ထိုင်းအစိုးရကို NUG ချဉ်းကပ်ဖို့ လိုပြီ

နိဒါန်း

တစ်ချိန်က ယိုးဒယားခေါ် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ရှည်လျားသော နယ်မြေထိစပ်မှုရှိသည့်အလျောက် မြန်မာနိုင်ငံသားများအတွက် အားကိုးအားထားရာ ရွှေ့ပြောင်းနိုင်ငံတစ်ခုဟုလည်း ဆိုနိုင်ပါသည်။

သို့သော် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအတွက်မူ လုံလောက် သည့် လုံခြုံမှုနှင့် အကာအကွယ်ပေးမှုများ ရရှိနေသလားဆိုသည်က မေးခွန်းထုတ်ဖွယ်ဖြစ်နေပါသည်။

ထိုင်းစစ်ဦး စီးချုပ် ဗိုလ်ချုပ် Chalermpol Srisawat နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့ တွေ့ဆုံခဲ့စဥ်

အထူးသဖြင့် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းနေသည့် ကာလတစ်လျှောက်လုံးတွင် ထိုင်းအစိုးရသည် မြန်မာပြည်သူလူထု၏ တောင်းဆိုဟစ်ကြွေးသံများကို လစ်လျူရှုကာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့် လက်ချင်းချိတ်ဆက် ထိတွေ့မှုကို ရဲတင်းစွာလုပ်ဆောင်ပြနေပါသည်။ နှစ်နိုင်ငံ စစ် ခေါင်းဆောင်များအချင်းချင်း လက်ဝါးချင်းရိုက်၊ ကျောချင်းကပ်၊ ရင်ချင်းထပ်ကာ မြန်မာ့နွေဦးတော်လှန်ရေးကို ပြက်ရယ်ပြုနေကြသည်ဟု ဆိုရပါမည်။

ယခုတစ်ပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင်း နွေဦးတော်လှန်ရေး အင်အားစုများအပါအဝင် မြန်မာနိုင်ငံသားများအပေါ် အန္တရယ်ပြုလာသော ထိုင်းနိုင်ငံ အစိုးရခေါင်းဆောင်များ ၏ လှုပ်ရှား‌‌မှုများ၊ ချဉ်းကပ်မှုများကို လေ့လာတင်ပြသွားပါမည်။

ထူးခြားဖြစ်စဉ်

အာဏာသိမ်းစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်ကောင်စီတပ်အား ခုခံတော်လှန်စစ်ဆင်နွှဲ နေသည့် Lion Battalion ဗျူဟာစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေးတာဝန်ခံ ကိုထက်နေ ဝင်းနှင့် တပ်သား ကိုစောဖြိုးလေးတို့ (၃)ဦးအား ထိုင်းနိုင်ငံ တာ့ခရိုင် မဲ‌ဆောက်မြို့တွင် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက် က ထိုင်းလူဝန်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။

မဲဆောက်မြို့ဘက်ကမ်းကူးကာ ‌ဆေးကုလာသည့် ဆိုခဲ့ပါ Lion Battalion မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) သုံးဦးအား ဧပြီလ ၄ ရက် နံနက်အစောပိုင်း တွင် မြဝတီမြို့တောင်ဘက်ရှိ အင်ကြင်းမြိုင်ကျေးရွာလှေဆိပ်မှတဆင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြား စောင့်တပ်(BGF)ထံ ထိုင်းအာဏာပိုင်များက လွှဲပေးခဲ့သည်။

ယင်းသို့လွှဲပြောင်းစဉ်အတွင်း အရပ်ဝတ်ဖြင့် လိုက်ပါခဲ့ရသော PDF သုံးဦးအနက် ကိုသီဟနှင့် ကိုစောဖြိုးလေး တို့နှစ်ဦးသည် သောင်ရင်းမြစ်လယ်အရောက်တွင် လှေပေါ်မှ ခုန်ဆင်းက ထွက်ပြေးရန် ကြိုးပမ်းသည့်အတွက် BGF တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခြင်းကို ခံရကာ ပြန်လည်ဖမ်းခဲ့ပြီး ကိုစောဖြိုးလေးသည် အဆိုပါသေနတ်ဒဏ်ရဖြင့်ပင် အသက်သေဆုံးသွားပြီဟုလည်း သိရသည်။

ယနေ့အချိန်အထိ ထိုင်းအာဏာပိုင် များက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)ထံ လွှဲပြောင်းပေးလိုက်သော PDF သုံးဦးသည် သေသလား၊ ရှင်သလားမသိရဘဲ အဆက်အသွယ်ပျက်တောက်သွားခဲ့ပြီဟု ဆိုရပါမည်။ ယခုကိစ္စအတွက် အာဏာသိမ်းစစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်တပ်(BGF)ကလည်း ယနေ့အချိန်အထိ သတင်းထုတ်ပြန် ခြင်းမျိုး မတွေ့ရသေးပေ။

Lion Battalion ဗျူဟာစစ်ကြောင်းမှ ဖမ်းခံရသည့် PDF

ယခုလို ဆေးကုသဖို့ လာရောက်သည့် PDF သုံးဦးအား ဖမ်းဆီးကာ ကရင်နယ်ခြားစောင့်တပ်(BGF) မှဆင့် အာ ဏာသိမ်းစစ်ကောင်စီထံ လွှဲအပ်ပေးခဲ့သည့် ထိုင်းအာဏာပိုင်များ၏ လုပ်ရပ်သည် လူသားမဆန်သော လုပ်ရပ် ဖြစ်ကြောင်း ထောက်ပြကာ ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ The Commoners’ Party က သဘောထားထုတ် ပြန်ခဲ့သည်။

ဧပြီ ၈ ရက်၊ The Commoners’ Party ၏ ထုတ်ပြန်ချက်တွင် ထိုင်းအာဏာပိုင်များ၏ အဆိုပါလုပ် ရပ်အား ကန့်ကွတ်ရှုတ်ချကြောင်းနှင့် လက်ရှိအိမ်‌စောင့်အစိုးရ ခေါင်းဆောင်ဝန်ကြီးချုပ်ပရာရွတ်အနေဖြင့် အဆိုကိစ္စရပ်အတွက် ပြည်သူလူထုထံ လူသိရှင်းကြား ဖြေရှင်းပေးရန် တောင်းဆိုထားပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း PDF တပ်ဖွဲ့ဝင် သုံးဦးအား BGF မှတင့် အာဏာသိမ်းစစ်အုပ်စု ထံ လွှဲပြောင်းပေးလိုက်ခြင်းသည် နိုင်ငံတကာရဲလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိကြောင်း ဧပြီ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းလုပ်ရပ်သည် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုများအပါအဝင် အ ကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်းခိုလှုံနေကြသော မြန်မာနိုင်ငံသားများ၏ အသက်အန္တ ရယ်နှင့် လုံခြုံရေးကို ခြိမ်းခြောက်လာသည့် ကိစ္စရပ်ဖြစ်ကြောင်း NUG က ဆိုပါသည်။ အဆိုပါဖြစ်စဉ်နှင့်တကွ အလားတူဖြစ်စဉ်များကိုလည်း အထူးအလေးထားဦးစားပေး၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စဉ်ဆက်မ ပြတ် ဆက်သွယ်ညှိနှိုင်း ဖြေရှင်းလျက်ရှိကြောင်း NUG က ဆိုပါသည်။

ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးဂယက်

ဧပြီလ ၁၇ ရက်၊ နေ့စွဲဖြင့် ဖြစ်သည်။ မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစားများ ဖြစ်သည့် အလည်အပတ် ပတ်စ် ပို့(Passport for Visit-PV) နှင့် ပညာရေးပတ်စ်ပို့(Passport for Education – PE)တို့အတွက် သက်တမ်းတိုး နိုင်ရန် လိုအပ်သည့် စာရွက်စာတမ်းများကိစ္စကို ထုတ်ပြန်သည်။

“မြန်မာနိုင်ငံတွင် နေထိုင်သည့် ဒေသမှရဲစခန်း ထောက်ခံစာနှင့် ရပ်ကွက်ထောက်ခံစာ၊ မြန်မာနိုင်ငံမှ ပြန်တမ်းဝင်အရာရှိတစ်ဦးထောက်ခံစာ(အရာရှိ၏ ဝန် ထမ်းကဒ်ပူးတွဲပါရှိရမည်)၊ မိဘနှစ်ပါးထောက်ခံချက်(နိုင်ငံသားစိစစ်ရေးကဒ်များ ပူးတွဲပါရှိရမည်)၊ ကာယကံ ရှင်၏ ပြည်ပရောက်နေချိန်ဆောင်ရွက်မှုအသေးစိတ်ကိုယ်ရေးစာ၊ ကျောင်းတက်နေပါကာ ကျောင်းနှင့်ပတ် သက်သော အထောက်အထားများ”ဟူ၏။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အာဏာသိမ်းစစ်အုပ်စုသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်းမြန်မာပြည် သူပြည်သားများအပေါ် ပစ်မှတ်ထားကာ ၎င်းတို့၏ ထိန်းချုပ်နိုင်စွမ်း၊ ကန့်သတ်နိုင်စွမ်းကို ပြသရန်အတွက် ကြိုးပမ်းခြင်းဟု ဆိုနိုင်သော်လည်း ထိုင်းနိုင်ငံအတွင်းရှိ မြန်မာပတ်စ်ပို့စ်ကိုင်ဆောင်ထားသော နိုင်ငံသားများ အတွက်မူ ကြီးမားသည့် စိန်ခေါ်မှုအခက်အခဲတစ်ရပ် ဖြစ်စေပါသည်။

၂ နှစ်သက်တမ်းကျော်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့် ယခုကိစ္စအတွက် နှုတ်စိတ်နေ သည်ကို တွေ့ရပါသည်။

သုံးသပ်တင်ပြချက်

ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် ဧပြီလ ၂၁ ရက်၊ နေပြည်တော်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် တွေ့ဆုံခဲ့သည်။

“မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ် ညမ်းမှုဆိုင်ရာ လျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် လူကုန်ကူးမှုများ၊ မူးယစ်ကုန်သွယ်မှုများနှင့် လက်နက်ကုန်သွယ်မှုများ ပ ပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စ”အတွက် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန် သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်ကလည်း (၈)ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ဘက် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို အကြောင်းပြုပြီး ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်း‌ခြေတွင် ထိုင်းစစ်ဦး စီးချုပ် ဗိုလ်ချုပ် Chalermpol Srisawat နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့ တွေ့ဆုံခဲ့သေးသည်။

ထိုင်းစစ်ဦး စီးချုပ် ဗိုလ်ချုပ် Chalermpol Srisawat နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့ တွေ့ဆုံခဲ့စဥ်

ဆိုရသော် လက်ရှိထိုင်းအစိုးရအဖွဲ့ ခေါင်းဆောင်များသည် မြန်မာအာဏာသိမ်းစစ်ခေါင်း‌ဆောင်နှင့် ခိုင်မာအား ကောင်းသော ဆက်ဆံရေးမျိုးရှိကာ “လက်ဝါးချင်းရိုက်၊ ကျောချင်းကပ်၊ ရင်ချင်းထပ်”ဆိုသည့် မူထုံးကို ပုံသွင်း နေကြသလားဟု သံသယဖြစ်ဖွယ်ရှိပါသည်။

နွေဦးတော်လှန်ရေးအင်အားစုများအတွက် ထိုင်းအစိုးရ၏ လူသား ဆန်စွာ ချဉ်းကပ်မှုနှင့် မြန်မာပြည်သူပြည်သားများအပေါ် စာနာပေးနိုင်မှုသည် အထူးလိုအပ်နေသည်ဟု ဆိုရပါ မည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့်လည်း တရားဝင်သည်ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ ထိုင်းနိုင် ငံအတွင်း ရောက်ရှိနေကြသော မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် အကာအကွယ်ပေးနိုင်ရေးကို ချဉ်းကပ် ကြိုးပမ်းရပေလိမ့်မည်။

နွေဦးတော်လှန်ရေးအား အစိုးရတစ်ရပ်အနေဖြင့် ဦးဆောင်ဦးရွက်ပြုနေသော NUG သည် ထိုင်းနိုင်ငံ၏ အရေးပါမှုကို အလေးထားစဉ်းစားချဉ်းကပ်သင့်ကြောင်း ရှုမြင်မိပါသည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော မြန်မာပြည်သူပြည်သားများ၏ လုံခြုံမှုအတွက်ဖြစ်စေ ၊ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ရရှိနိုင်ရေးအတွက်လည်း ထိုင်းအစိုးရသည် အခရာကြနေပါသည်။

PDF သုံးဦးအား ဖမ်းဆီးကာ အာဏာသိမ်းစစ်ကောင်စီထံ ဝကွက်အပ်ခဲ့သည့် ထိုင်းအစိုးရ လူဝန်မှုကြီးကြပ်ရေး အရာရှိများ၏ လုပ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်လာနိုင်ဟု အာမမခံနိုင်သကဲ့သို့ ပတ်စ်ပို့စ်စာအုပ်ကို အကြောင်းပြုပြီး အာဏသိမ်းစစ်အုပ်စု၏ ထိန်းချုပ်မှုအောင် ရောက်ရှိသွားနိုင်သည့် ထိုင်းနိုင်ငံအတွင်းမှ မြန်မာနိုင်ငံသူနိုင်ငံသား များ၏ အရေးကိုလည်း အလေးထားဆောင်ရွက်ရန်အတွက်လည်း တော်လှန်ရေးအစိုးရတစ်ရပ်အနေဖြင့် NUG တွင် တာဝန်ရှိနေကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၀၁ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာဒုက္ခသည်များအား အလုပ်လုပ်ခွင့်ပြုသည့် ထိုင်းနိုင်ငံသည် အာရှနိုင်ငံများအတွက် စံပြဖြစ်ဟု ကုလသမဂ္ဂပြော

0
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော မြန်မာဒုက္ခသည်များအား ထိုင်းအစိုးရက အလုပ်အကိုင်ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် လူပေါင်း ၅,၅၀၀ ကျော် အလုပ်အကိုင်ရရှိခဲ့သည်။ ထို လုပ်ဆောင်ချက်သည် ဒုက္ခသည်ပြဿနာရင်ဆိုင်နေရသည့် အာရှဒေသတွင်းနိုင်ငံများအတွက် ရှေ့ဆောင်လမ်းပြစံပြနမူနာတစ်ခု ဖြစ်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအကူအညီများကို...

ထိုင်းတွင်ဆေးလိပ်သောက်သူအသစ် လုံးဝမရှိလာစေရေး ဥပဒေပြဋ္ဌာန်းရန် အစိုးရစဉ်းစားနေ

0
ထိုင်းနိုင်ငံတွင် ဆေးလိပ်သောက်သုံးသူအသစ်များ မပေါ်ပေါက်လာစေရန် သတ်မှတ်ထားသော နှစ်နောက်ပိုင်းမွေးဖွားသူ လူငယ်များအား ဆေးလိပ်နှင့် နီကိုတင်းထုတ်ကုန်များ တရားဝင်ဝယ်ယူခွင့် အပြီးတိုင်ပိတ်ပင်မည့် "နီကိုတင်းကင်းစင်သော မျိုးဆက် (Nicotine-Free Generation)" မူဝါဒကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက စတင်လေ့လာသုံးသပ်နေကြောင်း The Nation Thailand တွင်ဖော်ပြသည်။ မေလ ၂၈ ရက် (ကြာသပတေးနေ့)...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...