Tuesday, January 27, 2026

CATEGORY

အမြင်သဘောထား

တီမောလက်စ်တေ သို့မဟုတ် နွေဦးတော်လှန်ရေးအတွက် ဒီမိုကရေစီ မဟာမိတ်

နိဒါန်း တီမောလက်စ်တေ။ အရှေ့တီမောနိုင်ငံဟု မြန်မာပြည်သူအများစု သိမှတ်ထားကြသည်။ စစ်အာဏာသိမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူလူထုဘက်တွင် အရှေ့တီမောအစိုးရက ရပ်တည်သည်။ နွေဦးတော် လှန်ရေးကာလ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို အရှေ့တီမောအစိုးရက တခုတ်တရဆက်ဆံသည်။ စစ်အုပ်စု၏ စစ်အာဏာသိမ်းမှုကို ရှုတ်ချသည်။ ထို့ကြောင့် ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁...

အရေးပေါ်ဖြေရှင်းရမည့် တော်လှန်ရေးတပ်ဖွဲ့များအကြား ပွတ်တိုက်မှုများ

နိဒါန်း “ကျွန်တော်တို့အားလုံးဟာ ‌တော်လှန်ရေးမှာ လုပ်ကိုင်ဆောင်ရွက်ပုံတွေ မတူညီကြပေမယ့် လျှောက်တဲ့လမ်း ချင်းတူလို့ လူချင်းတွေ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တလှေတည်းစီး တခရီးတည်းသွားသူချင်း တတ်နိုင် သ၍ ညီညီညွတ်ညွတ်၊ ဖေးဖေးမမနဲ့ ပန်းတိုင်အောင်ပွဲကိုပဲ အာရုံပြုပြီး လျှောက်လှမ်းကြရမှာဖြစ်ပါတယ်။” ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)...

သတိပြုရတော့မည့် စစ်အုပ်စု စပွန်ဆာဒိုင်ယာလော့

နိဒါန်း “သူမ ဒိုင်ယာလော့ကို အားပေးပါတယ်” အထက်ပါပြောစကားသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဆိုသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်း (Don Pramudwinai) ၏ တဆင့်စကားဖြစ်သည်။ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီးတွင် သတင်းမီဒီယာကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ပြောဆိုခဲ့သလား ဟူသည်က အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့်...

သျှမ်းပြည်နယ်အတွင်း အမျိုးသားစည်းလုံးညီညွှတ်ရေး နဲ့ အတူယှဉ်တွဲနေထိုင်ရေးအကြား ချိန်ခွင်လျှာ

နန်းခေါန်လိတ်၊ ၂၀၂၃ သြဂုတ် ၆ ၂၀၁၅-၁၆ နှစ်ပိုင်း ကစ သျှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့_ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေဖြစ်တဲ့ RCSS/SSA နဲ့ PSLF/TNLA-SSPP/SSA တို့အကြား_ လက်နက်ကိုင်ပဋိပက္ခမီးဟာ ကနေ့အထိ အရှိန်မသေသေးပါ။ ဒါဟာ ခေတ်အဆက်ဆက် ဗဟိုထိန်းချုပ်မှု နဲ့ စစ်ဓလေ့ကဲတဲ့ စနစ်ဆိုးရဲ့ သက်ရောက်မှု...

မြန်မာ့အရေးအတွက် ခြေရှုပ်လာသည့် တရုတ်

နိဒါန်း ကိုယ်ကျိုးစီးပွားအတွက် ဝါးပင်ကဲ့သို့ ယိမ်းနွဲ့လှုပ်ရှားလေ့ရှိသည့် တရုတ်နဂါးသည် ယခုမေလဆန်းပိုင်းအတွင်း လှုပ်လှုပ်ရှားရှား ဆော့ကစားလာပြီ ဖြစ်သည်။ ထင်မှတ်မထားသော အကွက်အဆန်းများကြောင့် စောင့်ကြည့် လေ့လာသူများအတွက် ရင်သပ်ရှုမောဖွယ်ဖြစ်ခဲ့ရသည်။ သို့သော် ဤသည်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး အသစ် မစ္စတာချင်ကန်း(Qin Gang)၏ မြန်မာ့အရေးအတွက် ခြေလှမ်းအစနှင့် ဦးတည်ရာကို လှစ်ဟပြသနေ ခြင်းသာ ဖြစ်ပါသည်။ ယခုတစ်ပတ်...

စဝ်ခွန်ပန်းစိန် စာအုပ်ဝေဖန်ချက်

စာအုပ်ဝေဖန်ချက် -မြန်မာနိုင်ငံတော် ပထမဆုံးသမ္မတရာထူးကိုငြင်းပယ်ခဲ့သော တအာင်း (ပလောင်) တိုင်းရင်းသား တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန် စာရေးသူ -စိုင်းမင်း (ရှမ်းပြည်နယ် မြောက်ပိုင်း) ထုတ်ဝေသူ -Yoma Cherry Publishing House၊ ရန်ကုန်။ထုတ်ဝေရက် -2023 ၊ ဇန္နဝါရီလ။ မကြာမီက ဤစာအုပ်ကို မြန်မာပြည်မှ အလည်ရောက်လာသော မိတ်ဆွေတစ်ဦးထံမှ လက်ခံရရှိတဲ့အတွက်...

ထိုင်းအစိုးရကို NUG ချဉ်းကပ်ဖို့ လိုပြီ

နိဒါန်း တစ်ချိန်က ယိုးဒယားခေါ် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ရှည်လျားသော နယ်မြေထိစပ်မှုရှိသည့်အလျောက် မြန်မာနိုင်ငံသားများအတွက် အားကိုးအားထားရာ ရွှေ့ပြောင်းနိုင်ငံတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ သို့သော် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအတွက်မူ လုံလောက် သည့် လုံခြုံမှုနှင့် အကာအကွယ်ပေးမှုများ ရရှိနေသလားဆိုသည်က မေးခွန်းထုတ်ဖွယ်ဖြစ်နေပါသည်။ အထူးသဖြင့် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းနေသည့် ကာလတစ်လျှောက်လုံးတွင်...

လက်ခုပ်ကိုတစ်ဖက်ထဲတီးတဲ့ထုံးကိုရပ်ကြစို့

၁၉၈၈-၉၀ တစ်ဝိုက်တွင် ဒီမိုကရေစီသည် ပဌမလား၊ ဖက်ဒရယ်သည် ပဌမလား၊ အကြိတ်အနယ်ဆွေးနွေးမှုဖြစ်ခဲ့ရာတွင် အဆုံး၌နှစ်ဖက်စလုံးက ဒီမိုကရေစီနှင့်ဖက်ဒရယ် သည် ဒင်္ဂါးပြား၏ခေါင်းနှင့်ပန်းပမာခွဲ၍မရကြောင်း၊ တူတူယှဥ်တွဲလုပ်ဆောင်မှသာ အောင်ပွဲ ခံရမည်ဖြစ်ကြောင်းသဘောတူသုံးသပ်ချက်ချခဲ့သည်ဟုသိရပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင်လက်ခုပ်ကိုနှစ်ဖက်တီးမှ အသံမြည်မည်ဖြစ်ကြောင်း သဘောတူခဲ့ကြခြင်းဖြစ်သည်။ သို့သော်တော်လှန်ရေးအနှစ် ၅၀ ကျော်အတွေ့အကြုံရှိခဲ့သောပအိုဝ်းခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာ အဆိုအရ သမိုင်း၏ခါးသီးသည့်အတွေ့အကြုံမှသင်ခန်းစာကို ယခုထိယူရန်ခက်ခဲနေသေးကြောင်းတွေ့ရပါသည်။ ပဌမအတွေ့အကြုံမှာ ၁၉၆၉-၁၉၇၃ အတွင်း...

ပြည်ထောင်စုသမိုင်းဝင် လင်းခေးဦးထွန်းမြင့် 

ရှမ်းအမျိုးသားသစ္စာဖေါက်လား? ရှမ်းမျိုးချစ် ပဒေသရာဇ်ဆန့်ကျင်ရေးသမားလား? လင်းခေးဦးထွန်းမြင့် သို့မဟုတ် ထွန်းမြင့်ကြီးမှာ သူနှင့်အမည်တူ တောင်ကြီးဦးထွန်းမြင့် သို့မဟုတ် ထွန်းမြင့်လေးနှင့် မတူသည်မှာ သူ့အကြောင်းကိုကိုယ်တိုင်သော်၄င်း၊ အခြားမိတ်ဆွေများကသော်၄င်း၊ ရေးသားမှုနည်းပါးခြင်းဖြစ်ပါသည်။ သူ့အကြောင်းကို စုံစုံစေ့စေ့ရေးသားသည်မှာသာယာဝတီအောင်ရှင်းက သူကွယ်လွန်ပြီး နောက်ထုတ်ဝေခဲ့သော အတ္ထုပ္ပတ္တိစာအုပ်သာရှိပါသည်။ ဤစာအုပ်ကိုရန်ကုန်စာအုပ်ဆိုင် ဟောင်းတစ်ခုတွင်အမှတ်မထင်တွေ့မိ၍ ဝယ်ခဲ့သော်လည်း ယခုမှ ဖတ်ရှုရခြင်းဖြစ်ပါ သည်။ သူ့အမြင်နှင့်စာရေးသူ၏အမြင်ပေါင်း၍ရေးသားသောကြောင့် အဓိပ္ပါယ်ကောက်...

စစ်အာဏာသိမ်း ၂ နှစ်ပြည့် လူငယ်တွေရဲ့ ဘာတွေမျှော်လင့်နေလဲ

စစ်တပ်မှ နိုင်ငံတော် အာဏာကိုသိမ်းယူလာခဲ့တာ ယနေ့ (ဖေဖော်ဝါရီ ၁) ရက်နေ့ဆိုရင် ၂ နှစ်တင်းတင်းပြည့် ခဲ့ပါပြီ။ ၂ နှစ်တာ ကာလအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ စုစုပေါင်း (၂,၉၄၀) ဦး ကျဆုံးခဲ့ရပါတယ်။ စစ်တပ် အာဏာသိမ်းပြီး ၂ နှစ်တာ...

Latest news