ပါတီ၀င်တဉီးအား RCSS/SSA ဖမ်းဆီးသွားဟု တအာင်းပါတီ TNP ပြော

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ တအာင်းပါတီ TNP ၏ ပါတီ၀င်တဉီးအား သျှမ်းပြည် တပ်မတော်က ဖမ်းဆီးသွားကြောင်းတအာင်းပါတီက ပြောဆိုလိုက်သည်။

Photo Credit to TNP Mong Kung: မိုင်းကိုင်မြို့နယ် တအာင်းပါတီ၀င်လူငယ်မောင်မယ်များ

စက်တင်ဘာလ ၁၅ ရက်နေ့က မိုင်းကိုင်မြို့နယ် ခေးအုံအွေအုပ်စု ပန်မောင်းရွာရှိ တအာင်းပါတီ ၏ စည်းရုံးရေးမှူးတဉီးဖြစ်သည့် စိုင်းလှစိန်အား RCSS/SSA ကဖမ်းဆီးသွားကြောင်း လက်ရှိတွင်  နေအိမ်သို့ပြန်မရောက်သေးသဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် တအာင်းပါတီမှ တောင်းဆိုလိုက်သည်။

တအာင်းပါတီ TNP ၏ မိုင်းကိုင်မြို့နယ် ပါတီဉက္ကဌ မိုင်းနုမ်ဟန် က-  “စိုင်းလှစိန်က ခေးအုံအွေအုပ်စုရဲ့ စာရေးပါ။ သူက ကျနော်တို့ပါတီကို ကူညီနေတဲ့သူတဉီးဖြစ်ပါတယ်။  ဖမ်းဆီးသွားပြီး ခုထိအိမ်ပြန် မရောက် သေးလို့ မိဘနဲ့အိမ်သားတွေက စိတ်ပူနေကြတယ်။ သူ့ကိုဘယ်မှာသွားထားကြ သလဲ။ ဘာကြောင့် ဖမ်းသွားလဲ ဘယ်နေရာမှာသွားထားသလဲ RCSS ကို မေးချင်ပါတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ပျောက်ဆုံးနေသော စိုင်းလှစိန်သည် အသက် ၃၀ ခန့်အရွယ်ရှိပြီး အိမ်ထောင်သည်တဉီးဖြစ်ကြောင်း၊ သို့သော်သားသမီးမထွန်းကားသေးကြောင်း သိရသည်။

၄င်းနှင့်ပတ်သက်ပြီး RCSS/SSA ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး အုမ်ခေးက – “ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ မသိရသေးပါဘူး။ အရင်တုန်းက ဒီလိုဖမ်းဆီးခံရသူတွေဟာဆိုရင် မူးယစ်ဆေး၀ါးနဲ့ ပတ်သက်တဲ့သူတွေ၊ ရောင်း၀ယ်သူ၊ သောက်သုံးသူတွေသို့မဟုတ် လက်လီအရောင်းသမားတွေ ဖြစ် တယ်။ ဒီကိစ္စမဟုတ်ရင်လည်း တပ်ပြေးဖြစ်မယ်။ တကယ်လို့အဖမ်းခံရတာသေချာတယ်ဆိုရင်တော့ ဒေသတွင်း လှုပ်ရှားနေတဲ့ ကျနော်တို့တပ်တွေကိုဆက်သွယ်မေးမြန်းဖို့လိုပါတယ်။ ”- ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

တအာင်းအမျိုးသားပါတီ TNP သည် သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့တွင်ရုံးချုပ်ထားရှိပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သျှမ်းပြည်မြောက်ပိုင်းကျောက်မဲ၊ နမ့်ဆန်တို့တွင်အပြင်  သျှမ်းပြည် တောင်ပိုင်းမိုင်းကိုင်မြို့တွင် ၃ နေရာနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ နေရာ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...

“အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ် အတွက် ပြင်ဆင်ရန်” RCSS ဥက္ကဌ ပြော

0
ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က က အကြံပြုပြောဆိုလိုက်သည်။ အဆိုပါပြောဆိုချက်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့်...