မျိုးဆက်သစ်တွေ ပညာရေးအတွက်အားခဲထားတဲ့ လူငယ်အမျိုးသမီးအမတ်လောင်း

ရွေးကောက်ပွဲ ၃ ကြိမ်စလုံးတွင် ဝင်ရောက်အရွေးခံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲက သျှမ်းပါတီတွင် အသက် အငယ်ဆုံး လူငယ်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တဦး ဟု သျှမ်းပြည်သားများ၏ နှုတ်ခမ်းဖျားတွင်ပြောစမှတ်ပြုခဲ့သူမှာ သျှမ်းပြည် တောင်ပိုင်း လဲချားမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် နန်းအက်စကီးမိုး ဖြစ်ပါသည်။

သူမသည် လာမည့် ရွေးကောက်ပွဲတွင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ( SNDP) အများပြည်သူသိသည့် ကျားဖြူပါတီ မှပင် လဲချားမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဦးမည်ဖြစ်သည်။

၂၀၁၀ မှ ၂၀၁၅ အထိ လွှတ်တော်အတွင်း နိုင်ငံရေး မပြီးပြတ်ခဲ့သည့်အကြောင်းအရာရှိနေသဖြင့် ယခု ၂၀၂၀ ခုနှစ်တွင် ပြန်လည် ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့အတွက် နန်းအက်စကီးမိုးအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ထပ်မံအနိုင်ရပါက လွှတ်တော်တွင် မည်သည့် အခန်းကဏ္ဍများကို ဆောင်ရွက်သွားမည်ကို သျှမ်းသံတော်ဆင့် က နန်းဆိုင်နွမ်မှ ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ နန်းအက်စကီးမိုး အနေနဲ့ လဲချားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ပြိုင်ရတဲ့ အကြောင်းရင်းလေး ပြောပြပေးပါအုံး။

ဖြေ။ ။ ဝင်ပြိုင်ရတဲ့အကြောင်းရင်းကတော့ (၃) ခုရှိပါတယ်။ နံပတ် (၁) က ၂၀၁၀ -၂၀၁၅ ခုနစ်မှာ နိုင်ခဲ့တဲ့ အရာတွေ လွှတ်တော်သက်တမ်းမှာ မပြီးပြတ်သေးတဲ့ အလုပ်တွေ ရှိနေတာရှိပါတယ်။ နောက်တချက်က ရှမ်းတယောက်အနေနဲ့ သမိုင်းပေး တာဝန်အရ ကျမတို့ လုပ်ကို လုပ်ရမယ့် အလုပ်လို့ ယူဆပါတယ်။ နောက်တချက်က ကျမက အမျိုးသမီး ဖြစ်တဲ့အတွက် ကျမတို့ နိုင်ငံမှာ အမျိုးသမီး အခွင့်အရေး က အခုထိ မရသေးဘူး။အမျိုးသမီး အခွင့်အရေးကို လုပ်ဆောင်သွားမှာပါ။ ဒီအချက်တွေကြောင့် ရွေးကောက်ပွဲကို ဝင်ရတာဖြစ်ပါတယ်။

မေး။ ။ နန်းအက်စကီးမိုး အနေနဲ့ လဲချားမှာ ရွေးကောက်ပွဲ ၃ ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့သူတဦးဆိုတာ သိရပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအခင်းအကျင်း ကို နှိုင်းယှဉ်ပြောပြပေးပါအုံး။

ဖြေ။ ။ ၂၀၁၀ နဲ့ ၂၀၂၀ အခင်းအကျင်းကို နှိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင် ၂၀၁၀ တုန်းက ပြည်သူတွေက နိုင်ငံရေး အပြောင်းအလဲ ဘာမှန်းလည်း မသိဘူး။ ရွေးကောက်ပွဲကို မကျင်းပရတာက အရမ်းကို ကြာခဲ့ပြီ။ ရွေးကောက်ပွဲဘာမှန်းမသိတဲ့အချိန်မှာ ၂၀၁၀ အခင်းအကျင်းက ပြည်သူတွေကို ချဉ်းကပ်တဲ့အခါမှာ ကူးပြောင်းလာတဲ့ နိုင်ငံရေး ကို ရှင်းပြရတယ်။ ရွေးကောက်ပွဲ ပတ်သက်ပြီး ဘယ်လို ပုံစံနဲ့ မဲပေးရမယ်ဆိုတာ ရှင်းပြခဲ့ရတယ်။

၂၀၂၀ မှာကျတော့ ရွေးကောက်ပွဲက ၃ ကြိမ်ဖြစ်လာပြီဆိုတော့ ရွေးကောက်ပွဲမဲပေးပုံစနစ် ပြည်သူတွေကို အရမ်းရှင်းပြ နေစရာမလိုတော့ဘူး ဆိုတဲ့ အနေအထားရှိတာပေါ့။ နိုင်ငံရေး အပြောင်းအလဲ မှာ ပါတီတွေက အများကြီး ပေါ်လာတယ်။ အဲ့အတွက်ကြောင့် ၂၀၂၀ မှာတော့ ကျမရဲ့ ပါတီ မူဝါဒပိုင်းဆိုင်ရာ ကျမတို့ လုပ်နိုင်တဲ့ ပုံစံနဲ့ ရှင်းပြရတယ်။ အဲ့လို ပုံစံတော့ ကွဲပြားမှု ရှိပါတယ်။

မေး။ ။ ၂၀၁၀ တုန်းက သျှမ်းပြည် လွှတ်တော်မှာ နေရာထိုင်ခဲ့ရတဲ့သူတယောက်အနေနဲ့ ၂၀၁၀ သျှမ်းပြည်လွှတ်တော် နဲ့ ၂၀၁၅ သျှမ်းပြည် လွှတ်တော် ကွာဟ တာတွေ ဘယ်လိုရှိပါသလဲ။ နန်းအက်စကီးမိုး အမြင် ပြောပြပေးပါ။

ဖြေ။ ။ ကျမမြင်တာက ၂၀၁၀ -၂၀၁၅ သမ္မတ ဦးသိန်းစိန် အစိုးရ မှာဆိုရင် ကျမအထင် နိုင်ငံရေးက စပြီး အသွင်ကူးပြောင်းကာစ ဆိုတော့ အစိုးရလည်း နာမည်ကောင်းရဖို့ ကြိုးစားနေချိန်၊ ပြည်သူတွေအတွက် ဘာဖြည့်ဆည်းပေးဖို့လိုလဲ။ ဘာလုပ်ပေးဖို့ လိုအပ်သလဲဆိုတာ တော်တော်များများကို ဖြည့်ဆည်းပေးတယ်။ ပြည်သူတွေ ရွေးချယ်တဲ့ ကိုယ်စားလှယ် ကနေ တဆင့် တင်ပြတောင်းဆိုတဲ့ဟာတွေ တော်တော်များများကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်ဆိုတာ တွေ့ရတယ်။

ပြီးတော့ ဦးသိန်းစိန် လက်ထက်မှာဆိုရင် သတင်းမီဒီယာပိုင်းမျာလည်း လွတ်လပ်မှု ရှိတယ်လို့ထင်တယ်။

၂၀၁၅-၂၀၂၀ ခုနစ်မှာ က NLD အစိုးရ လက်ထက်မှာ ကျတော့ သူတို့ အနိုင်ရတဲ့ဒေသ သူတို့ အနိုင်ရတဲ့မြို့နယ် အတွက်ဘဲ ပိုပြီး လုပ်ပေးတဲ့ အနေအထားရှိနေတယ်လို့မြင်တယ်။တခြားတိုင်းရင်းသားဒေသ တခြားသူတို့ အနိုင်မရတဲ့နေရာတွေမှာဆိုရင် တောင်းဆိုချက်ကို ဖြည့်ဆည်းပေးတာ သိပ်မတွေ့ရဘူးလို့ ပြောလို့ရတယ်။

မီဒီယာ အခန်းကဏ္ဍမှာလည်း ပိုပြီး ကြပ်တည်းလာတယ်လို့ထင်တယ်။

မေး။ ။ လဲချားမှာ ကျောက်မီးသွေး ပြဿနာတွေ ရှိတော့ ဒါကိုရောလွှတ်တော်မှာ နေရာ ရခဲ့မယ်ဆိုရင် ဘယ်လို ဆောင်ရွက်သွားမလဲ။

ဖြေ။ ။ ကျောက်မီးသွေးကိစ္စကလည်း ကျမတို့ အတွက်စိန်ခေါ်မှု တခုပါ။ တကယ်တမ်း ၂၀၂၀ မှာ အနိုင်ရပြီးတော့ လွှတ်တော်အမတ် ဖြစ်သွားခဲ့မယ်ဆိုရင် အခု ကျောက်မီးသွေး ပြဿနာကလည်း အကြီးကြီးပါ။ ကျမ လုပ်နိုင်တဲ့ဘောင် အတွင်းကနေ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်။

မေး။ ။ နန်းအက်စကီးမိုးကိုယ်တိုင်က မိခင်တယောက်လည်းဖြစ်၊ လူငယ်အမျိုးသမီးတဦးလည်းဖြစ်တော့ စည်းရုံးရေး ကာလတွေမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင်နေရလဲ။

ဖြေ။ ။ အခက်အခဲတွေကတော့ မိခင်တယောက်ဖြစ်တော့ အများကြီးရှိတယ်။ ပထမဆုံးကတော့သား၊သမီးတွေ စားရေးသောက်ရေး အားလုံး စီစဉ်ပြီးမှ ကျမ အိမ်ကနေ ထွက်လို့ရတယ်။ အဲ့ဒါကတော့ အခက်အခဲရှိတယ်။ စည်းရုံးရေးသွားရင်လည်း မိုးနည်းနည်း ချုပ်ရင် သူတို့ အဆင်ပြေမလားဆိုတဲ့ မိသားစု အတွက် နောက်ဆံတင်းတာရှိတယ်။

မြို့နယ် အနေနဲ လမ်းပန်းဆက်သွယ်ရေးက အရမ်းမဖွံ့ဖြိုးသေးဘူး။၂၀၁၀ ထက်စာရင်တော့ တိုးတက်လာပါတယ်။ ဒါပေမယ့် ခက်ခဲနေသေးတဲ့အတွက် အခက်အခဲတခုလို့ ပြောလို့ရပါတယ်။

နောက် အခက်အခဲ တခုက ကိုဗစ်-၁၉ ကာလလည်း ဖြစ်တဲ့အတွက် အစိုးရ က လူ(၅၀) အထိဘဲ စုဝေးဖို့ ခွင့်ပြုထားတယ်ဆိုပေမယ့် ဒါက အဓိက ပြဿနာ မဟုတ်ဘူးလို့ယူဆတယ်။ တကယ်ပြဿနာက ကျမ က ကလေး မိခင်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ တကယ်လို့ကျမ က အပြင်ထွက်လို့မတော်မဆ ပိုးတွေ့ရှိခဲ့တယ်ဆိုရင် ကျမ ရဲ့ မိသားစု ထဲကို ပိုးသယ်လာတဲ့သူ တယောက်ဖြစ်မှာ ဒါက ကျမ အတွက် စိုးရိမ်မှု အကြီးကြီး စိန်ခေါ်မှု အကြီးကြီးဖြစ်နေတယ်။

ပြည်သူ့ ကျန်းမာရေးကို အဓိက ဦးစားပေးစေချင်တဲ့အနေအထား မှာ ရှိနေတယ်ဆိုပေမယ့် ရွေးကောက်ပွဲကော်မရှင်က ကျမတို့ကို စည်းရုံးဖို့ ၂လ ကိုပဲသတ်မှတ်ထားတဲ့အတွက် ဒီ ၂လ အတွင်း စီစဉ်ပြီးလုပ်ဆောင်သွားရမှာက သိပ်ကို ကြီးမားတဲ့ စိန်ခေါ်မှုတခုလို့ ပြောချင်ပါတယ်။

မေး။ ။ အမျိုးသမီးအရေး တွေ လုပ်ဆောင်သွားမယ်လို့ပြောဆိုထားပါတယ်။ အမျိုးသမီး အရေး ကို ဘယ်လို လုပ်ဆောင်သွားဖို့ ရှိလဲ။ ဘယ်အပိုင်းကို ဆောင်ရွက်သွားချင်ပါသလဲ။

ဖြေ။ ။ ကျမ က အဓိက အမျိုးသမီး နဲ့ပတ်သက်ပြီး အဓိက လုပ်ဆောင် သွားချင်တာက ကျမတို့ဆုံးဖြတ်ချက် ချတဲ့အပိုင်း၊ ဦးဆောင်မှု မှာ အမျိုးသမီးပါဝင်မှုနှုန်းက က အရမ်းကို နည်း နေသေးတယ်။ အုပ်ချုပ်ရေး အပိုင်း မှာပဲဖြစ်ဖြစ် ဥပဒေ ရေးပိုင်းမှာပဲဖြစ်ဖြစ်၊ တရားစီရင်ရေးအပိုင်းမှာပဲဖြစ်ဖြစ် အရမ်းကို အားနည်းနေသေးတဲ့အတွက် ကြောင့် ကဏ္ဍ(၃)ရပ်ထဲမှာ အမျိုးသမီး တွေ ပိုမို ပါဝင်ဖို့ လွှတ်တော်ထဲ မှာ တခြား အမျိုးသမီး လွှတ်တော် အမတ်တွေနဲ့ပူးပေါင်းပြီးတော့ ကျမတို့ မူတခု ချနိုင်အောင် ကြိုးစားသွားမယ် ။

မေး။ ။ နိုင်ငံရေး လောက ထဲကို အသက်ငယ်ငယ်နဲ့ ဝင်ခဲ့တဲ့ နန်းအက်စကီးမိုးအနေနဲ့ တခြားလူငယ် အမျိုးသမီးတွေကို ဘာပြောချင်ပါသလဲ။

ဖြေ။ ။ အဓိက အမျိုးသမီး လူငယ်တွေကို စကားပါးချင်တာက ပညာရေး၊ ကျန်းမာရေး ၊ စီးပွားရေး နိုင်ငံရေးတွေ အဆုံး စိတ်ဝင်စားပါ။ ပြီးတော့ လေ့လာပါ။ များများလေ့လာပါ။ များများသုံးသပ်ပါ။ ပြီးတော့ များများကြိုးစားပါ။ အမျိုးသမီးတွေ အတွက် နိုင်ငံရေး ကနေ ကျမတို့လိုချင်တဲ့အခွင့်အရေးတွေ ကူးပြောင်းနိုင်တဲ့ အခြေအနေမှာဆိုရင် နိုင်ငံရေးကို မလုပ်လို့မရပါဘူး။ အဲ့ကြောင့် လိုချင်တဲ့အခွင့်အရေးရဖို့ဆိုရင် နိုင်ငံရေးထဲမှာ ပါကို ပါဝင်လှုပ်ရှားဖို့ လိုပါတယ်။ အများအကျိုးအတွက် လုပ်ပေးပါ။ အရေးကိစ္စတွေ အားလုံးမှာ ပါဝင်လာဖို့ ကြိုးစားပါလို့စကားပါးချင်ပါတယ်။

မေး။ နောက်ဆုံး အနေနဲ့မဲဆန္ဒရှင်ကို ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ပညာရေးပိုင်းကို ကျမ ကြိုးစားပြီး လုပ်ဆောင်ပေးချင်တယ်။ ကမ္ဘာကျော် နိုင်ငံရေးသမား Che Guevara က “The first duty of a revolutionary is to be educated.” ဆိုတဲ့ စကားအတိုင်း ပါပဲ။
အောင်မြင်မှုတွေ၊ လိုချင်တဲ့ အခွင့်အရေးတွေရဖို့က ကိုယ်တိုင် တယောက်တဦးချင်းစီမှာ ပညာရှိနေမှ ပညာတတ်နေမှ သာလျှင် လိုချင်တဲ့ ပန်းတိုင်ရောက်မယ်။ ဒါကြောင့် ပညာရေး ကဏ္ဍနဲ့ ပတ်သက်ပြီး တော့ ကျမ အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်တဲ့ အတွက်ကြောင့် ပြည်သူလူထုရဲ့ အနာဂတ် မျိုးဆက်သစ်တွေရဲ့ ပညာရေးကောင်းမွန်ဖို့ အတွက် ကို ယုံကြည်စွာနဲ့ မဲပေးနိုင်တယ်လို့ကျမပြောချင်ပါတယ်။

အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...