Tuesday, January 27, 2026

ကိုဗစ်မွေးရပ် ဝူဟန်တွင်အကျဉ်းကျသူ မြန်မာနိုင်ငံသားများ မူဆယ်နယ်စပ်ဂိတ်သို့ ပြန်ရောက်

ကိုဗစ် -၁၉ စတင်ဖြစ်ပွားရာ တရုတ်ပြည် ဝူဟန်မြို့တွင် အကျဉ်းကျသည့် မြန်မာနိုင်ငံသား ၂၆၀ ကျော် ယနေ့ မနက်ပိုင်းက သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သို့ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

Photo Credit to Nang A Ngae- တရုတ်တွင်အကျဉ်းကျနေသည့်မြန်မာနိုင်ငံသား ၂၀၀ ကျော်အား မြန်မာအာဏာပိုင်များထံ မေလ ၇ ရက်နေ့က တရုတ်လွှဲပြောင်းပေး

တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထောင်ချခံရသည့် မြန်မာနိုင်ငံသား ၂၆၀ ကျော် အား မေလ ရ ရက် ယနေ့မနက်ပိုင်း က တရုတ်အာဏာပိုင်များက မြန်မာအာဏာပိုင်များထံ လွှဲအပ်ပေးရာ ထိုအထဲတွင် ကိုဗစ် စတင်ဖြစ်ပွါးရာ ဝူဟန်မြို့ ၌ အကျဉ်းကျသူ ၁၄၁ ဦး ပါဝင်ကြောင်း မူဆယ်မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန် ကသျှမ်းသံတော်ဆင့် သို့ ပြောသည်။

ထိုသူများကို ယနေ့ မနက်ပိုင်း တရုတ် အာဏာပိုင်များက သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးထံသို့ လွှဲပြောင်းပေးခဲ့သည်။

Photo Credit to Nang A Ngae- တရုတ်တွင်အကျဉ်းကျနေသည့်မြန်မာနိုင်ငံသား ၂၀၀ ကျော်အား မြန်မာအာဏာပိုင်များထံ မေလ ၇ ရက်နေ့က တရုတ်လွှဲပြောင်းပေး

“ ဒီနေ့ တရုတ်ပြည် ဝူဟန်မြို့ က ၁၄၁ဦး၊ တခြားပြည်နယ်နဲ့ဆိုရင်တော့ ၂၆၀ကျော်ရှိတယ်။ မနေ့က လည်း တရုတ်ဘက်က ၅၈ ဦး လွှဲပြောင်းပေးတယ်” ဟု မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

တရုတ်နိုင်ငံတွင် ပြဌာန်းထားသည့် သတ်မှတ်ချက် များနှင့် မကိုက်ညီသဖြင့် အကျဉ်းချခံနေရသူများဖြစ်ကြောင်း၊ အများစုသည် အလုပ်သမားများဖြစ်ကြောင်းလည်း ဦးသူရိန် က ပြောသည်။

“ မနက်ကတည်းကရောက်ပါတယ်။ ကျနော်တို့ကို လွှဲတဲ့အချိန်မှာ တရုတ်ပြည်ကလည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ စိစစ်ပြီးကြောင်းထောက်ခံချက်တွေ ပါပါတယ်။ ကျန်းမာကြောင်း ထောက်ခံချက်တွေပါတယ်။ သူတို့တွေကို Quarantine ထားပြီးသွားပြီလို့သိရတယ်” ဟု ဦးသူရိန် က ဆိုသည်။

Photo Credit to Nang A Ngae- တရုတ်တွင်အကျဉ်းကျနေသည့်မြန်မာနိုင်ငံသား ၂၀၀ ကျော်အား မြန်မာအာဏာပိုင်များထံ မေလ ၇ ရက်နေ့က တရုတ်လွှဲပြောင်းပေး

တရုတ်ပြည် ထောင်အသီးသီးမှလွှဲပြောင်းလာခဲ့သူများအားလုံးကို လက်ရှိမှာ ကျန်းမာရေး စစ်ဆေးနေကြောင်း၊ ကျန်းမာရေး အတွက် ဖျားနာမှုရှိ၊ မရှိ စစ်ဆေးသည့် အပြင် ကျန်းမာရေး ဌာန မှ ညွှန်ကြားထားသည့် တဲ့ HIV/ AIDS ကိုလည်း ထည့်သွင်းစစ်ဆေးပေးကြောင်း သိရသည်။

လွှဲပြောင်းပေးသူများတွင် သျှမ်းပြည်သား ၁၂၀ ကျော်ပါရှိပြီး၊ ကျန်သူများမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် နေထိုင်သူများဖြစ်ကြကြောင်းသိရသည်။

“ ကျနော်တို့ မြို့နယ်ထဲကလူတွေကိုဆက်လက်စောင့်ကြည့်ထိန်းသိမ်းထားမယ် ။ ကျန်တဲ့သူတွေကို သက်ဆိုင်ရာဒေသအသီးသီး ကို အဆင့်ဆင့် ချိတ်ဆက်ပြီးပို့မယ်” ဟု ဦးသူရိန် က ထပ်လောင်းပြောသည်။

ဝူဟန်မြို့အကျဉ်းထောင်မှ အကျဉ်းသားများပါလာသည့် အတွက် စိုးရိမ်မှု များစွာရှိကြောင်း၊ ထိုသူများကို ကျန်းမာရေး စစ်ဆေးမှု သေချာစွာ ပြုလုပ်ပေးသင့်ကြောင်း၊ ကိုဗစ် -၁၉ ရှိ၊မရှိ လည်း ဓာတ်ခွဲခန်း နမူနာ ပေးပို့ကာ စစ်ဆေးသင့်ကြောင်း မူဆယ် ဒေသခံများက ပြောသည်။

ဝူဟန်မြို့သည် လွန်ခဲ့သည် ၂၀၁၉ နှစ်ကုန် ပိုင်းတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့ရာ ယခုနောက်ပိုင်း မြန်မာပြည် အပါအဝင် တကမ္ဘာလုံး ထို ကပ်ဆိုးဖြင့် ရင်ဆိုင်းနေရကာ စီးပွားရေး၊ လူမှုရေး အားလုံးကျဆင်းကာ ခရီးသွားလာမှုများလည်း ရပ်ဆိုင်းထားရသည်။

ထိုသူများအတွက် နေရေးထိုင်ရေးကို မူဆယ်မြို့ သက်ဆိုင်ရာ ဌာန၊ မူဆယ်ဒေသခံများ နှင် ပရဟိတ အဖွဲ့တို့က ပူးပေါင်းကာ ဆောင်ရွက်ကြကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ် မြို့ရှိ နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံမှ ဧပြီ ၁ရက် မှစတင်ကာ ဝင်၊ထွက်ခွင့် ရက်အကန့် အသက်မရှိ ပိတ်လိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်အတွက် ဒရုန်းသယ်သူ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းမိ

0
မြန်မာစစ်တပ်အတွက် သွင်းလာသော တရုတ်နိုင်ငံလုပ် ဒရုန်း ၁၀ စီးနှင့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်အနီးရှိ ဟိုတယ်အခန်းတွင် သိမ်းဆည်းရမိကြောင်း ဘန်ကောက်ပို့စ်သတင်းက ဒီဇင်ဘာလ ၂၃ ရက်တွင် ဖော်ပြသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၁ ရက်က လေဆိပ်အနီးတွင် ဒရုန်းများ ပျံသန်းနေသည်ဟူသော...

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁၆၂ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၂ ဦးကို ကန်ချနပူရီခရိုင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက် ၉ နာရီခွဲတွင် ကန်ချနပူရီခရိုင် ဘန်ဟင်လမ် ကျေးရွာအုပ်စု အမှတ် ၅ အတွင်းရှိ တောထဲတွင် တရားမဝင်...

ဘန်ကောက် တရားမဝင် ကာရာအိုကေဆိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် မြန်မာနိုင်ငံသား ၄၁ ဦးကို ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Srivara လမ်းရှိ Town in Town Hotel ဘေးတွင် ဖွင့်လှစ်ထားသော တရားမဝင် ကာရာအိုကေ ဘားတစ်ခုအတွင်း မူးယစ်ဆေးသုံးစွဲထားသည့် မြန်မာနိုင်ငံသား ၄၁ ဦးဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပိုစ့် သတင်းဌာနကဖော်ပြသည်။ ယမန်နေ့ (ဩဂုတ်လ ၁၅ )ရက် ညပိုင်းတွင် ဘန်ကောက်မြို့၊...

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

0
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

မူဆယ်နယ်စပ်ဂိတ်တွင် စစ်ကောင်စီအပေါင်းအပါများ တရုတ်လိုင်စင်မဲ့ကားကို ပေါ်တင်သွင်းနေ

0
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင်ရှိ နယ်စပ်ဂိတ်တွင် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ် ပူပေါင်းပြီး တရုတ်ဘက်တွင်းရှိ လိုင်စင်မဲ့ကားကို ဆင်ဖြူဂိတ်တွင် ပေါ်တင်သွင်းနေကြောင်း စုံစမ်းသိရသည်။ ထိုတရုတ်နိုင်ငံဘက်မှ လိုင်စင်မဲ့ကားများတင်သွင်းရာတွင် မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးဖြစ်ပြီး၊ ၎င်းသည် စစ်တပ်နှင့်ပူးပေါင်းပြီး လာဘ်ငွေယူပြီးခွင့်ပြုနေကြောင်း သိရသည်။ “ အခုလိုင်စင်မဲ့ကားတွေကို ဌာနဆိုင်ရာအကြီးနဲ့ စစ်တပ်က ပူးပေါင်းပြီး ပေါ်တင်သွင်းနေတာ။...