Tuesday, January 27, 2026

သျှမ်းမြောက် သတ်ဖြတ်ခံရသည့် အရပ်သားများအတွက် အမှုမှန် မဖြစ်သေး

သျှမ်းပြည်အတွင်း အရပ်သားများ မကြာခဏ သတ်ဖြတ်ခံရသော်လည်း ကျူးလွန်သည့် တရားခံများ တကြိမ်တခါမှ မပေါ်ပေါက် မဖမ်းမိဘဲ အမှုများမှာ အလိုအလျောက်ပြီးဆုံးခဲ့ရသည်။

များသောအားဖြင့် သတ်ခံရသည့် အရပ်သားများသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ နှင့် ဆက်စပ်သူများဟု အစိုးရ တပ်မတော်ဘက်မှ အစဉ်အမြဲ ပြောဆိုထားသည်ကို တွေ့မြင်ရသည်။

သို့သော် သတ်ဖြတ်ခံရသည့် အရပ်သားများသည် တောတောင် လယ်ယာထဲတွင် အလုပ်လုပ်နေကြသည့် တောင်ပေါ်တိုင်းရင်းသားများဖြစ်ပြီး မိခင်ဘာသာစကားမှလွဲပြီး တခြားဘာသာစကားအားနဲကြကာ စစ်ကြောင်းနှင့် တွေ့ချိန်၊ လက်နက်ကိုင်များနှင့်တွေ့ချိန် ထိတ်လှန့် ကြောက်ရွံပြီး ထွက်ပြေးကြသလို တချို့မှာလည်း စစ်ဆေးမေးမြန်းသည်ကို ပြန်မဖြေတတ်၊ မဖြေနိုင်ကြသဖြင့် ရိုက်နှက်ဖမ်းချုပ်သတ်ဖြတ်ခြင်းခံကြရသည်။

လက်ရှိ ယခု လပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နှင့် မူဆယ်မြို့နယ် အတွင်း တအာင်း(ပလောင်) ရွာသားများ သတ်ဖြတ်ခံရသည့် အပေါ် အမှုမှန်ပေါ်ပေါက်ရန် လိုအပ်ကြောင်း တအာင်း ပြည်သူများက တောင်းဆိုကြသည်။

လွန်ခဲ့သည့် သြဂုတ် ၂၁ ရက်ကလည်း သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအုပ်စုတွင် ဒေသခံ(၂)ဦးနှင့် နမ့်ခမ်းမြို့နယ် လွယ်မွန်းကျေးရွာ ဒေသခံ (၁) ဦး၏ ရုပ်အလောင်းကို တူးဖော်တွေ့ရှိခဲ့သည်။

ထိုသူ (၃)ဦးသည် လွန်ခဲ့သည် မေလကုန်က စတင်ပျောက်ဆုံးခဲ့သူဖြစ်ပြီး၊ ၃လ အကြာမှ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း မူဆယ်မြို့ တအာင်းစာပေ ယဉ်ကျေးမှု ကော်မတီ ဥက္ကဌ ဦးညီအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနယ်မြေ အတွင်းသို့ လွန်ခဲ့သည့် ၃ လခန့်က အစိုးရ တပ်မတော် တပ်မ(၉၉ ) လာရောက် လှုပ်ရှားခဲ့ကြောင်း ဒေသခံ သံဃာများနှင့် ပြည်သူများက ပြောဆိုကြသည်။

“ အခု မူဆယ် အလောင်း (၃)လောင်းကိစ္စက ခက်တော့ခက်တယ်။ တပ်မ(၉၉)ကလည်း အဲ့နယ်မြေမှာ လှုပ်ရှားမှု မရှိဘူးပြောတယ်။ သူတို့ ကငြင်းဆိုထားတယ်” ဟု ဦးညီအောင် ကပြောသည်။

ထိုသို့သတ်ခံရပြီး မြေမြုပ်ထားသည့် အလောင်း (၃)လောင်းသည် တောထဲတွင် မီးသွေးဖုတ်သည့်ရွာသားများ၊ တောထဲတွင် ရှာဖွေစားသောက်နေသည့် အရပ်သားပြည်သူများဖြစ်ကြောင်း ဦးညီအောင် က ပြောပြသည်။

“ သူတို့က မီးသွေးဖုတ်ကြတယ်။ တောင်ပေါ်မှာ လက်ဖက်လုပ်တယ်။ သူတို့ က ရွာနဲ့တောင်ပေါ်နဲ့ သွားသွားလာလာပါ” ဟု ဦးညီအောင် က ထပ်လောင်းပြောပြသည်။

သတ်ခံရပြီး မြေမြုပ်ထားသည့်နေရာသည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှတဆင့် ၆မိုင်ခန့်ထပ်သွားရသည့် နေရာဖြစ်ကြောင်း၊ သွားလာခက်ခဲသည့်နေရာဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ထဲတွင် သြဂုတ်လကုန်ပိုင်းတွင် မီးရှို့ခံထားရသည့် အမျိုးသား (၂)ဦး ၏ အလောင်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုအမျိုးသား ၂ လောင်းသည် မိုင်းယော်တိုက်နယ် ဖာလျန်ကျေးရွာ ဒေသခံများဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောဆိုခဲ့သော်လည်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ကမူ ထို ၂ ဦးသည် MNDAA တပ်ဖွဲ့ဝင်များဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။

လားရှိုးမြို့နယ် ထန်ခေါက်ရွာမှ မြောက်ဘက် မီတာ ၁၀၀၀ ခန့်နေရာတွင် MNDAA တပ်ဖွဲ့ နှင့် တပ်မတော် စစ်ကြောင်းထိတွေ့မှုဖြစ်ကာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၊MNDAA ဝတ်စုံနှင့် အလောင်း (၁)လောင်း အရပ်ဝတ်နှင့်အလောင်း(၁)လောင်း လက်နက်ငယ် ၁ လက် ကျည် ၂၉ တောင့်၊ ကျည်အိမ် ၂ ခု နှင့် ဒေသလက်လုပ်မိုင်း ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

သို့သော် အစိုးရ တပ်မတော် ပြောဆို ထုတ်ပြန်ခဲ့သည့် မြေမြုပ်ခံရသူ ၂ ဦးမှာ MNDAA တပ်သားများမဟုတ် ကြောင်း စက်တင်ဘာ ၁၅ ရက်နေ့က MNDAA က ထုတ်ပြန်ခဲ့သည်။

ထိုဒေသခံ၂ ဦး ကိစ္စနှင့် ပတ်သက်ပြီး လားရှိုး တအာင်းအမျိုးသား ပါတီ (TNP) ဥက္ကဌ က “ ကျေးရွာက လူတွေ ကျနော်ကိုလာတိုင်တယ်။ အမှုမှန်ပေါ်ပေါက်ဖို့က အုပ်ချုပ်ရေး ယန္တယား အစိုးရနဲ့ဆိုင်တယ်။ အမှုမှန်ပေါ်ပေါက်ဖို့ တရားဥပဒေ စိုးမိုးရေးပိုင်းက ရဲဆက်လုပ်လိုက်မယ်” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

ကျေးလက်ဒေသတွင် အရပ်သားများ သတ်ခံရခြင်းသည် တဖက်နှင့် တဖက် ယုံကြည်မှု ကို လျော့ကျစေပြီး သံသယစိတ်များကြောင့် ယခုကဲ့သို့ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း လည်း ဦးအောင်မင်းက ထောက်ပြပြောဆိုလိုက်သည်။

“ တရားဥပဒေကကင်းဝေးနေတယ်။သံသယရဲ့ အကျိုးဆက်တွေ။ သွားတဲ့သူတိုင်း တွေ့တဲ့သူတိုင်း ယောင်္ကျားလေး ဆိုရင် ရန်သူလို့ထင်နေတော့တာပဲ။ ဒါ အဓိက ဖြစ်တာက ဒီ တဖက်နဲ့တဖက် ယုံကြည်မှုနည်းတာ။ အဓိကတော့ စစ်တပ်က ပေါ့။စစ်တပ်က တောထဲသွားရင် တွေ့တဲ့သူတိုင်းကို မသင်္ကာတော့ဘူး” ဟု ဦးအောင်မင်း က ပြောသည်။

သျှမ်းပြည်အတွင်း သတ်ဖြတ်ခံရသည့်သူများ၏ နောက်ကွယ်တွင် မှီခိုနေရသည့် အမျိုးသမီး နှင့် ကလေးငယ်များအတွက် စားဝတ်နေရေး အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း သိရသည်။

“ အိမ်ထောင်ဦးစီး မရှိတော့ရင် မိန်းမတွေ က ယောင်္ကျားနေရာရော မိန်းမနေရာရော ပိုရုန်းရတာပေါ့။ ကျနော်တို လည်း ထောက်ပံ့နိုင်သလောက် ထောက်ပံ့လိုက်ပါတယ်။ လက်ရှိမှာတော့ ကျန်ရစ်တဲ့ မိသားစုတွေက စားဝတ်နေရေးခက်ခဲ ရုန်းကန်နေရတယ်” ဟု မူဆယ် တအာင်း စာပေ ယဉ်ကျေးမှု ကော်မတီ ဥက္ကဌဦးညီအောင်က ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း အတွင်း အစိုးရတပ်မတော် မှ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု အမှုပေါင်း (၁၄၅) ခုရှိပြီး စုစုပေါင်း ပြစ်မှု ကျူးလွန်ခံရသည့် ဒေသခံ ၄၁၇ ဦးရှိကြောင်း တအာင်း အမျိုးသမီးအဖွဲ့အစည်း (TWO) ထုတ်ပြန်ချက် အရ သိရသည်။

သျှမ်းမြောက်တွင် အဖြစ်များသည့် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ တပ်သားများမှ ပြည်သူများကို ရိုက်နှက်ခြင်း၊ စစ်သား စုဆောင်းခြင်း၊ စစ်ဘွတ်ဖိနပ်စီးပြီး ကန်ခြင်း၊ တုတ်-ဝါးလုံးဖြင့် ရိုက်နှက်ခြင်း၊ လက်သီးဖြင့် ထိုးနှက်ခြင်း၊ သေနတ်ဖြင့် ရိုက်နှက်ခြင်း တို့ဖြစ်ကြောင်း TWO ထုတ်ပြန်ချက်တွင် ရေးသားထားသည်။


ထိုဒေသတွင်နေထိုင်သည့် ပြည်သူများက စိုးရိမ်မှုများစွာဖြင့်နေထိုင်နေရကြောင်း၊ စစ်ကြောင်းများနှင့်တွေ့သည့်အခါ ကြောက်စိတ်ကြောင့်ထွက်ပြေးမှုများရှိကြောင်းလည်း သျှမ်းမြောက်ပြည်သူများက ပြောသည်။

“ အရာရာကို စိုးရိမ်နေရတယ်။ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ရသလို တိုက်ပွဲ မဖြစ်ရင်လည်း စစ်ကြောင်းတက်လာရင် ပေါ်တာဆွဲတာ။ စစ်ဆေးတာခံရတယ်။ မဖြေနိုင်ရင် ရိုက်တယ်။ ကြောက်နေရတယ်” ဟု သျှမ်းမြောက် ကွတ်ခိုင်နယ်မြေတွင် နေထိုင်သည့် အမျိုးသမီး တဦးကပြောသည်။

ထို့ကြောင့် အရပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် အမှု အားလုံး တရားမျှတမှု၊ အမှုမှန်ပေါ်ပေါက်ရန် လိုအပ်ကြောင်းလည်း ဦးညီအောင်က ပြောသည်။

“ ကျနော်တို့ ပြောချင်တာကတော့ သံသယ တရားခံ လက်လွှတ် စပယ် မလုပ်ဘဲ တရားဥပဒေဘောင်ထဲရောက်အောင် တရားဥပဒေ ဘောင်ထဲ ရှင်းတာကောင်းပါတယ်။ ဘယ်လက်နက်မဆို လက်နက်နဲ့ ရှင်းတာက အမှုနဲ့ ပိုပြိးကားတယ်။ ပိုပြီရှည်တယ်။ ပိုပြီးမခံချင်စိတ်ဖြစ်လာတယ်။ ယုံကြည်မှုကပိုပြီး ဝေးသွားမယ်” ဟု ဦးအောင်မင်း က ဖြည့်စွက်ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

သျှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်မလား

0
စစ်ကော်မရှင်က ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နှစ်နှစ်နီးပါးပိတ်ထားသည့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော်...

ကျားဖြန့်လုပ်ငန်းထဲ ရောက်ရှိနေသည့် စစ်ရှောင်လူငယ်များ မိဘနှင့် အဆက်အသွယ်ပြတ်

0
သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းထဲတွင် သွားရောက်လုပ်ကိုင်ကြပြီး၊ လက်ရှိတွင် ၎င်းလူငယ်များနှင့် အဆက်အသွယ် ပြတ်နေသဖြင့် မိဘများ စိုးရိမ်လာနေကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း တကြောရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီ စသည့် မြို့နယ်အများစုသည်...

သျှမ်းမြောက် တကျော့ပြန် လေကြောင်း တိုက်ခိုက်မှု သတိပြုရန်လိုအပ်

0
တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ နှင့် ၁၆ ရက်နေ့က ပြုလုပ်သည့် ကိုးကန့်တပ် (MNDAA) နှင့် စစ်ကောင်စီ တို့၏ ဆွေးနွေးပွဲ ရလဒ် တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံးသွားပြီးနောက် သျှမ်းမြောက်ဒေသနေ ပြည်သူများ အနေဖြင့် တကျော့ပြန် လေကြောင်း...

တိတ်ဆိတ်မှုတွေနဲ့ ပီမိုင်တိုင်း

0
“မႂ်ႇသုင်ၶႃႈ ပီႈၼွင့်ႁဝ်းၶဝ်” (မိုင်ဆုန်ခ ပီနောင့်ဟောဝ်းခေါင်) လို့ စုပေါင်း ဟစ်ကြွေးလိုက်ပြီး နောက်မှာတော့ သျှမ်းနှစ်သစ်ကူး တေးသီချင်းများကို စတင်သီဆိုကြသည်။ သျှမ်းနှစ်သစ်ကူး မရောက်ခင် တစ်ပတ်အကြိုခန့် ကတည်းကပင် နှစ်သစ်ကူးကို ကြိုဆိုကြရန်အတွက် အိမ်တိုင်း ပြင်ဆင်ကြလေသည်။ သီချင်းများ သီဆိုရန်အတွက် အိုးစည်ဝိုင်းငှားရမ်းခြင်း၊ သီဆိုသူများကို ကျွေးမွေးရန်နှင့် ကြိုဆို ဖိတ်ခေါ်အိမ်များကို...