Tuesday, January 27, 2026

တောင်ကြီးမြို့ ပိုးတွေ့လူနာများသည့် မင်္ဂလာဉီးရပ်ကွက်တွင် Stay at Home များနေထိုင်စားသောက်ရေးခက်ခဲ

သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်တွင် ကျန်းမာရေးမှထုတ်ပြန်ထားသော ဒီဇင်ဘာ ၁၃ ရက်နေ့တွင်ပြီးဆုံးမည့် Stay Home ကာလ   ဒေသခံများစားသောက်ရေးခက်ခဲနေကြောင်းသိရသည်။

မင်္ဂလာဦးရပ်ကွက်တွင် နိုဝင်ဘာ ၁၉ ရက်နေ့မှ စတင်ဖွင့်လှစ်သည့် Quarantine စင်တာတွင်  ၀င်ထားသူစုစုပေါင်း ၁၁၃ ဦးအနက် ဒီဇင်ဘာ ၉ ရက်နေ့အထိ   ၄၅ ဦးကျန်မည်ဖြစ်ကြောင်းသိရသည်။   

“  ကျနော်တို့ရပ်ကွက်မှာ Quarantine စင်တာစဖွင့်ချိန်ကနေခုထိ ကွာရတင်း၀င်သူစုစုပေါင်း  ၁၁၃ ယောက်ရှိပြီဖြစ်ပါတယ်။  ကွာရတင်းအခန်း  ၁၅ ခန်းရှိပါတယ်။ တစ်ခန်းကို ၆ယောက်ထားပါတယ်။ ရက်ပြည့်တဲ့သူတွေထွက်သွားပြီး ဒီနေ့ထိကတော့ ၄၅ ယောက်ကျန်ပါတယ်” ဟု မင်္ဂလာဦးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းဝေက သျှမ်းသံတော်ဆင့်ကို ပြောသည်။

  Quarantine Center ဝင်နေသူများအတွက် အခက်ခဲမရှိ  ဟုဆိုသော်လည်း Stay home ရပ်ကွက်ပြည်သူများအတွက် အခက်ခဲအနည်းငယ် ရှိကြောင်း သိရသည်။

“ Quaratine စင်တာမှာကတော့ စားသောက်မှုတွေကလုံလောက်မှုရှိတယ်။ Stay Home နေကြတဲ့ရပ်ကွက်သူတွေကတော့ ကျနော် တို့ဖက်ကနေပြီးတော့ မထောက်ပံ့နိုင်ဘူး။ ဒါပေ့မဲတော့ မြို့ဦးကျောင်းမှာက‌တော့ ဆန်၊ဆီ၊ဆား၊ကုလားပဲ၊ကြက်သွန်နီပစ္စည်း ၅ မျိုးနဲ့တော့ထောက်ပံ့တာပေါ့” ဟု ဉီးခွန်ထွန်းဝေ ကပြောသည်။

မင်္ဂလာဉီးရပ်ကွက်တွင်  နိုဝင်ဘာ ၁၇ ရက် ဂိမ်းဆိုင်မှ တစ်ဆင့်မှ  ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၇ ဦးထိ ပြန့်ပွါးတွေ့ရှိခဲ့ကြောင်းသိရသည်။ ထိုအတွက် မင်္ဂလာဉီးရပ်ကွက်အားနိုဝင်ဘာ ၂၉ ရက်နေ့မှစပြီး Stay Home ကာလ အဖြစ်သတ်မှတ်ခဲ့ပြီး လာမည့် ဒီဇင်ဘာ ၁၃ ရက်နေ့မှသာ  Stay Home ကာလ ပြီးဆုံးမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံကို ဆိုင်ခန်းဆောက်လုပ်မည့်ကိစ္စ မြို့ခံများကန့်ကွက်

0
သျှမ်းပြည် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို စစ်ကော်မရှင် လက်အောက်ခံ စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီတို့ ပူးပေါင်းကာ “ပန်းခြံစည်ကားသာယာလှပေစရန်” အမည်တပ်ပြီး ဆိုင်ခန်းဆောက်လုပ်ရောင်းစားရန် စီစဉ်နေကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ တောင်ကြီးမြို့တွင် အများပြည်သူအပန်းဖြေရန် တစ်နေရာသာကျန်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို လူနေဆိုင်ခန်းတွဲများ ဆောက်လုပ်ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်...

တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade...
Taunggyi_Polling_Stations

တောင်ကြီးမြို့နယ်တွင် မဲပေးနည်းနှင့် မဲရုံမသိ၍ မဲပေးသူနည်းပါး

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ကျေးရွာဘက်တွင် မည်သို့ ရွေးချယ်မဲပေးရမည်ကို မသိခြင်း၊ မည်သည့် မဲရုံတွင် မဲပေးရမည်ကို မသိခြင်းတို့ကြောင့် ဆန္ဒမဲပေးသူ နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ တောင်ကြီး၊ ဟိုပုံး၊...