Tuesday, April 16, 2024

ကိုဗစ်

သီပေါကျေးလက်တချို့တွင် မဲဆန္ဒရှင်များ Social Distancing မလုပ်နိုင်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျေးလက်တချို့ ရှိ မဲရုံများ ၌ မဲဆန္ဒရှင်ကျေးလက်လူထု ပြည့်ကျပ်တို၀ှေ့ကာ  ၃ ပေ ၆ပေအကွာ မခြားနိုင်ခဲ့ကြကြောင်းသိရသည်။ သီပေါမြို့နယ် နားမခေါ်အုပ်စုရှိ နားမခေါ်ရွာ မဲရုံ ၁၀၁၊ ၁၀၂ နှင့် နမ့်လန် ကောင်းလန်းရွာ မဲရုံအမှတ် ၇ တို့တွင် မဲဆန္ဒရှင်များ...

ကိုဗစ်ကာကွယ်ရေးRCSS/SSA ထိန်းချုပ်သည့်ကျေးလက်များအတွင်း ပြင်ပလူ၀င်ထွက်သွားလာခွင့်မပြု

မြန်မာနိုင်ငံတွင်ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားလာပြီး သေဆုံးမှုလည်းများပြားလာသည့်အတွက် ကျေးလက်နေလူထု ကျန်းမာရေးအလေးထားကာ မိမိထိန်းချုပ်လှုပ်ရှားရာဒေသ ကျေးလက်များအတွင်း ပြင်ပလူ၀င်ထွက်သွားလာမှုကိုဟန့်တားထားကြောင်း RCSS/SSA က ကြေညာချက်တစောင်ထုတ်ပြန်လိုက်သည်။ အချက် ၆ ချက်ပါ RCSS/SSA ၏ အဆိုပါကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်သည့် ကြေညာချက်ကို အောက်တိုဘာလ ၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး၊ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းမည့်ပါတီများအနေဖြင့် ကျန်းမာရေးဌာနမှထုတ်ပြန်သော စည်းကမ်းချက်များအတိုင်း...

မြန်မာကိုဗစ်ဂယက် ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားနေထိုင်ရေးခက်

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကိုဗစ်နိုင်တင်း ရောဂါ ကူးစက်ပျံ့နှံ့မှု ထိုင်းသို့ ကူးစက်ခြင်းမပြုနိုင်စေရန်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား နေထိုင်ရာသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လာနေသည်။ စက်တင်ဘာလ လယ်ပိုင်းမှစ၍ ယနေ့အထိ ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပွန်း၊ လမ်းပန်း၊ ချင်းမိုင်၊ ချင်းရိုင်းခရိုင်အတွင်း ကိုဗစ်နိုင်တင်းရောဂါ ထိန်းချုပ်ရန်၊ ထိုရောဂါထိန်းချုပ်နိုင်ရေးအတွက် မြန်မာပြည်မှ လာသည့် ရွှေ့ပြောင်းအလုပ်သမား...

ကိုဗစ် ၁၉ ကြား သျှမ်းလွှတ်တော် ယနေ့ စတင်

ယနေ့ ပြန်လည်ခေါ်ယူကျင်းပသည့် သျှမ်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေး ကို ကျန်းမာရေး ဌာနက ထုတ်ပြန်ထားသည့်အတိုင်းလွှတ်တော်အမတ်များ တစ်ဦးနှင့်တဉီး  ၆ ပေ အကွာ ထိုင်ပြီး အစည်းအဝေး တက်ရောက်ကြကြောင်း သိရသည်။ ယနေ့ မေလ ၁၈ ရက် တွင် စတင်ကျင်းပသည့် အထူးအစည်းအဝေး တက်ရောက်ချိန်တွင်...

ကိုဗစ်ကြောင့် အင်းလေးကန်ရှိ စားသောက်ဆိုင်ရှင်များ အကြွေးနှင့် ရင်ဆိုင်နေရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် စားသောက်ဆိုင် ပိုင်ရှင်များ အကြွေး နှင့် ရင်ဆိုင်နေရကြောင်း စုံစမ်း သိရှိရသည်။ ကိုဗစ် -၁၉ ကြောင့် ခရီးသွားလာမှု တစ်လကြာပိတ်ထားသည့် အတွက် ခရီးသွားများကို မှီတင်းစားသုံးနေသည့် အင်လေးကန်ရှိ စားသောက်ဆိုင်များ အကြွေးနှင့် ရင်ဆိုင်နေရပြီး၊ စိုးရိမ်မှုများစွာရှိကြောင်း...

ကိုဗစ်မွေးရပ် ဝူဟန်တွင်အကျဉ်းကျသူ မြန်မာနိုင်ငံသားများ မူဆယ်နယ်စပ်ဂိတ်သို့ ပြန်ရောက်

ကိုဗစ် -၁၉ စတင်ဖြစ်ပွားရာ တရုတ်ပြည် ဝူဟန်မြို့တွင် အကျဉ်းကျသည့် မြန်မာနိုင်ငံသား ၂၆၀ ကျော် ယနေ့ မနက်ပိုင်းက သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သို့ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထောင်ချခံရသည့် မြန်မာနိုင်ငံသား ၂၆၀ ကျော် အား မေလ ရ ရက် ယနေ့မနက်ပိုင်း...

ကိုဗစ်ကြောင့် နယ်စပ် ခြံစိုက်တောင်သူ အကြွေးသောက

ပြောင်းဖူးတင်ဆောင်ထားသည့် ထော်လဂျီ အစီးပေါင်း ရာချီ သည် တရုတ်ပြည် ကို သွားရောင်းချရန် အတွက် နေ့စဉ်နဲ့ အမျှ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေကြသည်။ ထိုစောင့်ဆိုင်းနေသည့် ထော်လာဂျီ ရာချီများသည် သျှမ်းပြည် မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ် မူဆယ် နှင့် နမ့်ခမ်း တလျောက် ရှိ...

RCSS/SSA ကိုဗစ် တိုက်ဖျက်ရေး ဆေးတပ်အား အစိုးရတပ် လိုက်လံတိုက်ခိုက်

သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ် အတွင်း ကိုဗစ် ၁၉ နှင့်ပတ်သက်ပြီးကျေးလက်အတွင်း ကွင်းဆင်းဆေးစစ်မှု ပေးနေသော RCSS/SSA တပ်နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။   ဧပြီလ ၁၂ ရက် ညနေ ၃ နာရီဝန်းကျင်က မိုင်းပန်မြို့နယ် နားဝန် ကျေးရွာ အနီးတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး...

Latest news