မြန်မာ့အရေးအတွက် ခြေရှုပ်လာသည့် တရုတ်

နိဒါန်း

ကိုယ်ကျိုးစီးပွားအတွက် ဝါးပင်ကဲ့သို့ ယိမ်းနွဲ့လှုပ်ရှားလေ့ရှိသည့် တရုတ်နဂါးသည် ယခုမေလဆန်းပိုင်းအတွင်း လှုပ်လှုပ်ရှားရှား ဆော့ကစားလာပြီ ဖြစ်သည်။

ထင်မှတ်မထားသော အကွက်အဆန်းများကြောင့် စောင့်ကြည့် လေ့လာသူများအတွက် ရင်သပ်ရှုမောဖွယ်ဖြစ်ခဲ့ရသည်။ သို့သော် ဤသည်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး အသစ် မစ္စတာချင်ကန်း(Qin Gang)၏ မြန်မာ့အရေးအတွက် ခြေလှမ်းအစနှင့် ဦးတည်ရာကို လှစ်ဟပြသနေ ခြင်းသာ ဖြစ်ပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor အပတ်စဉ်သတင်းသုံးသပ်ချက်တွင် မြန်မာ့အရေးအတွက် လှုပ် ခတ်ဆော့ကစားလာသော တရုတ်အစိုးရ၏ အကွက်သစ်၊ အကွက်ဆန်းများအား လေ့လာတင်ပြသွားပါမည်။

သတင်းဖြစ်စဉ်များ

၂၀၂၃ခုနှစ် မေလ ၁ ရက်တွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ (Noeleen Heyzer) နှင့် တွေ့ ဆုံခဲ့သည့် မစ္စတာချင်ကန်း(Qin Gang)သည် မေလ ၂ ရက်မှ ၄ ရက်အထိ ကြာမြင့်သည့် မြန်မာနိုင်ငံခရီးစဉ်ကို စတင်ခဲ့သည်။

“မြန်မာ့အရေးဟာ ပြည်တွင်းပြည်ပ အကြောင်းအချက်တွေနဲ့အတူ ရှုပ်ထွေးနက်နဲတာမို့ အမြန်ဖြေရှင်းနိုင်ဖို့ နည်းလမ်းမရှိဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ်က ပြောဆိုခဲ့သည်။

မေလ ၂ ရက်တွင်တော့ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်‌ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီဘက်တော့ မစ္စတာချင်ကန်း(Qin Gang)၏ ခရီးစဉ်သည် “တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်နေမှုကို ပြသခြင်းဖြစ်ကြောင်း” သတင်းထုတ်ပြန်ဝါဒဖြန့်ခဲ့သည်ကို တွေ့ရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်မူ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ် တွင် တရုတ်နိုင်ငံအနေဖြင့် စဉ်ဆက်မပြတ်ပံ့ပိုးကူညီလျက်ရှိနေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူ ဘောင်အောက်တွင် ကွဲလွဲမှုများကို စနစ်တကျကိုင်တွယ်ဖြေရှင်းပြီး အားလုံးပါဝင်သည့် ရင်ကြားစေ့ရေးရရှိရန် အတွက် နိုင်ငံတကာအနေဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်သင့်ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(China-Myanmar Economic Corridor)၏ အဓိက ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသဖြင့် ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။

မစ္စတာချင်ကန်း(Qin Gang) သည် မေလ ၂ ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဥက္ကဌဟောင်းဖြစ်သူ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေဆုံခဲ့ပါသည်။

“တရုတ်-မြန်မာဆက်ဆံရေးဖွံ့ဖြိုးမှုအတွက် ဦးသန်းရွှေရဲ့ အရေးပါတဲ့ပံ့ပိုးမှုတွေအတွက် ကျေးဇူးတင်တယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။

ဆိုရသော် တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ် မစ္စတာချင်ကန်း(Qin Gang)၏ ခရီးစဉ်အတွင်း လှုပ်ရှားဆောင် ရွက်ချက်များသည် အကွက်သစ် အကွက်ဆန်းများ၏ ရုတ်တရက်ရှုမြင်နိုင်သော်လည်း ချဉ်းကပ်မှုနည်းလမ်း များကမူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ရိ(Wang Yi)လက်ထက် အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးမှုအပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံ၏ မျှော်လင့်ချက် (၃)ကို ကျော် လွန်ခဲ့ခြင်းမရှိခဲ့ဟု သုံးသပ်ရပါသည်။

တရုတ်နိုင်ငံ၏ မျှော်လင့်ချက် (၃) ရပ်ဟု အစချီထားသည့် ထုတ်ပြန်ချက်တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပ ဒေမူဘောင်များအောက်၌ မြန်မာနိုင်ငံက နိုင်ငံရေးပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော် ဆောင်ရန်အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအ သွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် တရုတ်နှင့် အာဆီယံအတူတွန်းအားပေးကာ မြန်မာနိုင်ငံ အခြေ အနေနှင့် ကိုက်ညီသော၊ မြန်မာ့ဝိသေသလက္ခဏာဆောင်သော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ကို ရှာဖွေနိုင်ရန် မျှော်လင့်ကြောင်း၊ အာဆီယံက “အာဆီယံနည်းလမ်း” ကို လက်ကိုင်စွဲ၍ ပြည်တွင်းရေး ဝင် ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေးဟူသော အခြေခံမူနှင့် အစဉ်အလာများကို ခိုင်မြဲစေကာ တည်တည်ငြိမ်ငြိမ်နှင့် နှောင့်ယှက်မှုများကို ဖယ်ရှားပြီး စိတ်ရှည်လက်ရှည်ညှိနှိုင်းခြင်းဖြင့် အာဆီယံ၏ “တူညီဆန္ဒ ငါးရပ်”(five-point consensusကို အပြုသဘောဆောင်စွာ အကောင်အထည်ဖော်ရင်း အာဆီယံ၏ ပြီးပြည့်စုံ သောစည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းရန် မျှော်လင့်ကြောင်း”ဟူ၍ တွေ့ရပါသည်။

ဆက်စပ်သတင်းများ

၂၀၂၃ ခုနှစ် မတ်လတွင် စတင်ခန့်အပ်ခြင်း ခံရသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ် မစ္စတာချင်ကန်း(Qin Gang) ၏ မြန်မာ့အရေးအတွက် ချဉ်းကပ်ဆောင်ရွက်ချက်များသည် မစ္စတာဝမ်ရိ(Wang Yi)လက်ထက်ကဲ့သို့ ပင် မြန်မာနိုင်ငံအတွင်း တရုတ်အကျိုးစီးပွားများကိုသာ အခြေပြုချဉ်းကပ်မှုများဖြစ်ပါသည်။

မြန်မာ့ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ထည့်သွင်းစေလွှတ်ထားသည့် မစ္စတာဆုန်ကော်ချန်း(Mr. Sun Guoxiang) နေရာတွင် မစ္စ တာတိန့်ရှီကျွန်း (Mr. Deng Xijun) ကို ပြောင်းလဲတာဝန်ပေးခြင်းနှင့် မြန်မာနိုင်ငံအတွင်း သက်ရှိထင်ရှားစစ် အာဏာရှင်ဟောင်းများအား ချဉ်းကပ်မှု များကိုသာ ထူးခြားစွာ မြင်တွေ့ရသည်ဟု ဆိုနိုင်ပါသည်။

ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လများထဲတွင် တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီ ကျွန်းသည် တရုတ် – မြန်မာနယ်စပ်ရှိ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ များကို ယူနန်ပြည်နယ်အတွင်း ခေါ်ယူကာ တွေ့ဆုံဆွေးနွေးခဲ့သည်။

မစ္စတာတိန့်ရှီကျွန်း (Mr. Deng Xijun) သည် အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် နှစ်ကြိမ်တွေ့ဆုံ ဆွေးနွေးမှု ရှိခဲ့သူဖြစ်သည်။

ဧပြီလ ၁၆ ရက်ကလည်း တရုတ်ကွန်မြူ နစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးညွှန် ကြားရေးမှူးချုပ် မစ္စတာဖန်ရှီဘင်း(Peng Xibin) သည် မြန်မာနိုင်ငံသို့ ရုတ်တရက်ရောက်ရှိလာပြီး စစ်အာဏာ ရှင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သမ္မတဟောင်း အငြိမ်းစားဗိုလ်ချုပ်သိန်းစိန်တို့အား တိတ် တဆိတ် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သည်ဟု ဆိုပါသည်။

ဆိုရသော် တရုတ်အစိုးရ၏ မြန်မာ့အရေးအတွက် လှုပ်ရှားဆောင်ရွက်မှုများကို လေ့လာကြည့်ပါက စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသော မြန်မာပြည်သူလူထု၏ အရေးထက် ပိုမိုသော တရုတ်အစိုးရ၏ အ ကျိုးစီးပွားအတွက် ရတက်မအေးရပုံကို ပိုမိုပြသနေသည်ဟု ရှုမြင်ရပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို မျှော်ရည်လျှောက် လှမ်းနေကြသည့် နွေဦးတော်လှန်ရေးအင်အားစုများ၏ ဦးတည်ရာသည် တရုတ်အစိုးရအတွက် အမြတ်တစုံတ ရာမရှိဟု တွက်ဆထားပုံရပါသည်။

ထို့ကြောင့်သာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် နွေဦးတော်လှန်ရေးအင်အားစုများ၏ အခန်းကဏ္ဍကို ပစ်ပယ်ထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ တဆင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ (EROs)အပါအဝင် အာဆီယံနှင့် နိုင်ငံတကာအဝန်းအဝိုင်းတခုကို စည်းရုံးကာ အာဏာသိမ်းစစ်ခေါင်းဆောင် အပါအဝင် မြန်မာစစ်ခေါင်းဆောင်များနှင့် ချဉ်းကပ်တွေ့ဆုံကာ ခြေရှုပ်လာခြင်းဖြစ်သည်ဟု ရှုမြင်မိပါသည်။

သုံးသပ်တင်ပြချက်

အကျိုးစီးပွားတစ်ခုတည်းကိုသာ တွက်ချက်ချဉ်းကပ်လာခဲ့သည့် တရုတ်အစိုးရ၏ ရွှေ့ကွက်၊ ရွေ့ကွက်များ သည် လက်သင့်ရာ ERO များနှင့် အာဏာသိမ်းစစ်အုပ်စုတစ်ခုတည်းကိုသာ ခါးပိုက်ဆောင်ပြီး ချဉ်းကပ်အဖြေ ထုတ်လာပါက ယနေ့အချိန်ထိ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆန့်ကျင်တော်လှန်နေဆဲဖြစ်သော နွေဦးတော်လှန် ရေးအင်အားစုများ၏ တုံ့ပြန်လှုပ်ရှားမှုများကို မနှေးအမြန်ကြုံတွေ့လာရနိုင်ပါသည်။

ယနေ့မြန်မာ့အကြပ်အတည်း၊ မြန်မာ့အရေးအခင်းအကျင်းနှင့် အနာဂတ်ဦးတည်ရာများသည် ERO တစ်စုတစ် ဖွဲ့ချင်းစီနှင့် အာဏာသိမ်းစစ်အုပ်စုအကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ်အကြပ်အတည်း မဟုတ်တော့ပေ။ ERO များ၊ နိုင်ငံရေးပါတီများ အားလုံးပါဝင်ခြင်းမဟုတ်သည့်တိုင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) စုဖွဲ့မှုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့၏ အုပ်စီးထားနိုင်မှုသည် တရုတ်အစိုးရ၏ အကျိုး စီးပွားအတွက် တွက်ချရာတွင် မဖြစ်မနေထည့်သွင်းရမည့် အကြောင်းအချက်များ ဖြစ်လာနေသည်ကို သတိပြု ရပါမည်။

ထို့အပြင် NUG ထိန်းချူပ်မှုအောက်တွင် ရောက်ရှိမနေသေးသည့် မြို့ပြဒေသအလိုက် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF-LDF) များ၏ အခန်းကဏ္ဍသည်လည်း တရုတ်အစိုးရအနေဖြင့် သတိပြုရပေလိမ့်မည်။

အထွေထွေအကြပ်အတည်းဖြင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်အုပ်စု၏ အရွေ့အယိမ်းသည် ယူကရိန်း ကျူးကျော်စစ် ဆင်နွှဲနေသော ရုရှားအစိုးရဘက် ဦးတည်နေခြင်းကြောင့် ထာဝရခါးပိုက်ဆောင်ခွင့် ပျက်ယွင်း သွားမည့်အရေးအတွက် ဦးစားပေးတွက်ချက်ကာ အကွက်သစ် အကွက်ဆန်းထွင်ပြီး ချဉ်းကပ်လာနေသည့် တရုတ်အစိုးရ၏ ရွေ့ကွက်၊ ရွှေ့ကွက်များကို နွေဦးတော်လှန်ရေးအင်အားစုများအနေဖြင့် သတိထားစောင့် ကြည့်ရပေလိမ့်မည်။

တပြိုင်နက်တည်းတွင်လည်း တရုတ်အစိုးရ၏ မူမမှန်သော ခြေလှမ်းများကို တည့်မတ် ပေးရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုတိုင်းတွင် တာဝန် ရှိနေပြီဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

စစ်အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူများအပေါ် ကျူးလွန်သော အာဏာသိမ်းစစ်အုပ်စု၏ အ ကြမ်းဖက်လုပ်ရပ်များ၊ ဖမ်းဆီးသတ်ဖြတ်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် လေကြောင်းမှ ဗုံး ကြဲပစ်ခတ်တိုက်ခိုက်မှုများအတွက် မြန်မာပြည်သူလူထု၏ တရားမျှတမှုရရှိရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် အာဂျန်ဒါမျိုး တရုတ်အစိုးရ၏ အကျိုးစီးပွားတွင် ပါဝင်နေလိမ့် မည်မဟုတ်ပေ။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၀၂ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

မြန်မာ့အရေးထဲက သယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိုလည်း မမေ့သင့်ပါ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ “အကျပ်အတည်းနှင့် ဖြစ်နိုင်ချေကြား မြန်မာပြည်ကူးပြောင်းရေး အသံ” ဆိုတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒါဟာ (၅) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေးညီလာခံ (International Conference on Burma/Myanmar) ဖြစ်ပြီး ကျနော်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာပါ။ ညီလာခံကို ၂၀၂၆ သြဂုတ်လ ၁၄ ရက်ကနေ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...