ကိုဗစ်ကာကွယ်ရေးRCSS/SSA ထိန်းချုပ်သည့်ကျေးလက်များအတွင်း ပြင်ပလူ၀င်ထွက်သွားလာခွင့်မပြု

မြန်မာနိုင်ငံတွင်ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားလာပြီး သေဆုံးမှုလည်းများပြားလာသည့်အတွက် ကျေးလက်နေလူထု ကျန်းမာရေးအလေးထားကာ မိမိထိန်းချုပ်လှုပ်ရှားရာဒေသ ကျေးလက်များအတွင်း ပြင်ပလူ၀င်ထွက်သွားလာမှုကိုဟန့်တားထားကြောင်း RCSS/SSA က ကြေညာချက်တစောင်ထုတ်ပြန်လိုက်သည်။

အချက် ၆ ချက်ပါ RCSS/SSA ၏ အဆိုပါကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်သည့် ကြေညာချက်ကို အောက်တိုဘာလ ၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး၊ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းမည့်ပါတီများအနေဖြင့် ကျန်းမာရေးဌာနမှထုတ်ပြန်သော စည်းကမ်းချက်များအတိုင်း တိတိကျကျလိုက်နာရန် ဟူသောအချက်ပါရှိပါသည်။

၄င်းနှင့်ပတ်သက်ပြီး RCSS/SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး အုမ်ခေးက- “ကိုဗစ်-၁၉ ရောဂါကူးစက်မှုက အရမ်းပြင်းထန်နေပါတယ်။ ကျေးလက်ရပ်ရွာထဲကွင်းဆင်းစည်းရုံးရေးဆင်းမယ့်ပါတီတွေအနေနဲ့လည်း လူထုရဲ့ ကျန်းမာရေးကိုအဓိက အလေးထားရမယ်။ ကွင်းဆင်းမှစည်းရုံးနိုင်တာမဟုတ်ပါဘူး။ အခုဆိုရင် အွန်လိုင်းကနေ စည်းရုံးရေးလုပ်နေကြတာလည်းတွေ့ရတယ်။ အခက်အခဲလေးတွေတော့ရှိမှာပေါ့နော်။ ဒါပေမယ့်အလုပ်မဖြစ်တဲ့အထိ တော့မဖြစ်ပါဘူး။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ကြေငြာချက်တွင် RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးလက်များသို့ ပြင်ပရွာမှလူများ၀င်ရောက်ခွင့်၊ ရွာသားများရွာပြင်ထွက်ခွင့် ကို အောက်တိုဘာလ ၅ ရက်မှ ၃၁ ရက်နေ့အထိပိတ်ပင်ထားသည်။ အရေးပေါ်အခြေအနေမှသာ ရွာသားများ စုပေါင်းပြီးမှ ရွာပြင်ထွက်နိုင်ကြောင်းလည်း ဒု ဗိုလ်မှူးကြီးအုမ်ခေးကပြောသည်။

မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းလုံက – “အရင်တုန်းကတော့ စည်းရုံးရေးဆင်းမယ်ဆိုရင် သူတို့ (RCSS/SSA )ကို အကြောင်းကြားပါ လို့စာစောင်ထွက်ထားတော့ ကျနော်တို့လည်းစာတင်ပြီးမှ စည်းရုံးရေးဆင်းခဲ့ပါတယ်။ မိုင်းကိုင်မှာ အွန်လိုင်းကနေစည်းရုံးရေးလုပ်တာတော့မရှိသေးပါဘူး။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၄င်းနှင့်ပတ်သက်ပြီး တအာင်း TNP ပါတီကလည်း ကျေးလက်ဒေသတချို့တွင်ဖုန်းလိုင်းမရှိသေးသဖြင့် အွန်လိုင်းမှ စည်းရုံးရေးလုပ်ရန်မလွယ်ကူကြောင်းသျှမ်းသံတော်ဆင့်အားပြောသည်။

မိုင်းကိုင်မြို့နယ် တအာင်း TNP ပါတီဉက္ကဌ မိုင်းနုမ်ဟန် က -“ ဟုတ်တယ် ဒီ ၃-၄ ရက်အတွင်း  သူတို့ရဲ့ ကျန်းမာရေးပညာပေးအဖွဲ့က ပြောလာတယ်။ ကျနော်တို့စည်းရုံးရေးဆင်းမယ်ဆိုရင်တောင်ကြီးမှာရှိတဲ့ ဆက်ဆံရေးရုံးဆီသွားပြီး ထောက်ခံစာသွားယူရမယ်တဲ့ ။ ကျနော်တို့အတွက်အခက်အခဲအရမ်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း ကျနော်စာတင်ထားတယ် ။ ကျနော်တို့စည်းရုံးဆင်းမယ့်ဒေသတွေမှာ တချို့ရွာတွေဆို ဖုန်းလိုင်းမမိသေးတော့ အွန်လိုင်းစည်းရုံးရေးလုပ်ဖို့မလွယ်ပါဘူး။ ရွာသားတော်တော်များများကလည်း စာပေမတတ်မြောက်ကြတော့ မဲပေးမှု ပညာပေးအတွက်က အွန်လိုင်းစည်းရုံးရေးနဲ့ လူတွေ့စည်းရုံးရေး က နားလည်မှုအရမ်းကွာခြားတယ်ခင်ဗျ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

RCSS/SSA ၏ ကြေညာချက်တွင်- ယနေ့မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်အတည်ပြုလူနာ တရက်လျှင် ၁၀၀၀ ကျော်တိုးများလာနေကြောင်း၊ ကိုဗစ်ကူးစက်မှုလျှော့ချနိုင်ရေးအတွက် ဒေသခံလူထု နေအိမ်တွင်သာနေစေလိုကြောင်း၊ RCSS/SSA အနေဖြင့်လည်း ဌာနချုပ်မှစပြီး အဆင့်ဆင့် ကိုဗစ်ကာကွယ်ရေးကော်မတီဖွဲ့စည်းထားကြောင်း၊ လူထုကျန်းမာရေးအတွက် မိမိထိန်ချုပ်ဒေသရှိကျေးရွာများအတွင်းသို့ ရွာပြင်ပမှလူများ အောက်တိုဘာလ ၅ ရက်မှ ၃၁ ရက်နေ့အထိ ၀င်ခွင့်မပြုကြောင်း၊ မဲဆွယ်စည်းရုံးရေးဆင်းမည့်ပါတီများအနေဖြင့် ကျန်းမာရေးဌာနထုတ်ပြန်ချက်အတိုင်း တိတိကျကျလိုက်နာရန်နှင့် ကိုဗစ်ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် RCSS/SSA အနေဖြင့် အစိုးရ ၊တပ်မတော်နှင့်အတခြားအဖွဲ့အစည်းများနှင့်လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်- အစရှိသည့်အချက်များပါရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

သျှမ်းလူထု ဒုက္ခရောက်နေချိန် လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ နှုတ်ဆိတ်မနေရန် သျှမ်းလူငယ်များ တိုက်တွန်း

0
သျှမ်းပြည်အတွင်း စစ်မီးတောက်လောင်နေချိန်တွင် လူထုအပေါ် အကာအကွယ်မပေးနိုင်သည့် သျှမ်းလက်နက်ကိုင်အဖွဲ့များနှင့် နှုတ်ဆိတ်နေသည့် နိုင်ငံရေးပါတီများကို သျှမ်းလူငယ်အဖွဲ့အစည်းအသီးသီးက ထောက်ပြပြောဆိုလိုက်သည်။ အဆိုပါထောက်ပြပြောဆိုချက်သည် ယနေ့ (မတ်လ ၁ )ရက်တွင် ကျရောက်သော “သျှမ်းလူငယ်နေ့” အထိမ်းအမှတ်အဖြစ် သျှမ်းလူငယ်အဖွဲ့အစည်း အသီးသီးက ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းနှင့် အထူးသဖြင့်...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။