ဆိုင်ကယ်ဆူညံကြောင့် ချင်းမိုင်ရှိ အလုပ်သမား ၁၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Chan Phueak ဈေးအတွင်း အလုပ်လုပ်ကိုင်နေသည့် သျှမ်း (တိုင်ယိုင်) အလုပ်သမား ၁၂ ဦးကို အများပြည်သူအား စိတ်အနှောင့်အယှက်ဖြစ်စေမှုနှင့် အလုပ်သမားဥပဒေ ဖောက်ဖျက်မှုတို့ဖြင့် ဧပြီလ ၈ ရက်နေ့က အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ Chan Phueak ဈေးအတွင်း အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားအချို့သည် ဆိုင်ကယ်ကို အိတ်ဇောသံ ဆူညံစွာဖြင့် အရှိန်ပြင်းမောင်းနှင်ခြင်း၊ ပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်းနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများ ရှိနေခြင်းကြောင့် အဆိုပါဈေးအနီး နေထိုင်သူများက အုပ်ချုပ်ရေးရုံးသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ချင်းမိုင်မြို့နယ် အုပ်ချုပ်ရေးမှူး Mr. Warut Wisitsin ၏ ညွှန်ကြားချက်အရ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဧပြီလ ၈ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုများအရ ဈေးအရှေ့ရှိ စားသောက်ဆိုင်များတွင် အလုပ်လုပ်ကိုင်နေသည့် သျှမ်းအလုပ်သမား ၁၂ ဦးသည် နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်များ ရှိနေသော်လည်း ၎င်းတို့၏ လက်ရှိအလုပ်ရှင်နှင့် အလုပ်လုပ်ကိုင်ရာ နေရာကို သက်ဆိုင်ရာ အလုပ်သမားဌာနသို့ အကြောင်းကြားရန် ပျက်ကွက်ခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူ ၁၂ ဦးလုံးကို Chan Phueak ရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေကြောင်းအရ ဆက်လက်အရေးယူသွားမည် ဖြစ်သည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် စာရွက်စာတမ်း အထောက်အထား အပြည့်အစုံ ရှိရုံတင် မကဘဲ ထိုင်းနိုင်ငံ ဥပဒေများနှင့် စည်းကမ်းချက်များကိုပါ လိုက်နာရန် လိုအပ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်သူများက တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်လဝကမှ ပျံကျဈေးများကို ပိတ်ဆို့စစ်ဆေး၊ မြန်မာဈေးသည် ၉ ဦးထပ်မံဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ ချင်းမိုင်မြို့တွင်းရှိ Tha Sala နယ်မြေ ပျံကျဈေးဆိုင်ခန်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ဈေးသည် ၉ ဦးအပါအဝင်၊ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း Chiang Mai Immigration မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...