တီမောလက်စ်တေ သို့မဟုတ် နွေဦးတော်လှန်ရေးအတွက် ဒီမိုကရေစီ မဟာမိတ်

နိဒါန်း

တီမောလက်စ်တေ။ အရှေ့တီမောနိုင်ငံဟု မြန်မာပြည်သူအများစု သိမှတ်ထားကြသည်။ စစ်အာဏာသိမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူလူထုဘက်တွင် အရှေ့တီမောအစိုးရက ရပ်တည်သည်။

နွေဦးတော် လှန်ရေးကာလ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို အရှေ့တီမောအစိုးရက တခုတ်တရဆက်ဆံသည်။ စစ်အုပ်စု၏ စစ်အာဏာသိမ်းမှုကို ရှုတ်ချသည်။

ထို့ကြောင့် ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက် မတိုင်မီ မြန်မာနိုင်ငံမှ ထွက်ခွာရန် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြား ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာအစိုးရများ၏ ဖယ်ကျဉ်ဖိအားပေးမှုများကို ကြီးမားစွာ ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာအဝန်းအဝိုင်းကို သွေးတိုးစမ်းလိုက်ခြင်းဟုလည်း မှတ်ယူနိုင်သည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် မြန်မာ့နွေဦးတော်လှန် ရေး ကာလအတွင်း အရှေ့တီမောအစိုးရ၏ ဆောင်ရွက်ချက်များနှင့် မြန်မာပြည်သူလူထုဘက် ရပ်တည် အားပေးမှုများကို လေ့လာတင်ပြသွားပါမည်။

တီမောလက်စ်တေ သို့မဟုတ် နွေဦးတော်လှန်ရေးအတွက် ဒီမိုကရေစီ မဟာမိတ်

ဖြစ်စဉ်

၂၀၂၃ ခုနှစ် သြဂုတ်လ ၂၇ ရက်တွင် ဖြစ်သည်။ ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံ အား မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာရန် သြဂုတ်လ ၂၅ ရက်တွင် အကြောင်းကြားခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တီမောလက်စ်တေအစိုးရသည် ၎င်းတို့၏ ဆက်တိုက် သတိပေးမှုများအကြားမှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အားပေးအားမြှောက်ပြုကာ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နေသည်ဟုလည်း ထုတ်ပြန်ချက်က ဆိုပါသည်။

တီမောလက်စ်တေအအစိုးရတော့ အာဏာသိမ်းစစ်အုပ်စု၏ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ထိုနေ့တွင် ပင် ကြေညာခဲ့ပြီး မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည့်အကြောင်း၊ အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် လူ့အခွင့်အရေးစံနှုန်းများကို လိုက်နာပြီး အကျပ်အတည်းဖြေရှင်းရေးအတွက် ငြိမ်းချမ်းစွာ အဖြေရှာရန် တိုက်တွန်းထားပါသည်။

ဒီမိုကရေစီ အခြေခံမူဝါဒများနှင့် စံနှုန်းများ၊ တရားဥပဒေစိုးမိုးမှုနှင့် လူသားဂုဏ်သိက္ခာ တို့ကို တန်ဖိုးထားသည့် တီမောလက်စ်တေနိုင်ငံ၏ ရပ်တည်ချက်သည် နိုင်ငံတကာအသိုင်းအဝိုင်းမှ အစိုးရများအတွက်လည်း စံနမူနာ ထားသင့်သည့် ရပ်တည်ချက်ဖြစ်ကြောင်း သြဂုတ်လ ၂၈ ရက်တွင် NUG က ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်း စစ်အုပ်စု၏ ဖိအားပေးမှုအမျိုးမျိုးအကြားမှ မြန်မာပြည်သူလူထုဘက်တွင် ရပ်တည်ကြောင်း ပြသခဲ့သည့် တီမောလက်စ်တေအစိုးရ၏ ရပ်တည်ချက်ကို အစဉ်အမြဲ အမှတ်ရနေမည် ဟုလည်း ဆိုပါသည်။

တီမောလက်စ်တေနှင့် NUG

တီမောလက်စ်တေ (ခေါ်) အရှေ့တီမောနိုင်ငံသည် ချက်သမ္မတနိုင်ငံပြီးလျှင် NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကာ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်သည့် ဒုတိယမြောက်နိုင်ငံ ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်၊ (၉) ကြိမ်မြောက်အရှေ့တီမောအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အရှေ့တီမောသမ္မတ ဂျို့စ်ရာမို့ဟော်တာ (Jose Ramos-Horta) က NUG ကို တရားဝင်ဖိတ်ကြားခဲ့သည်။

ဇူလိုင်လ ၁ ရက်မှ ၅ ရက် အထိ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာ‌အောင်နှင့် ကိုယ်စားလှယ်အဖွဲ့၏ အရှေ့တီမောခရီးစဉ်အတွင်း သမ္မတဟော်တာအပါအဝင် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့ဖြင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်လက်ပူးပေါင်း‌ဆောင်ရွက်ရေးနှင့် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များအတွက် ဆွေးနွေးနိုင်ခဲ့ကြောင်း NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ပါသည်။

တီမောလက်စ်တေ သို့မဟုတ် နွေဦးတော်လှန်ရေးအတွက် ဒီမိုကရေစီ မဟာမိတ်

အရှေ့တီမောနိုင်ငံအနေဖြင့် စစ်အာဏာသိမ်းမှုအား တကြိမ်တခါမျှ မကြုံတွေ့ရဖူးသော်လည်း ဒီမိုကရေစီယဉ် ကျေးမှုအား ကမ္ဘာကြီးကို ချပြကာ ဒီမိုကရေစီနည်းလမ်းတကျ လျှောက်လှမ်းသွားမည့်အကြောင်းနှင့် မြန်မာ နိုင်ငံမှ စစ်အာဏာရှင်များအား အာဆီယံအနေဖြင့် ဖိအားမပေးနိုင်သေးသရွေ့၊ မြန်မာ့အရေးအား အာဆီယံအ နေဖြင့် မဖြေရှင်းနိုင်သေးသရွေ့ အာဆီယံအဖွဲ့ထဲ ဝင်ရောက်မည်မဟုတ်ကြောင်း ၂၀၂၃ ခုနှစ် သြဂုတ်လ ၇ ရက်တွင် အရှေ့တီမောသမ္မတဟော်တာနှင့် ဝန်ကြီးချုပ် ဇာနာနာဂတ်စ်မို့တို့က ပြောဆိုခဲ့ပါသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်ပြီး ဘက်ပေါင်းစုံမှ ဆန့်ကျင်တော်လှန်ဖိအားပေးနေသည့် နွေဦးတော်လှန်ရေး၏ စစ်မျက်နှာအသီးသီးတွင် NUG ၏ နိုင်ငံတကာသံခင်းတမန်ခင်း စစ်မျက်နှာသည် အာဏာသိမ်းစစ်အုပ်စုအား ကြီးမားစွာဖိအားပေးထား နိုင်သည်ဟု ဆိုရပါမည်။

ချက်သမ္မတနိုင်ငံ၊ သြစတြေးလျ၊ ပြင်သစ်၊ ဂျပန်၊ ယူကေ၊ နော်ဝေ၊ တောင်ကိုးရီးယားနှင့် အမေရိကန်နိုင်ငံတို့ တွင် NUG ၏ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ကာ သက်ဆိုင်ရာနိုင်ငံများမှ အစိုးရအဖွဲ့အကြီးအကဲများ၊ လွှတ်တော်တာဝန်ရှိသူများ၊ နိုင်ငံရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံလျက်ရှိသည်။

စစ်အာဏာသိမ်းမှုအား ကန့်ကွက်ရှုတ်ချပြီး ဒီမိုကရေစီအရေး အားပေးသော နိုင်ငံတကာအစိုးရများအနေဖြင့်လည်း မြန်မာနိုင်ငံ အတွင်းမှ ၎င်းတို့၏ သံတမန်များကို အဆင့်လျှော့ချကာ စစ်အုပ်စုအား အသိအမှတ်မပြုကြောင်း ပြသခဲ့ကြသည်။

သုံးသပ်တင်ပြချက်

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းကာလ ၂ နှစ်ခွဲကျော် ကြာမြင့်လာသည်အထိ နိုင်ငံတကာအစိုးရအများစု သည် အာဏာသိမ်းစစ်အုပ်စုအား အသိအမှတ်မပြုဘဲ ဖယ်ကျဉ်ဖိအားပေးကာ မြန်မာပြည်သူလူထု၏ နွေဦး တော်လှန်‌ရေးနှင့်အတူ ရပ်တည်ကြောင်း ပြသလျက်ရှိသည်။

တရုတ်၊ အိန္ဒိယ၊ ထိုင်း စသော အိမ်နီးချင်းနိုင်ငံ များသည်ပင် အာဏာသိမ်းစစ်အုပ်စုအား အကျိုးစီးပွားအရ မကင်းရာမကင်းကြောင်း ဆက်ဆံနေရသည့် အခြေအနေတွင် ရှိပါသည်။


အာဏာသိမ်းစစ်အုပ်စုနှင့် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သော နွေဦးတော်လှန်ရေးအင်အားစုများအကြား အလေးသာမည့် အစုအဖွဲ့ကို စောင့်ကြည့်ကာ မြန်မာနိုင်ငံအတွင်းမှ ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်နိုင်ရေး တွက်ချက်နေကြသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အရှေ့တီမောသမ္မတဂျို့စ်ရာမို့‌ဟော်တာ နှင့် အရှေ့တီမောအစိုးရအဖွဲ့သည် ဒီမိုကရေစီယဉ်ကျေးမှုကို ဦးစားပေးရွေးချယ်ကာ လက်နက်အားကိုးဖြင့် တရားမဝင် စစ်အာဏာသိမ်းမှုအား ရှုတ်ချပြီး မြန်မာ့နွေဦးတော်လှန်ရေး (ဝါ) လူထုတော်လှန်ရေးနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့သည်။

နိုင်ငံတကာ သံခင်းတမန်ခင်းတွင် အကြီးအကျယ်ကျရှုံးနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အာဏာသိမ်း စစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံတနိုင်ငံ၊ အစိုးရတစ်ရပ်၏ သံရုံးတာဝန်ခံတစ်ဦးအား နှင်ထုတ်သည့် လုပ်ရပ်သည် နိုင်ငံတကာအဝန်းအဝိုင်းအား ပထမဦးဆုံးအကြိမ် သွေးတိုးစမ်းလိုက်ခြင်း ဖြစ်သည်။

သို့သော် ဆိုခဲ့ပါ အာဏာသိမ်းစစ်အုပ်စု၏ အရှက်မဲ့လုပ်ရပ်အား ဆောဒကမတက်ဘဲ မြန်မာပြည်သူ လူထုနှင့်အတူ ဒီမိုကရေစီအရေးအတွက် ဆက်လက်ရပ်တည်မည့် အကြောင်း ထုတ်ပြန်ခဲ့ခြင်းကို ထောက်ရှ ကြည့်ပါက အရှေ့တီမော၏ ဒီမိုကရေစီအရေး၊ ဒီမိုကရေစီ ယဉ်ကျေးမှုအတွက် ရပ်တည်ချက်သည် လက်တွေ့ကျသည်ဟု ဆိုရပါမည်။

အမေရိကန်၊ ယူကေ၊ သြစတြေးလျ၊ ဂျာမဏီ၊ ချက် စသော နိုင်ငံတကာအစိုးရများအတွက်လည်း အရှေ့တီမောကဲ့သို့ ရွေးချယ်စရာများ ကြုံတွေ့လာနိုင်ကြောင်း ရှုမြင်မိပါသည်။

အရှေ့တီမောဟု မြန်မာပြည်သူအများ သိမှတ်ထားကြသည့် တီမောလက်စ်တေနိုင်ငံသည် မြန်မာ့နွေဦးတော်လှန်ရေးအား အားပေးထောက်ခံလျက်ရှိ သော နိုင်ငံတကာအစိုးရများအတွက် စံပြုဖွယ်ရာ ရပ်တည်ချက်ကို ပြသသွား ပါသည်။

တီမောလက်စ်တေနိုင်ငံနှင့် အစိုးရအဖွဲ့သည် နွေဦးတော်လှန်ရေးနှင့် မြန်မာပြည်သူလူထုအတွက် ဒီမိုကရေစီမဟာမိတ်အဖြစ် သက်သေပြနေကြောင်း မှတ်တမ်းပြုတင်ပြအပ်ပါသည်။
(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၁၉ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...