သီပေါတွင် အရက်မူးပြီး မိသားစုဝင်များ၏ဆိုင်ကယ်များအား မီးရှို့မှုဖြစ်ပွါး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း အမူးသမားတစ်ဦးက မိမိဆိုင်ကယ် (၃) စီးကို ပြန်လည်မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဓါတ်ပုံ-ဒေသခံ- ညောင်ကိုးပင်ရွာ ဆိုင်ကယ်မီးရှို့မှု

သီပေါမြို့နယ် ညောင်ကိုးပင်ရွာတွင် ဒီဇင်ဘာ (၁၃) ရက် မွန်းလွဲ (၁၂) နာရီဝန်းကျင်ခန့်က အရက်သောက်ထားသည့်လူတစ်ဦး နေအိမ်အဆာက်အဦး ရှေ့ခြံဝင်းအတွင်း မိသားစုဝင်များ၏ ဆိုင်ကယ် (၃) စီး စုပုံပြီး ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့ရာ ဆိုင်ကယ် (၃) စီးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သီပေါဒေသခံ စိုင်းလောဝ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဆုံးရှုံးမှု တန်ဖိုးကတော့ (၁၃) သိန်းလောက်ရှိမယ်။ ထိခိုက် ဒဏ်ရာ ရရှိတဲ့သူတွေတော့ မရှိပါဘူး။” ဟု စိုင်းလောဝ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မိမိဆိုင်ကယ်ဖြင့် မီးရှို့သူမှာ ဦးစိုင်းခမ်းလူ ဖြစ်ပြီး ၄င်းကို ပုဒ်မ (၃၄၅) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“မနေ့ညကတည်းက သူ့ကို အချုပ်မှာ ထားထားတယ်။ ဒီနေ့တော့ ရမန်ယူရမယ့်ရက် ရမန်ယူပြီးတော့ ထောင်ကြီး ကို ပို့မှာပေါ့နော်။ ပုဒ်မ (၄၃၅) နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။” ဟု ဒေသခံ စိုင်းလောဝ် က ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးစိုင်းခမ်းလူ ကို သီပေါမြို့မ ရဲစခန်းမှာ (ပ)၁၂၄/၂၀၂၀ ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၄၃၅ မီးရှို့ဖျက်ဆီးမှုနှင့် အမှုဖွင့် အရေးယူထားပြီး အသေးစိတ်များကို စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

ဆိုင်ကယ်ဆူညံကြောင့် ချင်းမိုင်ရှိ အလုပ်သမား ၁၂ ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Chan Phueak ဈေးအတွင်း အလုပ်လုပ်ကိုင်နေသည့် သျှမ်း (တိုင်ယိုင်) အလုပ်သမား ၁၂ ဦးကို အများပြည်သူအား စိတ်အနှောင့်အယှက်ဖြစ်စေမှုနှင့် အလုပ်သမားဥပဒေ ဖောက်ဖျက်မှုတို့ဖြင့် ဧပြီလ ၈ ရက်နေ့က အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ Chan Phueak ဈေးအတွင်း...

သီပေါဒေသခံတစ်ဦးကို အသက်သေဆုံးသည်အထိ MNDAA စစ်ဆေးရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စုတွင် ဒေသခံအမျိုးသားတစ်ဦးအား ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများမှ သေဆုံးသည်အထိ စစ်ဆေးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂၉) ရက် ည(၈)နာရီခန့်တွင် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ပန်မြိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၆၃) နှစ်အရွယ် လုံးပန်သည် တောင်ယာတဲ အိပ်စောင့်ရန်...