Monday, April 29, 2024

ကိုဗစ်

သျှမ်းပြည်တွင်းကိုဗစ်-၁၉ အတည်ပြုလူနာ ရ၀၀ ကျော်ရှိ

သျှမ်းပြည်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၇၂၀)ရှိကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၁၃) ရက် စာရင်းအရ သျှမ်းပြည်တွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၇၂၀) ဦး ၊ သေဆုံးသူ (၃) ဦး နှင့် ဆေးရုံမှ ဆင်းခွင့်ရသူ (၅၁၇)...

သီပေါတွင် အရက်မူးပြီး မိသားစုဝင်များ၏ဆိုင်ကယ်များအား မီးရှို့မှုဖြစ်ပွါး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း အမူးသမားတစ်ဦးက မိမိဆိုင်ကယ် (၃) စီးကို ပြန်လည်မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ် ညောင်ကိုးပင်ရွာတွင် ဒီဇင်ဘာ (၁၃) ရက် မွန်းလွဲ (၁၂) နာရီဝန်းကျင်ခန့်က အရက်သောက်ထားသည့်လူတစ်ဦး နေအိမ်အဆာက်အဦး ရှေ့ခြံဝင်းအတွင်း မိသားစုဝင်များ၏ ဆိုင်ကယ် (၃) စီး စုပုံပြီး...

ကျန်းမာရေးလိုက်နာမှုအားနည်းသောကြောင့် တောင်ကြီးတွင် ကိုဗစ် ၁၉ လူနာ ၁၁၇ ထိတိုးလာ မြို့နယ်ကျန်းမာရေးပြော

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ ကိုဗစ် ၁၉ လူနာ ၁၁၇ ဦးရှိပြီကြောင်း စုံစမ်းသိရှိရသည်။ လူနာ ၁၁၇ အနက် ဆေးရုံ၌ဆေးကုသမှုခံယူနေသည့်ကိုဗစ် ၁၉ အတည်ပြုလူနာ ၂၅ ဦးကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာမိုးထွန်းက သျှမ်းသံတော်ဆင့်...

သျှမ်းပြည်တွင် ကိုဗစ်ကူးစက်သူ ၆၀၀ ကျော်တိုးလာ

သျှမ်းပြည်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ(၆၅၀) ကျော် ရှိကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၁၀) ရက်နေ့ထိ စာရင်းအရ သျှမ်းပြည်တွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၆၅၅) ဦး၊ သေဆုံးသူ ၃ ဦး နှင့် ဆေးရုံမှ ဆင်းခွင့်ရသူ (၄၄၅)...

တာချီလိတ်မြို့ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၆ဦးထပ်တွေ့ စုစုပေါင်း ၉၀ ကျော်ရှိ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့လည်ပိုင်းအချိန်ထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၆ ဦးထပ်မံတွေ့ရှိကြောင်းစုံစမ်းသိရှိသည်။ ထိုပိုးတွေ့၆ ဦးတွင် ထိုင်းနိုင်ငံမှ တရားမဝင်ရောက်ရှိလာသော သူများထဲမှ ၂ ဉီးဖြစ်ကြောင်း သိရသည်။ “ ဒီနေ့တော့ ၆ ယောက်ရှိပြီ။ မန်းရံကျေးရွာကပါ။ သူတို့က...

လားရှိုးဆေးရုံတွင်ကိုဗစ်အတည်ပြုအမျိုးသမီးတဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာလ ၁၀ ရက် ယနေ့မနက်အစောပိုင်းက သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စု တာပုလဲ (တာ့ဖာလိုင်း)ကျေးရွာနေ အသက် (၃၈) နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးဖြစ်ပြီး ကိုဗစ်ပိုးအတည်ပြုထားသည့် ခရီးသွားရာဇဝင်မရှိသူတဦးဖြစ်သည်။ သို့သော် ၄င်းသည်...

တောင်ကြီးမြို့ ပိုးတွေ့လူနာများသည့် မင်္ဂလာဉီးရပ်ကွက်တွင် Stay at Home များနေထိုင်စားသောက်ရေးခက်ခဲ

သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်တွင် ကျန်းမာရေးမှထုတ်ပြန်ထားသော ဒီဇင်ဘာ ၁၃ ရက်နေ့တွင်ပြီးဆုံးမည့် Stay Home ကာလ   ဒေသခံများစားသောက်ရေးခက်ခဲနေကြောင်းသိရသည်။ မင်္ဂလာဦးရပ်ကွက်တွင် နိုဝင်ဘာ ၁၉ ရက်နေ့မှ စတင်ဖွင့်လှစ်သည့် Quarantine စင်တာတွင်  ၀င်ထားသူစုစုပေါင်း ၁၁၃ ဦးအနက် ဒီဇင်ဘာ ၉ ရက်နေ့အထိ   ၄၅ ဦးကျန်မည်ဖြစ်ကြောင်းသိရသည်။ ...

ကိုဗစ်ကူးစက်မှုမြင့်နေသေးသည့် တာချီလိတ်မြို့တွင် စျေးများ မနက် ၁၀ နာရီအထိသာရောင်းချခွင့်ပြု

ကိုဗစ်ကူးစက်မှုနှုန်း မြန်ဆန်သော သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စျေးများကို မနက် ၁၀  နာရီထိသာရောင်းချခွင့်ပြုတော့မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ တာချီလိတ်မြို့တွင်းရှိ ဈေးများအားလုံး ဒီဇင်ဘာ ၈ ရက်နေ့မှစတင်ပြီး မနက်ဈေးအဖြစ်သာရောင်းချခွင့် ပြုသွားတော့မည် ဖြစ်ကြောင်းသိရသည်။ “ ဒီမှာက မနက် ၁၀ နာရီထိဘဲရောင်းချခွင့်ပြုတော့မှာ။ နေ့လည်ဈေးနဲ့ ညဈေးက မရှိတော့ဘူးပေါ့။ တာချီလိတ်မှာက...

တောင်ကြီး စဝ်စံထွန်း ဆေးရုံမှ ကိုဗစ်ပိုးတွေ့ ကျန်းမာရေးဝန်ထမ်း ၆ ဦးနှင့်ထိတွေ့သူ ၁၂၀ ခန့်ရှိ

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများကို ကူညီရန် သွားရောက်သည့် တောင်ကြီး သူနာပြု (၆) ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီး ၄င်းတို့နှင့် ထိတွေ့ဆက်စပ်သူ (၁၂၀) ဝန်းကျင်ရှိကြောင်း စဝ်စံထွန်းဆေးရုံမှ စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၃) ရက် ညပိုင်းကတောင်ကြီးမှ ထွက်ခွာခဲ့ပြီး ...

၂ ပတ်အတွင်း သျှမ်းပြည်အရှေ့ပိုင်းတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁၀၄ ဦးအထိရှိလာ

သျှမ်းပြည်အရှေ့ပိုင်းတွင် ၂ ပတ်အတွင်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၁၀၄ ဦးရှိလာကြောင်း စုံစမ်းသိရှိရသည်။ ထိုအနက်တာချီလိတ်မြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာအများဆုံးရှိ နေသဖြင့်လမ်းပန်းဆက်သွယ်ရေးနှင့်အသွားအလာကန့်သတ်မှုလည်းအများဆုံးရှိနေသည်ဟုသိရသည်။ “သျှမ်းအရှေ့မှာ တာချီလိတ်က ၇၅ယောက်၊ မိုင်းတုံ ၇ယောက်၊ မိုင်းယောင်း ၇ယောက်၊ မိုင်းပျဉ်း ၃ ယောက်၊ မိုင်းယန်း...

Latest news