တရုတ်ဖိအားကြောင့် သျှမ်းမြောက် စစ်တန့်နေပြီလော

တည်ငြိမ်လှသည့် “ဝ” ဒေသ တနေရာတွင် စက်ဆုံးဆီ တန်းစီရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ တရုတ်ဘက်မှ ပိတ်ဆို့မှုကြောင့် နယ်စပ်ဒေသ မြို့ရွာများတွင် စက်သုံးဆီ စတင်ပြတ်တောက်လာပြီး စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်း ရှားပါးမှုများ စတင် ကြုံတွေ့နေရပြီ ဖြစ်သည်။

ထို့အတူ သျှမ်းမြောက် အပါအဝင် တိုင်းရင်းသား တော်လှန်တပ်များ ထိန်းချုပ်ထားသည့် နယ်မြေများကို စစ်လေယာဥ်များဖြင့် နေ့စဥ် ဗုံးကြဲနေရာ လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ ဘုံးဘုံးလဲပြို ပျက်စီးနေလေပြီ။

သျှမ်းမြောက်ကို သိမ်းပိုက်ထားသည့် တော်လှန်ရေးတပ်များ အနေဖြင့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကို တုန့်ပြန်နိုင်စွမ်း ကင်းမဲ့နေသည်မှာ ပကတိ အမှန်တရား ဖြစ်သည်။

ယင်းအခြေအနေတွင် တရုတ်နိုင်ငံက ဖိအားများစွာ ပေးနေသည်ဖြစ်ရာ သျှမ်းမြောက် တော်လှန်ရေးတပ်များ အတွက် များစွာ အကျပ်ဆိုက်နေသည့် အခြေအနေ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အေက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် ညီနောင်မဟာမိတ် တော်လှန်ရေးတပ်များ၏ “၁၀၂၇” စစ်ဆင်ရေးသည် ယခု အောက်တိုဘာလ ၂၇ ရက်နေ့တွင် နယ်မြေ အမြောက်အများ သိမ်းယူ၍ အောင်မြင်မှုများစွာဖြင့် တစ်နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။

သို့သော် ခက်ခဲသည့် ဆုံးဖြတ်ချက်များချရတော့မည် အချိန်အခါလည်း ဖြစ်နေပြန်သည်။

“၁၀၂၇ စစ်ဆင်ရေး”

၁၀၂၇ စစ်ဆင်ရေး မစတင်မီနှင့် စတင်ပြီးနောက် တရုတ်နိုင်ငံ အနေဖြင့် ညီနောင်မဟာမိတ်တပ်များအား ကူညီခဲ့သည်မှာ အများသိပြီးဖြစ်သည့် လျှို့ဝှက်ချက်သာ ဖြစ်သည်။

ယင်းသို့ ကူညီမှုသည် တရုတ် ဗဟိုအစိုးရ၏ ပေါ်လစီ မဟုတ်ဟု ငြင်းဆိုသော် ယူနန်ပြည်နယ် အစိုးရသည် ဗဟို အစိုးရ၏ ပေါ်လစီကို တရားမဝင် အကောင်အထည်ဖော်ပေးသည်ဟု ယူဆရမည် ဖြစ်သည်။

ကျားဖြန့် တိုက်ဖျက်ရေး ကြွေးကြော်သံဖြင့် စတင်ခဲ့သည့် ညီနောင်မဟာမိတ်များ အနေဖြင့် စစ်ဆင်ရေး ပထမပိုင်းတွင် သက်ဆိုင်ရာ အဖွဲ့၏ မူရင်းနယ်မြေများကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်။

ISP

ကိုးကန့် အနေဖြင့် လောက်ကိုင်ဒေသ၊ TNLA အနေဖြင့် တအာင်းဒေသတို့ကို သိမ်းပိုက်နိုင်ခဲ့သည် သာမက အထင်ကရ သျှမ်းနယ် တချို့ကိုပါ သိမ်းပိုက်နိုင်ခဲသည်ကို တွေ့ရမည်။

စစ်ဆင်ရေး ဒုတိယပိုင်းတွင် ပိုမို အောင်မြင်ခဲ့ပြီး စစ်တိုင်းဌာနချုပ် အထိုင်ချထားသည့် လားရှိုးကဲ့သို့ မြို့သာမက ကျောက်တွင်းများရှိရာ မိုးကုတ်မြို့ကို သိမ်းပိုက်ပြီး သပိတ်ကျင်းနှင့် မတ္တရာ အထိ စိုးမိုးကာ မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့ကို ခြိမ်းခြောက် နိုင်သည် အထိ အောင်မြင်မှုရခဲ့သည်ကို တွေ့ရသည်။

သို့သော် ကိုးကန့်နှင့် တအာင်းတပ် အနေဖြင့် ၄င်းတို့၏ နိုင်ငံရေးလိုအင်အရ နယ်မြေမည်သို့ သတ်မှတ်သည် ဖြစ်စေ သိမ်းပိုက် နယ်မြေများတွင် မူလ သျှမ်းနယ် အများအပြား ပါဝင်နေသည်မှာ ငြင်းမရသည့် အချက် ဖြစ်သည်။

၎င်းတို့ အနေဖြင့် နယ်မြေနှင့် ပတ်သက်၍ သျှမ်းတပ်များနှင့် တရားဝင် သဘောတူညီမှုများ ရရှိထားခြင်းလည်း မရှိသေးပေ။

အကျိုးဆက် အနေဖြင့် မြေပြင်တွင် တော်လှန်ရေးတပ်များ အချင်းချင်း အောက်ခြေ ပွတ်တိုက်မှုများစွာ ပေါ်ပေါက်လာသည်ကို တွေ့ရသည်။

တရုတ်ဖိအား

၁၀၂၇ စစ်ဆင်ရေးနှင့် ပတ်သက်၍ တရုတ်၏ ရည်ရွယ်ချက်မှာ ရှင်းလင်းပါသည်။ တရုတ်ပြည်သူများကို ဒုက္ခပေးနေသည့် ကျားဖြန့် ငွေလိမ်ဂိုဏ်းများ ရှင်းလင်းရန်၊ ရုရှားနှင့် ပလူးပလဲ လုပ်နေသည့် ဆောင့်ကြွားကြွား စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို ပညာပေးရန်နှင့် စီမံကိန်းများ အကောင်အထည် ဖော်နိုင်ရန်သာ ဖြစ်သည်။

အနောက်နိုင်ငံများနှင့် စစ်ခင်းနေသည့် ရုရှား မြန်မာနိုင်ငံတွင် ခြေရှုပ်ပါက အမေရိကန်ကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်ပြီး စစ်ခင်းမိရဲ့သား ဖြစ်မည်ကို တရုတ် အနေဖြင့် စိုးရိမ်သင့်သည်သာ ဖြစ်သည်။

NUG နှင့် PDF များသည် အမေရိကန်နှင့် အနောက်အုပ်စု လိုလားသူများ အဖြစ် သတ်မှတ်၍ ဆက်ဆံခြင်း မပြုသည်မှာ တရုတ်၏ စိုးရိမ်မှုကို မီးမောင်းထိုးပြနေသည်။

တရုတ် အနေဖြင့် အထက်ဖော်ပြပါ ရည်မှန်းချက်များ ပြည့်မြောက်သည့် နည်းတူ ကိုးကန့်နှင့် တအာင်း အနေဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ တရားဝင် ရရှိစေရန် စစ်ကောင်စီနှင့် ညှိနှိုင်း ပြီးမြောက်စေခြင်းသည် ၁၀၂၇ စစ်ဆင်ရေး၏ ပန်းတိုင် ဖြစ်သည်။

သို့သော် ဟိုင်ဂန် ဆွေးနွေးပွဲများ မအောင်မမြင် ဖြစ်ပြီးနောက် စစ်ပွဲ ပိုမိုကျယ်ပြန့်လာသည်ဖြစ်ရာ တရုတ် အနေဖြင့် ဖိအားပေးသည့် နည်းလမ်းဖြင့် စစ်ရပ်ရန် ကြိုးပမ်းလာရ ပြန်သည်။

တရုတ်၏ စီမံချက်တွင် မြန်မာ ပြည်သူများ လိုလားနေသည့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ် ပြည်ထောင်စု စသည့် ကိစ္စရပ်များ မပါဝင်သည်မှာ ထင်ရှားလှသည်။

ယင်းသို့ တရုတ်၏ ရည်မှန်းချက်သည် ကန့်သတ်ထားသည့် ဘောင်အတွင်း၌သာရှိသည် ဖြစ်ရာ နေပြည်တော် ကျဆုံခန်း နီးကပ်လာစဥ် မြန်မာနိုင်ငံ ပြိုကွဲမည်ကို မလိုလား ဆိုသည့် အပြောင်းပြချက်ဖြင့် တော်လှန်ရေးတပ်များအား နည်းမျိုးစုံ ဖိအားပေးနေသည်မှာ ယနေ့တိုင် ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် ရန်ကုန် အခြေစိုက် တရုတ် သံအမတ်တို့ နေပြည်တော်၌ တွေ့ဆုံရာ နယ်စပ် တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံ တပ်မတော် ပူးပေါင်း ဆောင်ရွက်ရေး ဆိုသည့် အချက်ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန် ထားသည်ကိုလည်း တွေ့ရသည်။

ယင်းဆွေးနွေးမှုသည် တရုတ်အနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အညံ့ခံမှု (ဝါ) စစ်ခေါင်းဆောင်ထံမှ စီမံကိန်းများ သာမက ရေရှည်တွင် ရုရှား စစ်တပ်နှင့် ဆက်ဆံရေး လျှော့ချ၍ တရုတ် စစ်တပ်နှင့် ပိုမို ဆက်ဆံပါမည် ဆိုသည့် ကတိကဝတ်များ ရရှိပြီးဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။

အကျိုးဆက် အဖြစ် ညီနောင်မဟာမိတ်တပ်များနှင့် တကွ နယ်စပ် အခြေပြု တိုင်းရင်းသားအဖွဲ့များ တရုတ်ဖိအားဒဏ် ပိုမိုခံရမည်သာ ဖြစ်ပြီး ယင်းအခြေအနေကို ကျော်လွှားနိုင်ခြင်း မရှိပါက အဆုံးသတ် အောင်ပွဲ မရနိုင်ပါဘဲ ကံကြမ္မာဆိုးနှင့် တိုးနိုင်သည့် အခြေအနေ ဖြစ်သည်။

ဓားစာခံ ပြည်သူများ

တော်လှန်စစ်ပွဲ ဖြစ်သဖြင့် မြို့ရွာများ ပျက်စီးပြီး ပြည်သူများ၏စည်းစိမ် ဥစ္စာများ ပျက်စီးသည်မှာ ကြိုတင် မျှော်မှန်းပြီး ဖြစ်သည့် ကိစ္စ ဖြစ်သည်။

သို့သော် နယ်မြေ ပြဿနာကြောင့် တော်လှန်တပ် အချင်းချင်း ပွတ်တိုက်မှုများ၊ ပြည်သူပိုင် နေအိမ်များ၊ အဆောက်အအုံများတွင် ဝင်ရောက်တပ်စွဲမှုများ၊ အုပ်ချုပ်ရေး ပြဿနာများသည် ဒေသခံ ပြည်သူလူထုကို စိတ်ပျက်စေသည်။

အထူးသဖြင့် အရပ်ဘက် ပစ်မှတ်များ လေကြောင်းမှ တိုက်ခိုက်ခံရရာတွင် သက်ဆိုင်ရာ တပ်ဖွဲံဝင်များ အနေဖြင့် ကျင့်သားရ ရှောင်တိမ်းနိုင်လေ့ရှိပြီး ပြည်သူလူထုသာ ထိခိုက် သေဆုံးနေသည်ကို သတိပြုရန် လိုအပ်နေသည်။

စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် သီပေါ အရပ်သားသေဆုံးမှု

ထို့အတူ ကလေးစစ်သား စုဆောင်းမှု၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ် ချိုးဖောက်မှု၊ မီဒီယာများနှင့် ဆက်ဆံရေး စသည့် ကိစ္စရပ်များ ကိုလည်း ပြန်လည်သုံးသပ် ထိန်းကျောင်းရန် လိုအပ်နေပြန်သည်။

ပြည်သူလူထု အကြိမ်ကြိမ် ဒုက္ခပင်လယ်ဝေနေရသည်မှာ မဖြစ်သင့် မဖြစ်ထိုက်တော့ပေ။

ဆိုလိုသည်မှာ တော်လှန်ရေးတပ်များ အနေဖြင့် စစ်အာဏာရှင်ကို တော်လှန်ရင်း ကိုယ်တိုင် အာဏာရှင် ဖြစ်မှန်းမသိ ဖြစ်လာပါက ရေရှည်တွင် ပြည်သူလူထု ထောက်ခံမှု ကျဆင်း၍ ကျဆုံးနိုင်သည်ကို သတိပြုစေလိုရင်း ဖြစ်သည်။

ယင်းသို့ ပြဿနာ များမြောင်နေမှုကြောင့် တော်လှန်ရေးတပ်များ အနေဖြင့် တည်ငြိမ်မှုကို ဆောင်ကြဉ်းနိုင်ခြင်း မရှိကြောင်း တရုတ်ဘက်က ယူဆနေမည်မှာ မလွဲပေ။

သျှမ်းမြောက် စစ်တန့်နေပြီလော

တရုတ် ဖိအားသည် လားရှိုး မြို့သိမ်း တိုက်ပွဲကာလတွင် သိသိသာသာ ပြင်းထန်လာခဲ့သည်။ မတ္တရာနှင့် သပိတ်ကျင်း ဒေသကို တော်လှန်ရေးတပ်များ ထိမ်းချုပ်ပြီးနောက် ပိုမို ဆိုးဝါးလာရာ သျှမ်းမြောက် ထိုးစစ်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။

လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် ကိုးကန့်တပ်၏ ထိုးစစ် ရပ်တန့်သွားပြီး TNLA အနေဖြင့်မူ ထိုးစစ်ဆင်လက်စ ဖြစ်သည့် သီပေါရှိ လက်ကျန်တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်မှုနှင့် တောင်ခမ်းဒေသ ထိုးစစ်ဆင်မှုသာ ရှိခဲ့သည်ကို တွေ့ရသည်။

လက်ရှိ တောင်ခမ်းဒေသတွင် တိုက်ခိုက်နေဆဲ ဖြစ်သော်လည်း TNLA ၏ ထိုးစစ်အရှိ ကျသွားသည်ဟု သုံးသပ်ရမည့် အနေအထား ဖြစ်သည်။

ယင်းသို့ တရုတ်ဖိအားကြောင့် တော်လှန်ရေးတပ်များ၏ ထိုးစစ်အရှိန် တန့်နေစဥ် စစ်တပ်ဘက်ကမူ သျှမ်းမြောက် နယ်စပ်တလျှောက် နေ့စဥ် အင်အားဖြည့်တင်း၍ တန်ပြန် ထိုးစစ်ဆင်ရန် ပြင်ဆင်ချိန် ရနေရာ လက်ရှိ ပြင်ဦးလွင် အခြေပြု၍ နောင်ချိုဘက်သို့ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက် နိုင်သည့် အနေအထားသို့ ရောက်ရှိလာပြီ ဖြစ်သည်။

စစ်ပွဲအား အချိန်ဆွဲထားနိုင်သည်နှင့် အမျှ စစ်ကောင်စီ အနေဖြင့် ပြည်သူ့စစ်မှုထမ်းများဖြင့် အင်အား အဆက်မပြတ် ဖြည့်တင်းနိုင်သည့် နည်းတူ လက်နက်ခဲယမ်း စုပုံ ပြင်ဆင်ရန် အချိန်ရရှိနေမည်သာ ဖြစ်သည်။

တဖက်တွင်မူ တရုတ် ဖိအားကြောင့် နယ်စပ်များ ပိတ်ဆို့ခံနေရပြီး စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်း အကန့်အသတ် ဖြစ်လာသည့် တော်လှန်ရေးတပ်များ အနေဖြင့် အချိန်ကြာလာသည်နှင့်အမျှ ချိနဲ့လာမည်သာ ဖြစ်သည်။

သို့ဖြစ်ရာ အချိန်သည် တော်လှန်ရေးတပ်များ အတွက် သေရေးရှင်ရေးတမျှ အရေးကြီးသည့် ကာလ ဖြစ်နေလေပြီ။

အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲမည်လော

၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်သည့် ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်တွင် မနားမနေ ထိုးစစ်ဆင်နေသည်မှာ လအတန်ကြာနေပြီ ဖြစ်သည်။ လက်ရှိ စစ်မြေပြင် အနေအထားအရ စစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့ကို ဝိုင်းရံ တိုက်ခိုက်နေပြီ ဖြစ်သည်။

AA အနေဖြင့် ကာလကြာမြင့်စွာ တရစပ် ထိုးစစ်ဆင်နေသော်လည်း လက်နက်ခဲယမ်း လုံလောက်စွာ ရှိနေဆဲ ဖြစ်သည်ဟု ယုံကြည်ရသည့် အခြေအနေ ဖြစ်သည်။

AA နှင့် မဟာမိတ် ဖြစ်သည့် သျှမ်းမြောက်တော်လှန်ရေးတပ်များ အနေဖြင့်လည်း ရေရှည်အမြင်ဖြင့် စုဆောင်းထားသည့် လက်နက်ခဲယမ်းများ လုံလောက်စွာ ရှိနေသေးသည်ဟု ယူဆဖွယ် ဖြစ်သည်။

သျှမ်းမြောက် တိုက်ပွဲများတွင် PDF များနှင့် မြေပြန့် တော်လှန် တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်နေရာ လက်ရှိ အင်အားကြီးမားပြီး တိုက်ပွဲ အတွေ့အကြုံရှိသည့် တပ်များ စုဖွဲ့ထားနိုင်သည့် အခြေအနေ ဖြစ်သည်။

သို့ဖြစ်ရာ အချိန်နှင့် အရင်းအမြစ် လွန်ဆွဲနေသည့် တော်လှန်ရေးတပ်များ အနေဖြင့် ယခုပွင့်လင်းရာသီတွင် မြေပြန့်ဒေသ၌ အဆုံးအဖြတ်ပေနိုင်မည့် တိုက်ပွဲ ဆင်နွှဲမည် (သို့မဟုတ်) မည်သို့ ရှေ့ဆက်မည်ကို ဆုံးဖြတ်ရတော့မည် ဖြစ်သည်။

လက်ရှိ တရုတ်၏ ဖိအားများသည် မြေပြန့်တိုက်ပွဲများဆီ တွန်းပို့သကဲ့သို့ ဖြစ်နေသည် ဖြစ်ရာ ပြည်သူ လူထု အနေဖြင့် ကြိုတင် ပြင်ဆင်ရန် အထူးလိုအပ်သည့် အချိန်ကာလပင် ဖြစ်သည်။

နိဂုံး

တရုတ်၏ ဖိအားနှင့် နယ်စပ် ပိတ်ဆို့မှုများ မည်မျှကြာမည် ဆိုသည်မှာ အများသိလိုသည့် ကိစ္စရပ် ဖြစ်သည်။
တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်မှု တန်ဖိုးမှာ တရုတ်အတွက် မပြောပလောက်သည့် ကိန်းဂဏာန်းသာ ဖြစ်သော်လည်း လက်ရှိ ယူနန်ပြည်နယ်၏ စီးပွားရေး ကျဆင်းမှု ကျားကန်နိုင်ရေး အတွက် နယ်စပ် ကုန်သွယ်ရေး အဆင်ပြေ ချောမွေ့ရေးမှာ အပူတပြင်း လိုအပ်ချက် ဖြစ်သည်။

ထို့အတူ ကမ္ဘာ့စျေးကွက်ကို ကိုင်လှုပ်နိုင်စွမ်းရှိသည့် “ဝ” ဒေသထွက် သံဖြူသည် လည်းကောင်း KIA သိမ်းပိုက်ထားသည့် ပန်ဝါဒေသထွက် မြေရှား သတ္တုသည် လည်းကောင်း တရုတ်နှင့် အမေရိကန် အတွက် မဖြစ်မနေ လိုအပ်နေသည်ကို ထည့်သွင်းတွက်ချက်ရန် လိုအပ်ပါကြောင်း တင်ပြလိုခြင်း ဖြစ်သည်။

ဆောင်းပါးရှင် ခွန်နောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...