ကိုဗစ်ကူးစက်မှုမြင့်နေသေးသည့် တာချီလိတ်မြို့တွင် စျေးများ မနက် ၁၀ နာရီအထိသာရောင်းချခွင့်ပြု

ကိုဗစ်ကူးစက်မှုနှုန်း မြန်ဆန်သော သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စျေးများကို မနက် ၁၀  နာရီထိသာရောင်းချခွင့်ပြုတော့မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ကိုဗစ်ကူးစက်မှုကြောင့် လူတွေအပြင်မထွက်ရဲကြဘဲ တာချီလိတ်မြို့တွင်းခြောက်ကပ်နေပုံ

တာချီလိတ်မြို့တွင်းရှိ ဈေးများအားလုံး ဒီဇင်ဘာ ၈ ရက်နေ့မှစတင်ပြီး မနက်ဈေးအဖြစ်သာရောင်းချခွင့် ပြုသွားတော့မည် ဖြစ်ကြောင်းသိရသည်။

“ ဒီမှာက မနက် ၁၀ နာရီထိဘဲရောင်းချခွင့်ပြုတော့မှာ။ နေ့လည်ဈေးနဲ့ ညဈေးက မရှိတော့ဘူးပေါ့။ တာချီလိတ်မှာက ကိုဗစ် များလာတယ်လေ” ဟု တာချီလိတ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် ကပြောသည်။

တာချီလိတ်မြို့တွင် ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့ထိ ကိုဗစ် ၁၉ အတည်ပြုလူနာ စုစုပေါင်း ၇၄ ဦးရှိကြောင်းသိရသည်။  ဟိုတယ်၀န်ထမ်းမှတဆင့် တပတ်အတွင်း ကိုဗစ်ကူးစက်သူတဟုန်ထိုးတက်လာနေပြီဖြစ်သဖြင့် စျေးသည်များပါမကျန် ကိုဗစ်ပိုးတွေ့ရှိလာခဲ့ရာ ထိုသို့စျေးများကို နံနက်ပိုင်းတွင်သာရောင်းချရန် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“ စျေးတွေဆိုရင် နံနက် ၁၀ နာရီကျော်သွားရင် မပေးရောင်းတော့ဘူး။ အခု မနက်ပိုင်းဘဲဖွင့်ရတာ ” ဟု  ဈေးသည်   နန်းဟွမ် ကပြောသည်။

 အိမ်ဆိုင်များမှာမူ ည ၁၀ နာရီအထိသာဖွင့်ခွင့်ပေးကြောင်း၊ စားသောက်ဆိုင်များမှာလည်း တာချီလိတ်မြို့တွင်းကိုဗစ်ကူးစက်မှု ၁၀ ဉီးစရှိသော ကူးစက်မှု တတိယမြောက်နေ့ (နို၀င်ဘာလ  ၂၈ ရက်နေ့)ကတည်းက ဆိုင်ထိုင်ခွင့်မပြုတော့သကဲ့သို့ ညနေပိုင်း အသားကင်ဆိုင် စားသောက်ဆိုင်များပိတ်ထားရသည်အထိဖြစ်ရကြောင်း မြို့ခံများပြောပြချက်အရသိရသည်။

ဒီဇင်ဘာလ ၈ ရက် ယနေ့တွင်လည်း တာချီလိတ်မြို့တွင် ကိုဗစ်ထပ်မံကူးစက်လူနာ ၁၀ ဉီးတိုးပြီးထိုအထဲတွင် လသားကလေးငယ်တဉီးပါကြောင်းသိရသည်။

“ပြီးခဲ့တဲ့ ၃-၄ ရက်ကတော့ခြောက်ကပ်နေတယ်။ ဒီနေ့ညနေပိုင်းတော့ လူတွေစားစရာတွေထွက်လာ၀ယ်ကြတယ် အရမ်းစည်တယ်။ အားရှိမယ့်အစားအစာတွေလည်း စားပေးရမယ်လေနော် အားရှိအောင်နေရမယ်လေ။ “- ဟု စျေးသည် နန်းဟွမ်က ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ အတည်ပြုလူနာသည် တစ်နေ့တွင် လူ ထောင်ချီးပိုးတွေ့လာရသောကြောင့် ဆရာဝန်များ နှင့် ပရိဟိတ အဖွဲ့များက အပြင်မထွက်ကြရန်နှင့် ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာပေးကြရန် အကြံပြုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...