မြန်မာကိုဗစ်ဂယက် ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားနေထိုင်ရေးခက်

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကိုဗစ်နိုင်တင်း ရောဂါ ကူးစက်ပျံ့နှံ့မှု ထိုင်းသို့ ကူးစက်ခြင်းမပြုနိုင်စေရန်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား နေထိုင်ရာသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လာနေသည်။

Photo Credit to Thai PBS: ထိုင်းနိုင်ငံချင်းမိုင်ခရိုင် မယ်ဟေ့မြို့နယ်အတွင်း ကျန်းမာရေး ၊ မြို့နယ်အုပ်ချုပ်ရေးတို့ပူးပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားများနေထိုင်သည့်စခန်းတခုအား စက်တင်ဘာလ ၁၇ ရက်နေ့က ၀င်ရောက်စစ်ဆေးနေစဉ်

စက်တင်ဘာလ လယ်ပိုင်းမှစ၍ ယနေ့အထိ ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပွန်း၊ လမ်းပန်း၊ ချင်းမိုင်၊ ချင်းရိုင်းခရိုင်အတွင်း ကိုဗစ်နိုင်တင်းရောဂါ ထိန်းချုပ်ရန်၊ ထိုရောဂါထိန်းချုပ်နိုင်ရေးအတွက် မြန်မာပြည်မှ လာသည့် ရွှေ့ပြောင်းအလုပ်သမား နှင့် စပ်ဆိုင်သည့် မိဘဆွေမျိုးများ ထိုင်းအတွင်း တရားမဝင် ဝင်ရောက်မှု ရှိမရှိ၊ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံအတွင်း အသစ် ထပ်မံဝင်ရောက်မှုရှိမရှိ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများ ခရီးသွားရာဇဝင်မှတ် တမ်းများ အား ထိုင်းအာဏာပိုင်များမှ စစ်ဆေးမှု ဆက်တိုက်ပြုလုပ်လာနေသည်။

“ကျမတို့ငှားနေတဲ့ နေအိမ်ကို ဝင်စစ်တယ်။ မနေ့က။ ပုလိပ်တွေ ၊ စစ်သားတွေ၊ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ထိုင်းလဝကတွေ အပါဝင် ဌာနဆိုင်ရာ အစုံဘဲ လာစစ်တယ်။ လက်မှတ်စစ်တယ်။ ကဒ်ရှိမရှိ ။  ဒုက္ခ ရောက်တာက ကျမတို့အမေပေါ့ သူက အသက်ကြီးပြီ အလုပ်သမားကဒ်လဲမရှိဘူး။ သူ့ကို ခြံထဲ ပို့ထားရတယ်။ ဒုက္ခရောက်တာပေါ့။ ကျမတို့အလုပ် သွားလုပ်နေတဲ့ သရက်ခြံထဲ လာမစစ် ဘူးဆိုတာ မပြောနိုင်ဘူးလေ” – ဟု လမ်းပွန်းခရိုင် လမ်းပွန်းမြို့ ရောက် ရွှေ့ပြောင်းအလုပ်သမား နန်းအေးခမ်းမြ ကပြောသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်း၊ နန့်၊ ဖယောဝ်း၊ လမ်းပွန်း၊ လမ်းပန်း ခရိုင်အတွင်း ပြည် ထောင်စု မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားသိန်းဂဏန်းနေထိုင်နေကြောင်း၊ နယ်စပ်တ ကြောသျှမ်းပြည်နယ်နှင့်ထိစပ်သောကြောင့် သျှမ်းအလုပ်သမားအများဆုံးဖြစ်ကြောင်း၊ ချင်းမိုင် ခရိုင်အတွင်း ၈ သောင်းကျော်ရှိကြောင်း ချင်းမိုင်ရွှေ့ပြောင်းအလုပ်သမားဌာန စာရင်းဇယား အရသိရ သည်။

“ကျနော်တို့ က ရွှေ့ပြောင်းအလုပ်သမားငှားနေတဲ့အိမ်ဘဲမဟုတ်ဘူး၊ သူတို့ ထိုင်း သဌေးနဲ့ နေရင် အဲ့ဒီ့သဌေးအိမ်ကိုလဲ ဝင်စစ်ပါတယ်။ ကိုဗစ်နိုင်တင်း ထိန်းချုပ်မှု နိုင်ငံတော်ချမှတ်တဲ့ အမိန့် အတိုင်းလုပ်ရတာပါ” – ဟု ရွှေ့ပြောင်းအလုပ်သမားနေထိုင်ရာသို့ ဝင်ရောက်စစ်ဆေးစဉ် ထိုင်းအရာ ရှိတဉီးက မီဒီယာသို့ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကိုဗစ်နိုင်တင်း ဒုတိယ လှိုင်းရိုက်ခတ်မှုကြောင့် ထိုင်း – မြန်မာ နယ်စပ်တကြောရှိ တရားဝင်ဂိတ်စခန်း၊ တရားမဝင်ဂိတ်စခန်းများ အားလုံး ၊ ထိုင်း – မြန်မာနယ်စပ် တကြောလုံး လုံခြုံရေးအထူးတင်းကြပ်နေကြောင်း၊ ထိုင်းသို့ တရားမဝင် ဝင်ရောက်လာ သူများ အားလုံးလည်းဖမ်းဆီးပြီး မြန်မာအစိုးရထံ ပြန်လည်အပ်နှံကြောင်း၊ ထိုင်းဘက်တရားမ ဝင်နယ်စပ်ဖြတ် ကျော်သည့်ရွှေ့ပြောင်းအလုပ်သမားများအားပစ်ခတ်ခွင့်ရထားသည် ဆိုသည့်ကိစ္စမဟုတ်မှန်ကြောင်း၊ သို့သော် ကိုဗစ်ကာလ အပေါ် အခွင့်ကောင်းယူပြီး ထိုင်းသို့ မူးယစ်မှောင်ခိုသမားများအား ပစ်ခတ် ဖမ်းဆီးခွင့်တော့အပြည့်အဝ ရှိကြောင်း ထိုင်းနယ်စပ်လုံခြုံရေး အရာရှိတဉီးက သျှမ်းသံတော် ဆင့်သို့ပြောသည်။

လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်သူ ၅၂၆၃ ဉီးရှိပြီးသေဆုံးသူ ၈၁ ဉီး အထိ တိုးလာသည်။ သြဂုတ်လ တတိယ အပတ်က ကူးစက်သူ ၃၀၀ ကျော်၊ သေဆုံးသူ ၆ ဉီးသာ ရှိရာမှ ထိုသို့ အရှိန်တဟုန်ထိုး တိုးမြင့်ကူးစက်လာခြင်းဖြစ်သည့်အတွက် တရုတ်အပါ အဝင် အိမ်နီးချင်းထိုင်းနိုင်ငံတို့က မျက်ခြေမပြတ် လုံခြုံရေးတိုးမြှင့်စောင့်ကြပ် လာခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...