ချင်းမိုင်တွင် တရုတ်အိမ်အကူ မြန်မာတစ်ဦးနှင့် နိုင်ငံမဲ့တစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ ဟန်ဒုံး (Hang Dong) မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားအလုပ်သမား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။

ယမန်နေ့ (ဇွန်လ ၁၆ ရက်) က ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ဟန်ဒုံးမြို့နယ်၊ နောင်ခွိုင်တိုက်နယ် (Nong Khwai) အတွင်းရှိ သတင်းရရှိသည့် နယ်မြေကို ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁ ဦးနှင့် စည်းကမ်းဖောက်ဖျက်ထားသည့် မြန်မာနိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ တရုတ်နိုင်ငံသားဖြစ်သူသည် ထိုင်းနိုင်ငံအတွင်းသို့ DTV (Destination Thailand Visa) အမျိုးအစား ဗီဇာဖြင့် ဝင်ရောက်လာသူ ဖြစ်သော်လည်း အလုပ်လုပ်ကိုင်ခွင့် (Work Permit) တစ်စုံတစ်ရာ လျှောက်ထားခြင်းမရှိဘဲ တရုတ်ပြည်တွင်းရှိ တရုတ်လူမျိုးများထံသို့ အွန်လိုင်းမှတစ်ဆင့် ထိုင်းရိုးရာ ဘုရားဆင်းတုတော်များနှင့် အဆောင်လက်ဖွဲ့များကို ရောင်းချနေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထိုဖမ်းဆီးမှုအတွင်း ၎င်းတရုတ်နိုင်ငံသား ငှားရမ်းထားသော နေအိမ်၌ အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကိုလည်း တွေ့ရှိခဲ့ရပြီး အဆိုပါအိမ်တွင် အလုပ်လုပ်ကိုင်နေသည်မှာ တစ်လခန့်ရှိပြီဖြစ်သော်လည်း အလုပ်ရှင်ပြောင်းလဲမှုအား သက်ဆိုင်ရာသို့ အကြောင်းကြားထားခြင်းမရှိသည့်အတွက် စည်းကမ်းဖောက်ဖျက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူ တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားတို့ကို သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းကာ တရားဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

အလားတူ တစ်ရက်တည်းတွင်ပင် (ဇွန်လ ၁၆ ရက်) ချင်းမိုင်လဝက ပူးပေါင်းအဖွဲ့သည် ဟန်ဒုံးမြို့နယ်၊ ဆော့မဲခါတိုက်နယ် (Sop Mae Kha) အတွင်းရှိ ပျံကျဈေးဆိုင်ခန်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

စစ်ဆေးမှုအတွင်း သစ်သီးဆိုင်ခန်းတစ်ခု၌ သစ်သီးများ ကိုယ်တိုင်ရောင်းချနေသည့် တရားဝင်နိုင်ငံသားမှတ်ပုံတင်ထားခြင်းမရှိသူ (နိုင်ငံမဲ့/စာရင်းမရှိ နေထိုင်သူ) ၁ ဦးကို တွေ့ရှိခဲ့ပြီး အလုပ်လုပ်ကိုင်ခွင့်တစ်စုံတစ်ရာမရှိဘဲ လုပ်ကိုင်နေသည်ကို စိစစ်တွေ့ရှိခဲ့သည်။

အဆိုပါ နိုင်ငံမဲ့အမျိုးသမီးသည် ၎င်းရောင်းချနေသည့် သစ်သီးဆိုင်ကို ဖွင့်လှစ်ရောင်းချလာခဲ့သည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ထိုနောက် ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့က လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ တရားဥပဒေကြောင်းအရ ဆက်လက်စစ်ဆေးအရေးယူနိုင်ရန်အတွက် ဟန်ဒေါင်းရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများထံသို့ လွှဲပြောင်းပေးအပ်ကာ အမှုဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၂ဉီးဒဏ်ရာရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု သတ္တုတွင်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများက နယ်စပ်ဖြတ်ကျော်ကာ...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...