ကိုဗစ်ကူးစက်မှုနှုန်းတိုးလာသဖြင့် သျှမ်းပြည်တောင်ပိုင်း ကျန်းမာရေးဝန်ထမ်းအင်အားမလုံလောက်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုမိုများပြားလာပါက ကျန်းမာရေး ဝန်ထမ်းအင်အား လုံလောက်မှု မရှိနိုင်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ကပြောသည်။

ဒီဇင်ဘာ (၁၅) ရက်ထိ တောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း (၁၃၁) ဦးရှိကြောင်း သိရသည်။

“ကိုဗစ်က ဒီထက်များလာလို့ရှိရင် ကျနော်တို့ဝန်ထမ်းတွေ အနေနဲ့ ပိုပြီးတော့မှ လိုအပ်မှု ရှိလာမှာပေါ့နော်။ ကျန်းမာရေး စောင့်ရှောက်မှုဆိုရင်တော့ ဝန်ထမ်းအင်အားက လုံလောက်မှု အနေအထားပေါ့။ သို့သော်လည်း ကိုဗစ်ကို ရင်ဆိုင်ရတဲ့အချိန်မှာ ကျနော်တို့က မလုံလောက်နိုင်ဘူးပေါ့။” ဟု မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တောင်ကြီးမြို့ပေါ်တွင် Quarantine Center စုစုပေါင်း (၁၃) ခု ဖွင့်လှစ်ထားပြီး ပိုးတွေ့ လူနာ ပိုမိုများပြားလာပါက တိုးချဲ့ရန် လိုအပ်ကြောင်း၊ ဝန်ထမ်း အင်အားအနေဖြင့်လည်း လုံလောက်မှု ရှိနိုင်မည် မဟုတ်ကြောင်း ဒေါက်တာ မိုးထွန်း ကပြောသည်။

“Quarantine Center တွေကတော့ လိုအပ်လို့ရှိရင်တော့ တိုးချဲ့မှာပေါ့နော်။ ဒါပေမယ့် ဝန်ထမ်းအင်အား အနေနဲ့ကတော့ လုံလောက်မှု ရှိနိုင်မှာမဟုတ်တော့ဘူး။ ပိုးတွေ့တဲ့ လူနာ များလာမယ်ဆိုရင် ပိုးတွေ့လူနာ တစ်ယောက် နောက်မှာက သူ့ရဲ့ အိမ်မှာ Quarantine ဝင်ရမှာက ၅ ယောက်လောက်ရှိမယ်ဆိုလို့ရှိရင် Quarantine ဝင်ဖို့က တစ်ဖြေးဖြေး ပိုများလာမှာပေါ့နော်။” ဟု ဒေါက်တာ မိုးထွန်း ကဆိုသည်။

Quarantine ဝင်သူများ၏ ဓါတ်ခွဲနမူနာကို ၃ ရက်မြောက်နေ့တွင် ၁ ကြိမ် နှင့် ၁၁ ရက်မြောက်နေ့တွင် ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် စစ်ဆေးရမည်ဖြစ် သဖြင့် ၂ ဆ ပိုမို အလုပ်လုပ်သွားရမည်ဖြစ်ကြောင်း ဒေါက်တာမိုးထွန်း ကပြောသည်။

“လူနာက အစတုန်းက (၁၀၀) မကျော်သေးဘူးပေါ့နော်။ အခုက ၁၃၁ ဖြစ်သွားပြီဆိုတော့ သူတို့ Positive ဖြစ်တာနဲ့အမျှ နောက်မှာပဲ သူတို့နဲ့ ထိတွေ့ခဲ့တဲ့သူတွေက ၅ ယောက်လောက်တွေ့ရင် ကျနော်တို့က ၆၅၀ ကျော်လောက်ဖြစ်မှာပေါေ့နာ်။ Quarantine Center မြို့ပေါ် ၁၃ ခုရှိတယ်။ အဲ့ ၁၃ ခုမှာ လူတွေက ပြည့်နေပြီပေါ့နော်။ ဟိုနေ့ဆိုရင် swab ယူတာ ၅၀၀ ကျော်လောက်ရှိတာပေါ့နော်။
ကျနော်တို့ ကျန်းမာရေး အနေနဲ့ တစ်ယောက်တည်းယူရင် လူ (၅၀၀) ဘယ်လို လုပ်ပြီး ယူနိုင်မှာတုနး် လူအင်အားကို ၈ ယောက်ထားပြီးတော့မှ ၂ နေရာကို တစ်ယောက်နှုန်းနဲ့ သွားယူရတဲ့ အနေအထားဖြစ်သွားတာပေါ့။ ဝန်ထမ်းအင်အားနဲ့ဆိုရင် အခက်အခဲက အများကြီးဖြစ်နေပြီ။” ဒေါက်တာမိုးထွန်း ကပြောသည်။

သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု ဌာနဆိုင်ရာ (တောင်ကြီး) ထုတ်ပြန်ချက်အရ သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း (၇၀၃) ဦး ရှိပြီး၊ သျှမ်းပြည်တောင်ပိုင်း (၄၃၇) ဦး၊ သျှမ်းပြည်မြောက်ပိုင်း (၁၄၁) ဦး နှင့် သျှမ်းပြည်အရှေ့ပိုင်း ( ၁၂၅) ဦး တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

နီပါ ဗိုင်းရပ်စ် အတွက် ဆေးမရှိသေး

0
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Nipah Virus (နီပါ ဗိုင်းရပ်စ်) ပြန်လည်ကူးစက်ခံရမှု ၅ ဦးအထိတွေ့ရှိပြီးနောက် လူနာများနှင့် ဆက်စပ်ခဲ့သည့် လူ ၁၀၀ ဦးခန့်အား နေအိမ်များတွင်သာ နေထိုင်ရန် ဒေသအာဏာပိုင်များမှညွှန်ကြားထားကြောင်း အိန္ဒိယ သတင်းဌာန New Delhi Television...
Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...