Friday, April 19, 2024

တာချီလိတ်မြို့ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၆ဦးထပ်တွေ့ စုစုပေါင်း ၉၀ ကျော်ရှိ

Must read

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့လည်ပိုင်းအချိန်ထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၆ ဦးထပ်မံတွေ့ရှိကြောင်းစုံစမ်းသိရှိသည်။

Photo Credit to CNCMC-တာချီလိတ်ရောက်ထိုင်းနိုင်ငံသားများအား ထိုင်းအစိုးရထံပြန်လည်ပို့ဆောင်

ထိုပိုးတွေ့၆ ဦးတွင် ထိုင်းနိုင်ငံမှ တရားမဝင်ရောက်ရှိလာသော သူများထဲမှ ၂ ဉီးဖြစ်ကြောင်း သိရသည်။

“ ဒီနေ့တော့ ၆ ယောက်ရှိပြီ။ မန်းရံကျေးရွာကပါ။ သူတို့က တာချီလိတ်မြို့ထဲလာတာရှိတယ်။ ပြီးတော့ ဈေးထဲသွားတာရှိသေးတယ်” ဟု သျှမ်းပြည်အရှေ့ပိုင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက် ကပြောသည်။

ထိုပိုးတွေ့လူနာထဲတွင် ကလေးငယ် ၅ ဦးတစ်ဦးပါဝင်ပြီး အသက် ၆၀ လူနာတစ်ဦးပါဝင်ကြောင်း သိရသည်။ ပိုးတွေ့သူများသည် ကျန်းမာရေးကောင်းမွန်ကြောင်း ဒေါက်တာဘစိုးသက် ကပြောသည်။

ထိုင်းနိုင်ငံမှ တရားမဝင်ရောက်ရှိလာသူ ၄၀ ကျော်ရှိပြီး ၄င်းတို့အား အမှတ် ၁ အချုပ်ခန်းတွင်  ထားရှိကြောင်းသိရသည်။ 

“ ထိုင်းနိုင်ငံကနေ ဝင်ရောက်လာသူက တော့ ဒီနေ့က ၂ယောက်ထပ်တွေ့တယ်။ မနေ့ကလည်း ၂ယောက်တွေ့တယ်။ အမျိုးသမီးတွေဘဲ” ဟု ဒေါက်တာဘစိုးသက် ကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့သည် ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့လည်ပိုင်းအချိန်ထိတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၉၃ ဦးရှိပြီး ဆေးရုံဆင်းလူနာ ၂၂ ဦးရှိကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article