ တော်တော်များများက လက်ဖက်လုပ်ငန်း အလုပ်လုပ်ခဲ့ကြသူတွေဖြစ်ကြတယ် ဆိုတော့အခုလို နေရာအသစ်မှာ ပြောင်းတို့လိုမျိုး မြေပြန့်စိုက်ပျိုးရေးလုပ်ငန်းတွေက သူတို့အတွက် စိန်ခေါ်မှု ဖြစ်လာတယ်” ဟု စစ်ရှောင်များကူညီပေးနေသည့် တောင်ကြီးမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့၏ တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်မှ ဒေသခံပြည်သူများစွာတို့သည် ယနေ့ထက်တိုင် နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေဆဲဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...