သျှမ်းအမျိုးသားခေါင်းဆောင်ရှိဖို့ လိုနေပြီလား
SHAN -
၂၀၁၈ ခုနှစ် မတ်လတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ပြပွဲကို ကျနော် ရောက်ရှိခဲ့သည်။ ပဲခူးတိုင်းဒေသကြီး အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် မိမိတို့ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့အသုံးအဆောင် ပစ္စည်းများကို ပြခန်းအတွင်း ဝေဝေဆာဆာ ခင်းကျင်းပြသထားသည်ကို တွေ့ရှိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကရင်၊ မွန်၊ ဗမာ၊ သျှမ်း၊ ပအိုဝ်း အစရှိသည့် တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ တိုင်းရင်းသားခေါင်းဆောင်ပုံအသီးသီးကို ပြခန်းအတွင်း အမြတ်တနိုး ချိတ်ဆွဲပြသထားသည်ကို တွေ့ရှိရသည်။ တချို့ အမျိုးသားပြခန်းများတွင် ထင်ရှားကျော်ကြားသည့်သာသနာ့ဘောင်မှ ရဟန်း သံဃာတော် ပုံများကိုပါ ချိတ်ဆွဲပြသထားသည်။ သျှမ်းအမျိုးသား ပြခန်းတွင်မူ တစ်ခေတ်တစ်ခါက စာပေရေးရာတွင် ထင်ရှားကျော်ကြားခဲ့သည့် သျှမ်းစာဆိုတော် (၉)ဦးပုံ ကိုသာ ချိတ်ဆွဲပြသထားတာသည်ကို တွေ့ရှိခဲ့ရပါသည်။ သျှမ်းလူမျိုးတို့တွင် မိမိတို့ လေးစားအားကျရသည့် အမျိုးသားခေါင်းဆောင်များ မရှိဘူးလားဟု အတွေးဝင်မိခဲ့သည်။ သျှမ်းအမျိုးသားများ၏အကျိုးစီးပွားကို ဦးဆောင်ဦးရွက် ပြုပေးသည့် ခေါင်းဆောင် သတ်သတ်မှတ်မှတ် မရှိလို့လား၊ သို့မဟုတ် သျှမ်းတို့တွင် သူတစ်လူ ငါတစ်မင်းဖြစ်နေသဖြင့် မည်သူ့ကို မိမိတို့ အမျိုးသားခေါင်းဆောင်အဖြစ် သတ်မှတ်တင်မြှောက်ရမှန်း မသိ ဖြစ်နေလို့လားဟု ထင်မြင်မိခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျနော်မျှဝေချင်တာက ခေါင်းဆောင်ကောင်း (သို့မဟုတ်) အမျိုးသားခေါင်းဆောင် အကြောင်းပါ။ ဉာဏ်ပညာ အမျှော်အမြင်နှင့် ပြည့်စုံသည့် ခေါင်းဆောင်ကောင်း သို့မဟုတ် အမျိုးသားခေါင်း ဆောင် တစ်ဦးသည် လူမျိုးတစ်မျိုး၏ ပြယုဂ်ဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ ပြယုဂ်လည်း ဖြစ်သည်။ အမျိုးသားခေါင်းဆောင် ရှိခြင်းသည် မိမိတို့ လူမျိုး၏ ထူးခြားသော ဝိသေသ လက္ခဏာကို ကိုယ်စားပြု ဖော်ဆောင်ရုံသာမက မိမိလူမျိုး၊ မိမိအဖွဲ့အစည်းအတွက် စိတ်ဓာတ်ခွန်အားကိုပါ ပေးစွမ်းနိုင်ပါသည်။ သျှမ်းအမျိုးသားခေါင်းဆောင်ကို မတူကွဲပြားမှုကို ကိုယ်စားပြုရာတွင် လည်းကောင်း၊ ပဋိပက္ခ ဖြေရှင်းရာတွင် လည်းကောင်း၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် လည်းကောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင်လည်းကောင်းအမျိုးသားခေါင်းဆောင်၏ အခန်းကဏ္ဍသည် အရေးကြီးလှပါသည်။ သျှမ်းအမျိုးသားခေါင်းဆောင်ကို အမျိုးသားရေးအတွက် လုပ်ဆောင်ခဲ့ကြသည့် တော်လှန်ရေး ခေါင်းဆောင်ဟောင်းများ၊ သမိုင်းကောင်း ရှိခဲ့သည့် စော်ဘွားအမျိုးအနွယ်တော်များ၊ ထင်ရှားကျော်ကြား လူသိများသည့် အထင်ကရ ပုဂ္ဂိုလ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ နိုင်ငံရေး အသိုင်းအဝိုင်းနှင့် နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင် နယ်ပယ်မှ ပုဂ္ဂိုလ်များ အခြားသက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပြီး အရည်အချင်းရှိသည့် ပုဂ္ဂိုလ်များကို တင်သွင်း ရွေးချယ်နိုင်ပါသည်။ ရွေးချယ်နိုင်မည့်အခင်းအကျင်းနှင့် ပလက်ဖောင်း (Platform) လည်းရှိရပါမည်။ ထိုသို့ ရွေးချယ်ရာတွင် သျှမ်းပြည် မျိုးဆက်သစ်လူငယ်များ၏ ဆန္ဒကို ထင်ဟပ်စေပြီး စံနမူနာ ပြုသည့် ခေါင်းဆောင်ကောင်းကို ရွေးချယ်သတ်မှတ်သွားရန်လည်း လိုအပ်ပါသည်။ သျှမ်းပြည်အတွင်း မတူကွဲပြားသည့် ပကတိအခြေအနေကို အရှိအတိုင်း လက်ခံပြီး ယုံကြည်မှု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်လမ်းညွှန်ပေးနိုင်သည့် ခေါင်းဆောင်မျိုးကို ကျနော်တို့ ရှာဖွေရပါမည်။ ထိုခေါင်းဆောင်သည် တိုင်းရင်းသားလူမျိုးစုများ လေးစားရသည့် ပုဂ္ဂိုလ်မျိုး ဖြစ်သည့်အပြင် ကျဆင်းနေသည့် သျှမ်းလူမျိုးများ၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ပြန်လည်မြှင့်တင်ပေးနိုင်မည့် ခေါင်းဆောင်မျိုး ဖြစ်ရပါမည်။ လက်ရှိအချိန်တွင် သျှမ်းပြည်သူလူထုသည် မိမိတို့၏ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့်အကျိုးစီးပွား လုံခြုံရေးကို အကာအကွယ်ပေးနိုင်မည့် ခေါင်းဆောင်နှင့် အဖွဲ့အစည်းမျိုးကို လိုအပ်လျက်ရှိသည်။ မိမိလူမျိုး၊ မိမိအဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများ သို့မဟုတ် ရည်မှန်းချက် ပန်းတိုင်များ အပေါ် အာရုံစိုက်ခံရမှုနှင့် ပံ့ပိုးကူညီမှု လိုအပ်ခြင်းသည် အမျိုးသားခေါင်းဆောင်တစ်ဦး၏ ပါဝင်မှုက အကျိုးရှိနိုင်သော်လည်း ၎င်း၏ ပါဝင်ပတ်သက်မှုသည် စုပေါင်းဆုံးဖြတ်သည့် နည်းလမ်းနှင့်လိုက်လျောညီထွေမှု ရှိသင့်သည်။ နာယက သို့မဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပိုမိုထမ်းဆောင်နိုင်သည်ဟု ရှုမြင်ပါသည်။ မိမိတို့ အသိုင်းအဝိုင်း သို့မဟုတ် အဖွဲ့အစည်း အတွင်းတွင် မျှဝေဆုံးဖြတ်ချက်ချသည့် စိတ်ဓါတ်၊ စုပေါင်း ချဉ်းကပ်မှုရှိသည့် စိတ်ဓါတ်ကိုလက်ကိုင်ထား ရှိရပါမည်။ သျှမ်းလူမျိုးများအားလုံး စည်းလုံးညီညွတ်ပြီး ရှမ်းပြည် အရှည်တည်တံ့ခိုင်မြဲစွာ ရပ်တည်သွားနိုင် ရေးအတွက် အချိန်ကျရောက်လို့နေပြီ ဖြစ်ပါသည်။ အမျှော်အမြင်ရှိပြီး ကိုယ်ကျိုးစွန့် အနစ်နာခံသည့် ခေါင်းဆောင်ကောင်းကို သျှမ်းပြည်သူလူထုက လိုလားတောင့်တလျက်ရှိပါသည်။ မိမိစိတ်နှလုံးကို သိမ်းကျုံးယူနိုင်မည့် စစ်မှန်သည့် ခေါင်းဆောင်ကောင်းတစ်ဦးကို တစ်ညီ တစ်ညွတ်တည်း ရွေးချယ်သတ်မှတ်ပြီး မိမိတို့ သျှမ်းအမျိုးသားခေါင်းဆောင်အဖြစ် တင်မြှောက်သွားကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။ သျှမ်းပြည်အတွင်းရှိ လူမျိုးစုတိုင်းရင်းသားများ အားလုံးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားနိုင်ရေးကို ဖန်တီး တည်ဆောက်နိုင်ကြပါစေ။ “စစ်မှန်သောခေါင်းဆောင်သည် ကွဲပြားခြားနားခြင်းကို ဖန်တီးမည်မဟုတ်။ စစ်မှန်သော ခေါင်းဆောင်သည် လူတို့အား အတူတကွ ပေါင်းစည်းမှုကိုသာ ဆောင်ကြဉ်းပေးမည်ဖြစ်သည်။” စိုင်းဆိုင်မုခ် (၂၈-၉-၂၀၂၄)
SHAN -
သက်ဦးဆန်ပိုင် ဘုရင်စနစ်၏ ပြရုပ်ဖြစ်သည့် နန်းမြို့ရိုးသည် ချိနဲ့စ ပြုနေလေပြီ။ အကျည်းတန်ခဲ့သည့် အတိတ်ကာလ အချို့ကို ဖယ်ရှားကြည့်မြင်ပါမူ ယဥ်ကျေးမှု မြို့တော်သည် တည်ငြိမ်ရင့်ကျက်လှပေသည်။ နိုင်ငံ၏အလယ်ပိုင်း အချက်အခြာ ဒေသဖြစ်သည့် မန္တလေး လွင်ပြင်သည် ကုန်းဘောင်ခေတ်၏ အာဏာဗဟိုချက် ဒေသ ဖြစ်ခဲ့သည်။ ထို့အတူ စစ်အာဏာရှင်တို့သည်လည်း မန္တလေး နန်းမြို့ရိုး...
နေဝန်းနီတို့၏ နောက်ဆုံးနေ့ရက်များ
SHAN -
ရဲတောက်နေသည့် အနီရောင်ပေါ်တွင် ရွှေဝါရောင် ကြယ်တပွင့် ဆင်မြန်းထားသည့် အလံသည် မြို့တွင်းနေရာ အများအပြားတွင် နေရာယူ လွှင့်ထူထားသည်။ လူသူကင်းမဲ့နေသည့် လမ်းမများတွင် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်နေလေ့ရှိပြီး လက်နက်ကြီးနှင့် လေကြောင်းမှ ဗုံးကြဲသံများလည်း ဆူညံနေသည်။ လမ်းဘေးတွင် မည်သူမည်ဝါဟု ခန့်မှန်းရန် ခက်ခဲသည့် အသက်မဲ့ ခန္ဓာကိုယ် အချို့က...
“သျှမ်းမြောက် စစ်ကောင်စီတပ် ပြိုကွဲတော့မည်လော”
SHAN -
ဆွေးနွေးမှုများ မအောင်မမြင် ဖြစ်ပြီးနောက် ကြိုတင်မျှော်လင့်ပြီး ဖြစ်သည့် စစ်ပွဲသည် သျှမ်းမြောက်၌ ပြင်းထန်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ညီနောင်မဟာမိတ်တို့၏ ကြီးမား ကျယ်ပြန့်သည့် ထိုးစစ်သည် ဇန်နဝါရီ ၁၁ ရက်နေ့ ဟိုင်ဂင် သဘောတူညီချက်ကြောင့် ၅ လခွဲကြာ...
ကံဆိုးမိုးမှောင်ကျစေသည့် ပင်လုံစာချုပ်နှင့် လမ်းပျောက်နေသည့် သျှမ်းလူထု
SHAN -
အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နေသည်ဟု ကြွေးကြော်သည့် မြန်မာ စစ်တပ်သည် ဒေသခံများ အထွဋ်အမြတ်ထားသည့်ဘုရားကျောင်းကန်များကို လက်နက်ကြီးသာမက လေကြောင်းကပါ ပစ်ခတ်ဖျက်ဆီး၍ ၄င်းတို့၏ အမျက်ဒေါသကို ဖော်ပြနေသည်။
နှုတ်ဆိတ်နေသောအသံများကိုဖော်ထုတ်ခြင်း
SHAN -
အမှာ ဤစစ်တမ်းကို လက်ခံရရှိ လာသည်မှာလ,အတန်ကြာခဲ့ပါပြီ။သို့သော်သုတေသနလုပ်ခဲ့ သည့်အဖွဲ့ကို ဘာကြောင့် အများသိအောင် မထုတ်ဝေသလဲ? ဟုမေးမြန်းသောအခါ “ကျနော်တို့က ပြည်တွင်းမှာနေတာ၊ အချက်အလက် ကောက်ယူဖို့ရတယ်။ ဒါပေမဲ့ ထုတ်ဝေဖို့ ကတော့ နှစ်ဖက်စလုံးကိုကြောက်နေရတယ်” ဟုဖြေပါသည်။ သို့ဖြစ်ပါ၍၊ ဤစစ်တမ်းကို ဒုတိယအကြိမ် ပြန်လည်ဖတ်ရှုပြီး၊ စစ်တမ်းကောက်ယူသူများ ရော၊ ဖြေကြားသူများပါ ဘေးအန္တရာယ်မရှိရေး၊...
စစ်ပွဲကြားက တရုတ်၏ နယ်စပ်ကုန်သွယ်ရေး အိပ်မက် အလုပ်ဖြစ်နိုင်လား
SHAN -
“စစ်ပွဲ ယာယီ ရပ်စဲရေး” လက်မှတ်ထိုးခဲ့ပြီ ဖြစ်သည်။ သို့သော် မြေပြင်တွင်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ရာ စစ်ပွဲ ယာယီ ရပ်တန့်ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်စလိုသည့် တရုတ်၏ အိပ်မက် လက်တွေ့ကျ မကျမှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာသည်။ သျှမ်းမြောက် စစ်ပွဲများ အရှိန်ပြင်းထန်နေပြီး...
SHAN -
မြေပြင်တွင် တံတားများ ပြိုကျနေသည်။ အိုးအိမ် အပျက်အစီးများသည် မျက်စိ တဆုံးဟု ဆိုရမည်။ သို့သော် ရက် ၆၀ ကျော် ကြာြမင့်လာပြီဖြစ်သည့် တော်လှန်ရေးတပ်များ၏ ထိုးစစ်သည် အောင်မြင်မှုများစွာဖြင့် အရှိန်မြင့်သထက် မြင့်လာနေဆဲ ဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ထောင်စုဟု ကြွေးကြော်ကာ...
လားရှိုးမှသည် မန္တလေး၊ မိတ္ထီလာ လွင်ပြင်ဆီသို့
SHAN -
ဒေါ်လာ ဘီလီယံ ၁၀ ချီ တန်ဖိုးရှိမည်ဟု ခန့်မှန်းရသည့် ခေတ်မှီမြို့ကြီးသည် လေကြောင်းမှ ဗုံးကြဲသည့် ဒဏ်ရာဒဏ်ချက်များနှင့် အကျည်းတန်နေလေပြီ။ ဗုံးနှင့် လက်နက်ကြီး လက်နက်ငယ်သံကြားတွင် မြို့တော် လောက်ကိုင် မပျက်မဆီး အကောင်းအတိုင်း ရရှိရေးဆိုသည့် MNDAA တပ်ဖွဲ့၏ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပြီ ဖြစ်သည်။ သို့သော်...
သျှမ်းမြောက်ကို ညီနောင်မဟာမိတ်တပ်တွေ သိမ်းပိုက်နိုင်မလား
SHAN -
သာယာကြည်လင်သည့် ကောင်းကင်ယံထက်တွင် ဂျက်တိုက်လေယာဥ်သံ၊ လက်နက်ကြီး ပစ်ခတ်သံများ ဆူညံနေသည်။ လမ်းမ တစ်လျောက် တံတားကြီးများ ကျိုးကျပျက်စီးနေသည်။ မြို့ရွာများ ပျက်စီးနေသည်မှာ မြင်မကောင်း။ ကုန်းကြောင်းလျှောက်နေသည့် ထောင်နှင့်ချီသော စစ်ဘေးရှောင် လူအုပ်ကြီးသည် ခေတ္တနားခိုရာ ဒေသများဆီကနေ ဘယ်ဆီဘယ်၀ယ် ရှေ့ဆက်မည်မသိ လမ်းပျောက်နေလေပြီ။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေး...





