Wednesday, January 28, 2026

အရေးပေါ်ဖြေရှင်းရမည့် တော်လှန်ရေးတပ်ဖွဲ့များအကြား ပွတ်တိုက်မှုများ

နိဒါန်း

“ကျွန်တော်တို့အားလုံးဟာ ‌တော်လှန်ရေးမှာ လုပ်ကိုင်ဆောင်ရွက်ပုံတွေ မတူညီကြပေမယ့် လျှောက်တဲ့လမ်း ချင်းတူလို့ လူချင်းတွေ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တလှေတည်းစီး တခရီးတည်းသွားသူချင်း တတ်နိုင် သ၍ ညီညီညွတ်ညွတ်၊ ဖေးဖေးမမနဲ့ ပန်းတိုင်အောင်ပွဲကိုပဲ အာရုံပြုပြီး လျှောက်လှမ်းကြရမှာဖြစ်ပါတယ်။”

BNI

၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၏ ပြည်သူသို့ သတင်းစကားဖြစ်သည်။

နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်ရေးအင်အားစုများကို လေ့လာကြည့်လျှင် NUG ကာကွယ်ရေးဝန်ကြီး ဌာနမှ ဖွဲ့စည်းလိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် မြို့နယ်အလိုက် ဒေသအခြေပြု ပြည့်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၊ NUG ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) များ၊ ပြည်သူလုံခြုံရေးအဖွဲ့ (ပလဖ)များ၊ မြို့ပြဒေသအလိုက် အမည်နာမမျိုးစုံဖြင့် ဖွဲ့စည်းထားသည့် PDF-LDF များ၊ နွေဦးတော်လှန်ရေး၏ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များဟူ၍ ခွဲခြားတွေ့ မြင်နိုင်ပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ဆိုခဲ့ပါ နွေဦး တော်လှန်ရေး၏ ခုခံတော်လှန်ရေးအင်အားစုအချင်းချင်းအကြား ပွတ်တိုက်မှုများ၊ ပဋိပက္ခများ၊ ပြဿနာများနှင့် C3C အခန်းကဏ္ဍကို ချဉ်းကပ်လေ့လာကာ လှစ်ဟတင်ပြသွားပါမည်။

ဖြစ်စဉ် (၁)

၂၀၂၃ ခုနှစ် ဇူလိုင် ၂၄ ရက်စွဲဖြင့် ဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တစ်ဖွဲ့က ကိုဇေယျာလွင်ဦးဆောင်သည့် 96 Soldier (LPDF) အဖွဲ့အား ၎င်းတို့မြို့နယ်အတွင်း အခြေချခွင့် မပြုကြောင်း စာပေးပို့ခဲ့သည်။

“NUG အစိုးရ၏ ညွှန်ကြားချက်အောက်တွင် မရှိသော အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆက်သွယ်ခြင်း၊ ဝင်နေထိုင်ခွင့် မပြုရန်ကိစ္စ” ဟု အကြောင်းပြထားသည့် အဆိုပါပေးပို့စာတွင် “ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသရုံး၏ ညွှန်ကြားချက်အရ အခြေချနေထိုင်ခွင့်မပြုရန် ထပ်ဆင့်ညွှန်ကြားလိုက်သည်” ဟု လည်း ဖော်ပြထားပါသည်။

“Local PDF(LPDF) တွေကို မြေပြင်မှာ အချင်းချင်းကနေပြန်ပြီး ဖိနှိပ်နေတဲ့အဖြစ်အပျက်တွေ အများကြီး ရှိတယ်” ဟုလည်း 96 Soldiers အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က ဆိုထားပါသည်။

ဖြစ်စဉ် (၂)

မကွေးတိုင်း ရေစကြိုမြို့နယ် ကန်ဦးရွာစာသင်ကျောင်းအနီးတွင် မြင်းခြံခရိုင် တပ်ရင်း-၅ ၊ MG6 ပြောက်ကျား တပ်ဖွဲ့ ကို ရေလယ်ကျွန်းတပ်ပေါင်းစုက ၂၀၂၃ ခုနှစ် သြဂုတ်လ ၄ ရက် နံနက်ပိုင်းတွင် ပစ်ခတ်ခဲ့သဖြင့် MG6 ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုချမ်း(ခ)ဗိုလ်ကျော်လင်းထွန်း ကျဆုံးခဲ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြင်းခြံခရိုင် ပ.က.ဖ၊ မြင်းခြံမြို့နယ် ပ.က.ဖ၊ တောင်သာမြို့နယ် ပ.က.ဖ၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၁)၊ တပ်ရင်းအမှတ် (၂)နှင့် တပ်ရင်းအမှတ် (၃)တို့ ညှိနှိုင်းကာ ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ကြောင်း၊ လက်နက်များနှင့်အတူ ဖမ်းဆီးခံထားရသည့် MG6 ပြောက်ကျားတပ်ဖွဲ့ဝင်များအား ရေစကြိုမြို့နယ် ပ.က.ဖ ထံ အပ်နှံကာ စစ်ဆေးမေးမြန်းပြီး မြောင်မြို့နယ် ပ.လ.ဖ ထံ သို့ အပ်နှံကာ စစ်ဆေးမှုများ ပြီးဆုံးသည်အထိ MG6 ပြောက်ကျားတပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းများ အား သိမ်းဆည်းထားမည့်အကြောင်း သြဂုတ်လ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

MG6 ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူးတစ်ဦး အသက်သေဆုံးရသည်အထိ ပစ်ခတ်ဖမ်းဆီးခဲ့ရသည့် အကြောင်းရင်းကိုမူ ရှင်းလင်းထားခြင်း မရှိဟု ဆိုရပါမည်။

ဆက်စပ်သတင်းတွေ့ရှိချက်များ

၂၀၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက် နံနက်ပိုင်းအချိန်၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ပိုင်း ကားလမ်းတနေ ရာတွင် NUG လက်အောက်ခံ ရွှေဘိုခရိုင် (PDF) တပ်ရင်း (၂)က ပစ်ခတ်သဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် ဗိုလ်ကျားကြီးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

ဗိုလ်ကျားကြီးတပ်ဖွဲ့သည် မူလက NUG ၏ PDF နှင့် မြို့နယ် ပ.က.ဖ လက်အောက်တွင် ဖွဲ့စည်းခဲ့သည့် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သော်လည်း နောက်ပိုင်းတွင် သီးခြားရပ်နေသော LPDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၃ ရက် ည ၁၁ နာရီဝန်းကျင်တွင် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) အဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်တွင်လည်း စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေပေါက်ပင်‌ရွာအနီးတွင် မြင်းမူမြို့နယ် အခြေစိုက် ZARMANI Revolution Force – မြင်းမူ/မြောင် အဖွဲ့ခေါင်းဆောင် ကိုမိုးဇော်နှင့် တပ်ဖွဲ့ဝင်နှစ်ဦး အပြင် အရပ်သားတစ်ဦးကိုပါ မြောင်မြို့နယ် ပ.လ.ဖက ဖမ်းဆီးသွားခဲ့ပြီး ၁၀ ရက် အကြာတွင် သတ်ဖြတ်ခံ လိုက်ရသည်ဟု ဆိုပါသည်။

မြောင်မြို့နယ် မရိုးကုန်းရွာ ပ.က.ဖ ခေါင်းဆောင် ကိုဖိုးထောင်အား သတ်ဖြတ်ခဲ့ သည်ဆိုသော စွပ်စွဲချက်ဖြင့် ကိုဇော်မိုးတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

ဆိုရသော် ဖော်ပြပါဆက်စပ်သတင်းတွေ့ရှိချက်များသည် နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်ရေးအင်အားစု အချင်းချင်းအကြား ပွတ်တိုက်မှုများ၊ ပဋိပက္ခများနှင့် ပြဿနာများကြောင့် အသက်သေဆုံးခဲ့ရသည့်ဖြစ်စဉ် တချို့သာ ဖြစ်ပါသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် PDF တပ်ရင်းနှင့် စစ်ကြောင်း ပေါင်း ၃၀၀ ကျော် အပြင် မြို့နယ်အလိုက် ပ.က.ဖ ၂၅၀ ကျော် ရှိနေသည်။ အမည်နာမမျိုးစုံဖြင့် ဖြစ်တည် ပေါက်ပွားလာနေသော မြို့ပြဒေသအလိုက် PDF-LDF အဖွဲ့ ပေါင်းကလည်း တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ရာနှင့်ချီ ရှိနေသည်။

ထို့အတွက် ပွတ်တိုက်မှုများ၊ အငြင်းပွားမှုများနှင့် ပဋိပက္ခများ ဖြစ်ပွားလာနိုင်သည်က ကြိုတင် တွက်ဆထားရမည်ဖြစ်သည်။

သုံးသပ်တင်ပြချက်

နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်သည် အရှိန်အဟုန်မြင့်တက်လာနေသည်။ အာဏာသိမ်းစစ်အုပ်စုအား တန်ပြန်ထိုးစစ်ဆင်မှုများ၊ စခန်းသိမ်းတိုက်ပွဲများကိုပါ ကျယ်ပြန့်စွာတွေ့မြင်နေရပြီဖြစ်သည်။

ခုခံတော်လှန်ရေး အင်အားစုများသည် ဒေသအလိုက် အချင်းချင်း ပူးပေါင်းချိတ်ဆက်လှုပ်ရှားမှုများ၊ မဟာမိတ်ဖွဲ့စုစည်းမှုများနှင့် စုစည်းညီညွတ်မှု ပိုမိုအားကောင်းလာသည်ဟု ဆိုနိုင်သော်လည်း ပ.က.ဖ၊ ပ.လ.ဖနှင့် PDF၊ LDF များ အကြား ပွတ်တိုက်မှုများ၊ ပဋိပက္ခများ၊ ပြဿနာများကိုမူ အရေးတယူ ဖြေရှင်းဆောင်ရွက်ရန် လာပြီ ဖြစ်သည်။

ထိုအတွက် NUG ၏ ကာကွယ်ရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့တွင် တာဝန်ရှိနေပြီ ဖြစ်သည်။ အလားတူ မဟာမိတ် ERO (၄) ဖွဲ့နှင့် စုဖွဲ့ထားသည့် “ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ” (C3C-Central Command and Coordination Committee) တွင် တာဝန်ရှိလာပြီဖြစ်သည်။ C3C တွင် အဖွဲ့ဝင်အဖွဲ့အ စည်းများမှ ဥက္ကဌ၊ စစ်ဦးစီးချုပ် အစရှိသည့် နိုင်ငံရေး၊ စစ်ရေး ဆုံးဖြတ်ပိုင်ခွင့်ရှိသူများ ပါဝင်ပြီး NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးနှင့် ဒုဝန်ကြီး၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးတို့ ပါဝင်နေသည်။

“လမ်းများအားလုံး နေပြည်တော်သို့” စစ်ဆင်ရေးသည် နိုင်ငံတနံတလျားရှိ စစ်ဒေသအလိုက်၊ စစ်ဒေသခွဲ အလိုက် မည်သည့်နေရာကိုမျှ ချန်လှပ်ထားရစ်ခဲ့မည် မဟုတ်ဘဲ အာဏာသိမ်းစစ်အုပ်စု ပြုတ်ကျရေးသို့ ဦးတည်နေခြင်းကြောင့် မြို့ပြဒေသအလိုက် PDF-LDF အပြင် သက်ဆိုင်ရာဒေသအလိုက် ထိန်းချုပ် ခြေကုတ် ယူထားကြသည့် ERO များနှင့်ပါ C3C အောက်မှ တပ်ရင်းတပ်ဖွဲ့များ၊ ပ.က.ဖ၊ ပ.လ.ဖ များ ထိပ်တိုက် တွေ့ဆုံ ရပေလိမ့်မည်။

စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးသို့ ရည်မျှော်လျှောက်လှမ်းနေသည့် တော်လှန်ရေး အင်အားစုများ အချင်းချင်းအကြား ပဋိပက္ခများ လျှော့ချနိုင်ရေးနှင့် အချိန်မီ ဖြေရှင်းနိုင်ခြင်းသည်လည်း နွေဦးတော်လှန်ရေး အဆုံးအဖြတ်နှစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်ဟု ရှုမြင်ပါသည်။

ထိုအတွက် ယာယီသမ္မတ ဒူဝါလရှီးလ၏ ပြည်သူသို့ သတင်းစကားသည် အထောက်အကူ ပြုနိုင်ပါသည်။

“တလှေတည်းစီး တခရီးတည်းသွားသူချင်း တတ်နိုင်သ၍ ညီညီညွတ်ညွတ်၊ ဖေးဖေးမမနဲ့ ပန်းတိုင် အောင်ပွဲကိုပဲ အာရုံပြုပြီး လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်” ဟူ၏။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက ပြဿနာရှာ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီးဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်

0
ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...