လက်ခုပ်ကိုတစ်ဖက်ထဲတီးတဲ့ထုံးကိုရပ်ကြစို့

၁၉၈၈-၉၀ တစ်ဝိုက်တွင် ဒီမိုကရေစီသည် ပဌမလား၊ ဖက်ဒရယ်သည် ပဌမလား၊ အကြိတ်အနယ်ဆွေးနွေးမှုဖြစ်ခဲ့ရာတွင် အဆုံး၌နှစ်ဖက်စလုံးက ဒီမိုကရေစီနှင့်ဖက်ဒရယ် သည် ဒင်္ဂါးပြား၏ခေါင်းနှင့်ပန်းပမာခွဲ၍မရကြောင်း၊ တူတူယှဥ်တွဲလုပ်ဆောင်မှသာ အောင်ပွဲ ခံရမည်ဖြစ်ကြောင်းသဘောတူသုံးသပ်ချက်ချခဲ့သည်ဟုသိရပါသည်။

Photo by Credit

တစ်နည်းအားဖြင့်ဆိုလျှင်လက်ခုပ်ကိုနှစ်ဖက်တီးမှ အသံမြည်မည်ဖြစ်ကြောင်း သဘောတူခဲ့ကြခြင်းဖြစ်သည်။

သို့သော်တော်လှန်ရေးအနှစ် ၅၀ ကျော်အတွေ့အကြုံရှိခဲ့သောပအိုဝ်းခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာ အဆိုအရ သမိုင်း၏ခါးသီးသည့်အတွေ့အကြုံမှသင်ခန်းစာကို ယခုထိယူရန်ခက်ခဲနေသေးကြောင်းတွေ့ရပါသည်။

ပဌမအတွေ့အကြုံမှာ ၁၉၆၉-၁၉၇၃ အတွင်း ၀န်ကြီးချုပ်ဟောင်း ဦးနုက ပါလီမန်ဒီမိုကရေစီပါတီ/ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် (PDP/PLA) ကိုဖွဲ့စည်း ကာထိုင်းနယ်စပ်မွန်ကရင်လွတ်မြောက်ရေးနယ်မြေတွင်လက်နက်ကိုင်တော်လှန်ခဲ့သည့် ကာလဖြစ်ပါသည်။

PDP/PLA

ထိုစဥ်က နိုင်ငံခြား အကူအညီကိုငွေကြေးနှင့်အတူလက်နက်ပါရခဲ့သည်။ PDF/PLA မှသုံး သည့်ဂျာမန်လုပ် HK မှာ အသစ်စက်စက်များဖြစ်သည်။

သို့ရာတွင်ထိုတော်လှန်ရေးမှာ မအောင်မြင်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော်ဦးနုမှ တိုင်းရင်း သားများတောင်းဆိုနေသည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ဖက်ဒရယ်ကိစ္စကိုဦးနေ၀င်း ဦးဆောင်သည့် မဆလ ကိုအပြုတ်တိုက်ပြီးခါမှ ဆွေးနွေးမည်ဖြစ်ကြောင်းပြောကြားခဲ့ သောကြောင့်ဖြစ်သည်။ သို့ဖြစ်ပါ၍၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်အရေးအတွက် win-win ဖြစ်ရမည့်ကိစ္စမှာ lose-lose ဖြင့်အဆုံးသတ်ခဲ့ရပါသည်။ ဦးနု၏တော်လှန်ရေးသမားဘ ၀သည်လည်း ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်နိဂုံးချုပ်ခဲ့ရပါသည်။

ဒုတိယအတွေ့အကြုံမှာ ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် တောခိုလာခဲ့ကြသော အရွေးခြယ်ခံအမတ်များက တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၏ ထောက်ကူ မှုဖြင့် ထူထောင်ခဲ့သော အမျိုးသားညွန့်ပေါင်းအစိုရ (NCGUB) ဖြစ်သည်။ 31/7/92 တွင် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံထူထောင်ရေးအတွက် မယ်နယ် ပလောစာချုပ်ကိုပင် နှစ်ဖက်လက်မှတ်ထိုးခဲ့ကြသည်။ ထိုပြင်တစ်နှစ်ကြာတွင် တိုင်းရင်းသားတော်လှန် ရေးခေါင်းဆောင်များဖြင့် ညွန့်ပေါင်းအစိုးရကိုပြန်လည်ဖွဲ့စည်းရန်သဘောတူညီခဲ့ကြ သည်။

NCGUB

သို့ရာတွင် တနှစ်ပြည့်သောကာလ၌ USA တွင်နိုင်ငံတကာကစစ်အစိုးရကို ကုလသမဂ္ဂနေရာမှဖြုတ်ချရေး (UN-seat) ကိစ္စဖြင့်ရောက်နေသည့် ဒေါက်တာစိန်၀င်းက တိုင်းရင်းသားတော်လှန်ရေးခေါင်း ဆောင်များပါ၀င်ပါက ညွန့်ပေါင်းအစိုးရ၏တရား၀င်မှု (legitimacy) ကျဆင်းမည်ဖြစ် ကြောင်းအကြောင်းပြချက်ဖြင့်ပယ်ချခဲ့သည်။

ဤသို့ဖြင့် NCGUB ၏ဒီမိုကရေစီရေးနှင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ ဖက်ဒရယ်ရေးသည်လည်း lose-lose ဖြင့်အဆုံးသတ်ခဲ့ရပြန်သည်။ ဒေါက်တာစိန်၀င်း သည်လည်း 2019 တွင်နေရပ်ဗမာပြည်ပြန်ကာ တော်လှန်ရေးသမား ဘ၀ နိဂုံးချုပ်သွားခဲ့ ပြန်သည်။

ဤသို့ဖြင့်တတိယအတွေ့အကြုံသို့ဆိုက်ရောက်လာပါသည်။
• NLD အမတ်များဦးဆောင်သည့် CRPH ကတိုင်းရင်းသားတော်လှန်ရေးနယ်မြေသို့ ရောက်လာသည်။


• ဖက်ဒရယ်ဒီမိုကရေစီချာတာကိုရေးဆွဲကြသည်။

• လူထုအခြေခံအဖွဲ့အစည်းများ၊ တော်လှန်ရေး အဖွဲ့အစည်းများဖြင့်ပူးတွဲ၍ NUCC ကိုထူထောင်ကြသည်။

• ၂၀၂၀ရွေးကောက်ပွဲကာလတွင်ပညာရှင်များကအကြံပြုခဲ့သည့် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) နာမည်ဖြင့်စင်ပြိုင်အစိုးရထူထောင်ခဲ့သည်။


NUG အစိုးရ အဖွဲ့ဝင်များ ပထမဆုံး ကျမ်းသစ္စာကို အွန်လိုင်းတွင် ကျိန်ဆိုနေစဥ်

ဤအထိမှာ သမိုင်းအတွေ့အကြုံကိုတစ်နည်းတစ်ဖုံသင်ခန်းစာ ယူကြောင်းပြနိုင် သောသာဓကများဖြစ်သည်။ သို့ရာတွင် ဤမျှလောက်ဖြင့်နွေဦးတော်လှန်ရေး အောင်ပွဲခံယူနိုင်ရန်မလုံလောက်ပါ။

• အရေးကြီးသည့်၀န်ကြီးဌာနများ (နိုင်ငံရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ဘဏ္ဍာရေး စသည်) ကို NLD အမတ်များကကိုင်ဆွဲနေကြသည်။ အတွေ့အကြုံများသည့်တော် လှန်ရေးအဖွဲ့အစည်းများ၏ကိုယ်စားလှယ်များမှာ ဒု၀န်ကြီးအဖြစ်ပင်ပါ၀င်ခွင့်မရှိ။

• လူထုနှင့်တော်လှန်ရေးအဖွဲ့အစည်းများအတွက် ပင်တိုင်ဖြစ်သည့် NUCC မှ NLD/CRHP မှနှုတ်ထွက်လိုက်သောအခါ၊ NUCC ရော NLD ပါအလုပ်မဖြစ်တော့ သည်ကိုထင်ထင်ရှားရှားတွေ့နေရပါသည်။ တစ်နည်းဆိုသော် လက်ခုပ်တီး၍အသံ မြည်ဘို့ရန်မဖြစ်နိုင်တော့ပါ။

ထိုကြောင့် NUG ရော တော်လှန်ရေးအဖွဲ့အစည်းများစဥ်းစားသင့်သည်မှာ၊ ယခု အချိန်တွင် ၂၀၂၀ရွေးကောက်ပွဲအောင်မြင်မှုဖြင့်အပေါ်စီး (Holier Than Thou) ပေါ်လစီကျင့်သုံးသင့်သလား။

တော်လှန်ရေးအောင်ပွဲခံနိုင်ရေးအတွက်နှစ်ဖက်ညှိ ညှိနှိုင်းနှိုင်းကိုယ်စွမ်းရာတွင်ပူးပေါင်းလုပ်ဆောင်သွားသင့်သလား။ မရသေးသည့် အာဏာများကိုနှမြောနေသင့်သလား။ ဆုံးဖြတ်ရမည်ဖြစ်ပါသည်။

သို့မဟုတ်ပါက ဦးနုနှင့် ဒေါက်တာစိန်၀င်းတို့လျှောက်ခဲ့သည့်လမ်းအတိုင်းလျှောက် ရမည်ဖြစ်ပါကြောင်း။ ထိုထက်ပိုဆိုးသည်မှာတိုင်းပြည်နှင့်လူထုကပေးထားသည့် အသက်အိုးအိမ်စည်းအားလုံးမှာ ရေစုံမျောတော့မည်ဖြစ်ကြောင်းသတိပေးနိုး ဆော်အပ်ပါသည်။

နေအိမ်မီးရှို့ခံရသည့်ပုံ Photo by Credit

မှတ်ချက်
ကမ္ဘာကျော်စစ်ပညာရှင် ဆွန်းဇူး (Sun Zi) က ယှဥ်ပြိုင်နေသော နှစ်ဖက်တွင် မည်သည့်ဘက်က နိုင်မည်ကိုအကြောင်းရပ် ၅ ချက်အပေါ်အခြေတည်၍ နိုင်းယှဥ် ရမည်ဟုဆိုပါသည်။ ဤတွင် ပဌမ အကြောင်းရပ်မှာ ယခုရေးသားခဲ့သောစာတမ်း နှင့်အထူးဆက်စပ်သည် ဟုမြင်ပါသည်။

၄င်းမှာ Tao ခေါ်သည့် အခြေခံနိုင်ငံရေးမူ ဖြစ်ပါသည်။ ဤမူရှိပါက ဦးဆောင်သူနှင့်နောက်လိုက်လူထုများသည် ရည်မှန်းချက်ပန်းတိုင်တစ်သားတည်းရှိမည်။ သေသည်ရှင်သည်ဖြစ်စေ ဘေးအန္တရာယ် ဟူသမျှကို မကြောက်မရွံ့လက်တွဲရင်ဆိုင်ကြမည်ဟုဆိုပါသည်။ အခြား ၄ ရပ်မှာ ဥတု အာကာသ သဘာ၀၊ ပထ၀ီအနေအထား၊ တပ်မှူး၊ စည်းမျဥ်း ဥပဒေတို့ဖြစ်ပါသည်။

အားလုံးကိုလေးစားလျက်

အညတြလေး

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...