တောင်ကြီးမြို့ ပိုးတွေ့လူနာများသည့် မင်္ဂလာဉီးရပ်ကွက်တွင် Stay at Home များနေထိုင်စားသောက်ရေးခက်ခဲ

သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်တွင် ကျန်းမာရေးမှထုတ်ပြန်ထားသော ဒီဇင်ဘာ ၁၃ ရက်နေ့တွင်ပြီးဆုံးမည့် Stay Home ကာလ   ဒေသခံများစားသောက်ရေးခက်ခဲနေကြောင်းသိရသည်။

မင်္ဂလာဦးရပ်ကွက်တွင် နိုဝင်ဘာ ၁၉ ရက်နေ့မှ စတင်ဖွင့်လှစ်သည့် Quarantine စင်တာတွင်  ၀င်ထားသူစုစုပေါင်း ၁၁၃ ဦးအနက် ဒီဇင်ဘာ ၉ ရက်နေ့အထိ   ၄၅ ဦးကျန်မည်ဖြစ်ကြောင်းသိရသည်။   

“  ကျနော်တို့ရပ်ကွက်မှာ Quarantine စင်တာစဖွင့်ချိန်ကနေခုထိ ကွာရတင်း၀င်သူစုစုပေါင်း  ၁၁၃ ယောက်ရှိပြီဖြစ်ပါတယ်။  ကွာရတင်းအခန်း  ၁၅ ခန်းရှိပါတယ်။ တစ်ခန်းကို ၆ယောက်ထားပါတယ်။ ရက်ပြည့်တဲ့သူတွေထွက်သွားပြီး ဒီနေ့ထိကတော့ ၄၅ ယောက်ကျန်ပါတယ်” ဟု မင်္ဂလာဦးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းဝေက သျှမ်းသံတော်ဆင့်ကို ပြောသည်။

  Quarantine Center ဝင်နေသူများအတွက် အခက်ခဲမရှိ  ဟုဆိုသော်လည်း Stay home ရပ်ကွက်ပြည်သူများအတွက် အခက်ခဲအနည်းငယ် ရှိကြောင်း သိရသည်။

“ Quaratine စင်တာမှာကတော့ စားသောက်မှုတွေကလုံလောက်မှုရှိတယ်။ Stay Home နေကြတဲ့ရပ်ကွက်သူတွေကတော့ ကျနော် တို့ဖက်ကနေပြီးတော့ မထောက်ပံ့နိုင်ဘူး။ ဒါပေ့မဲတော့ မြို့ဦးကျောင်းမှာက‌တော့ ဆန်၊ဆီ၊ဆား၊ကုလားပဲ၊ကြက်သွန်နီပစ္စည်း ၅ မျိုးနဲ့တော့ထောက်ပံ့တာပေါ့” ဟု ဉီးခွန်ထွန်းဝေ ကပြောသည်။

မင်္ဂလာဉီးရပ်ကွက်တွင်  နိုဝင်ဘာ ၁၇ ရက် ဂိမ်းဆိုင်မှ တစ်ဆင့်မှ  ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၇ ဦးထိ ပြန့်ပွါးတွေ့ရှိခဲ့ကြောင်းသိရသည်။ ထိုအတွက် မင်္ဂလာဉီးရပ်ကွက်အားနိုဝင်ဘာ ၂၉ ရက်နေ့မှစပြီး Stay Home ကာလ အဖြစ်သတ်မှတ်ခဲ့ပြီး လာမည့် ဒီဇင်ဘာ ၁၃ ရက်နေ့မှသာ  Stay Home ကာလ ပြီးဆုံးမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

တောင်ကြီးတွင် Kpay ပြေစာအတုပြပြီး ငွေလိမ်လည်ထုတ်ယူမှုရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Kpay ပြေစာအတုပြပြီး ‌ငွေလိမ်လည်ထုတ်ယူသူ များလာသဖြင့် ဈေးဆိုင်အချို့ အခက်တွေ့နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှ ဈေးဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ငွေသွင်းပြေစာအတုများကို ဆိုင်ရှင်အားပြ၍ ငွေကျပ် သိန်း(၃၀) ထုတ်ယူသွားခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

တောင်ကြီးတွင် အီးစီးကရက် မှောင်ခိုရောင်းဝယ်မှု ကြီးထွားနေဆဲ ၊ ဈေးနှုန်းနှစ်ဆမြင့်တက်

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အီးစီးကရက် (E- cigarette) နှင့် ပတ်သက်ပြီး အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း မှောင်ခိုရောင်းဝယ်မှုများ ဆက်လက်ရှိနေပြီး ဈေးနှုန်းများလည်း ယခင်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့တွင် အီးစီးကရက် ရောင်းချသူများနှင့် သုံးစွဲသူများကိုပါ ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့်...

မိန်းကလေးငယ်ကို ကျပ်တစ်သိန်းဖြင့် လူကုန်ကူးခဲ့သည့် ပွဲစားများ

0
“အဓိက အလုပ်ရှာရင်းနဲ့ ရောင်းစားခံရတာပေါ့ကွာ။ သူတို့ကို အလုပ်ရှာပေးမယ်၊ လစာကောင်းကောင်းပေးမယ် ပြောပြီး ရောင်းစားလိုက်တာ”ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီးက ပြောသည်။ ပြီးခဲ့သည့် ဇွန် ၁၃ရက် တွင် တောင်ကြီးမြို့နေ အသက် (၁၆)နှစ် အရွယ်နှင့် အသက် (၁၇)နှစ်အရွယ် မိန်းကလေး နှစ်ဉီးသည် အလုပ်ရှာဖွေရန် ရွှေညောင်မြို့သို့...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...