Sunday, February 1, 2026

မိုးသက်လေပြင်းတိုက် သျှမ်းပြည်အချို့ဒေသ နေအိမ် နှင့် ဘုန်းကြီးကျောင်း ပျက်စီး

သျှမ်းပြည် မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့အတွင်း မိုးသက်လေပြင်းကျရောက်မှုကြောင့် နေအိမ် (၁၀) အိမ်ကျော် ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။

မိုးသက်လေပြင်းကျပြီး သစ်ပင်များပြိုကျ

ယမန်နေ့ မေ (၈) ရက် ည (၄) နာရီချိန်ခန့်တွင် မိုးသက်လေပြင်း ကျရောက်ပြီး မိုင်းဆတ်မြို့ရှိ ဝိန်းကောင်းရပ်ကွက် နှင့် ဝိန်းနေ ရပ်ကွက် ရှိ ဒေသခံ ပြည်သူနေအိမ်များ နှင့် ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မိုးတွေလေတွေအရမ်းပြင်းတော့ ကျနော်တို့ရွာထဲက အိမ်တွေ ပျက်စီးသွားတာ များတယ်။ တစ်ချို့ဆို အိမ်ခေါင်မိုးလွင့်သွားတာရှိတယ်။ (၁၀) အိမ်ထက် မနည်း အိမ်တွေ ပျက်စီးသွားတာရှိတယ်” ဟု မိုင်းဆတ်ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မိုးသက်လေပြင်းကြောင့် နေအိမ်များ ပျက်စီးသွားသည့်အပြင် ဘုန်းကြီးကျောင်းရှိ စေတီတစ်ဆူလည်း ထီးတော်မြေခ ခဲ့ခြင်း၊ ဓာတ်တိုင်များလည်း လဲကျသွားတာတွေ ရှိကြောင်း သိရှိရသည်။

“လမ်းဘေးက ဓာတ်တိုင်တွေ လဲကျတာရှိတယ်။ မီးကြိုးတွေ လမ်းမပေါ် ရှုပ်ကုန်တယ်။ တချို့ အိမ်ဆိုရင် ဓာတ်တိုင် လဲကျတာရှိတယ်။ ဇရပ် နဲ့ ဆွမ်းစားကျောင်းဆောင် တွေလည်း ပျက်စီးတာတွေရှိတယ်။ ခြံစည်းရိုးတွေလည်း ပျက်စီးတာတွေရှိတယ်” ဟု ဒေသခံ တစ်ဦး ကပြောသည်။

အလားတူ သျှမ်းပြည် လင်းခေးမြို့နယ် နှင် ခိုလမ် မြို့တို့မှာလည်း ယမန်နေ့ မေ (၈) ရက် ညပိုင်းက မိုးသက်လေပြင်း ကျရောက်တဲ့အတွက် လင်းခေးမြို့နယ်ရှိ ပရဟိတ ကျောင်း နှင့် ခိုလမ်မြို့ သီရိမင်္ဂလာကျောင်းတိုက်ရှိ ဆွမ်းစားဆောင်ရဲ့ ကျောင်းခေါင်မိုး ပျက်စီးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...