Thursday, May 2, 2024

သျှမ်းပြည်တွင်းကိုဗစ်-၁၉ အတည်ပြုလူနာ ရ၀၀ ကျော်ရှိ

Must read

သျှမ်းပြည်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၇၂၀)ရှိကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ (၁၃) ရက် စာရင်းအရ သျှမ်းပြည်တွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၇၂၀) ဦး ၊ သေဆုံးသူ (၃) ဦး နှင့် ဆေးရုံမှ ဆင်းခွင့်ရသူ (၅၁၇) ဦး ရှိကြောင်း သျှမ်းပြည်နယ် အစိုးရထံ မှ စုံစမ်းသိရှိရသည်။

ထိုအထဲတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ နှင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တို့သည် ကိုဗစ်-၁၉ ကူးစက်မှု အများဆုံး ဖြစ်သည်။

ဒီဇင်ဘာ (၁၄) ရက်တွင် သျှမ်းပြည်တောင်ပိုင်းရှိ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာန (တောင်ကြီး) မှ ဓါတ်ခွဲနမူနာ စုစုပေါင်း (၇၆၉) ခု ကို စစ်ဆေးသွားမည်ဖြစ်ပြီး အဖြေများကို ဒီဇင်ဘာ ၁၅ ရက် နှင့် ၁၆ ရက်နေ့များတွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာန (တောင်ကြီး) မှ ထုတ်ပြန်ထားသည်။

အဆိုပါ ဓါတ်ခွဲနမူနာများကို ကယားပြည်နယ် နှင့် သျှမ်းပြည်အရှေ့ပိုင်း တို့ဖြစ်သည်။

ဒီဇင်ဘာ (၁၃) ရက်နေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း ( ၁၀၈,၃၄၂) ဦး၊ ဆေးရုံဆင်းခွင့်ရသူ ( ၈၆,၇၉ ၅) ဦး နှင့် သေဆုံးသူ (၂,၂၆၈) ဦး တို့ရှိကြောင်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article