Saturday, May 4, 2024

CATEGORY

စီးပွားရေး

ကုန်စျေးနှုန်းကြား အိမ်ရှင်မတွေရဲ့ သောက

မနက်အစောချိန် စျေးခြင်းတောင်းကို လက်ကနေဆွဲပြီး လိုအပ်တဲ့ စားသောက်ကုန် ပစ္စည်းတွေကို တွေးတောကာ စျေးထဲ ကုန်စုံဆိုင်သို့ နန်းခမ်းလျန်း တယောက် ဦးတည်သွားနေပါတယ်။ နန်းခမ်းလျန်း တယောက်ဟာ အသက် (၇၀) ကျော် မိခင်အမေအို နဲ့ အတူနေထိုင်တဲ့ သူဖြစ်တဲ့အလျောက် အမေအိုရဲ့ အာဟာရ ဖြည့်စွက်စာ ကုန်နေတာကို...

လူမှုကွန်ရက် (ဖေ့ဘွတ်) မှ တစ်ဆင့် ငွေတုရောင်းဝယ်ရေး ပြုလုပ်ပြီး လိမ်လည်သူများပြားလာ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူမှုကွန်ရက်စာမျက်နှာများမှ တဆင့် ငွေအတုရောင်းဝယ်ရေးလုပ်ပြီး လိမ်လည်နေကြောင်း စုံစမ်းသိရသည်။ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ငွေအတုရောင်းဝယ်ရေး ဟု နာမည် အမျိုးမျိုးပေးပြီး Page (ပေ့)ထောင် ကာ အိမ်သုံးပစ္စည်း၊ အဝတ်အစားရောင်းဝယ်ရေး (Online Shopping) အလား ငွေသား စက္ကူအတုများကို ရောင်းဝယ်မှုပြုလုပ်နေသည်။ ထို...

ပုံးအင်းဒေသ နေ့စား စပါးရိတ် အလုပ်သမားရှားပါးမှု ကြုံနေရ

သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် စပါးရိတ်သိမ်းဖို့အတွက် နေ့စားအလုပ်သမားရှားပါးလာကြောင်း စုံစမ်းသိရသည်။ ယခု ဇူလိုင်လ သီတင်းပတ်မှစ၍ ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ နောင်စန့်ရွာရှိ မိုးစပါးများကို စတင်ရိတ်သိမ်းနေရာ နေ့စားလိုက် အလုပ်သမားရှားပါးလာသဖြင့် စပါးရိတ်သိမ်းစက်ကို အားကိုးကာ ရိတ်သိမ်းနေရကြောင်း ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိ စပါးရိတ်သိမ်းချိန်ကာလတွင် နေ့စားလိုက် အလုပ်သမား...

ဆီဆိုင်မြို့နယ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြောင်းစိုက်ခင်း အချို့ပျက်စီး

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောအုပ်စု တခေါ့ခွန်ရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းအချို့ ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၃) ရက် ညနေပိုင်းအချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ကျောအုပ်စု တခေါ့ခွန်ရွာရှိ တောင်သူ ပြောင်းစိုက်ခင်းသည် ရေကြီးရေလျှံကြောင့် ပျက်စီးသွားခဲ့ရပြီး လမ်းပေါ် ရေလျှံမှုကြောင့်...

မြန်မာ – တရုတ် နယ်စပ်ဂိတ် ဘာသာပြန်လုပ်ပေးသူများ လစာမရရှိကြ

မြန်မာ - တရုတ် နယ်စပ်ဂိတ်တွင် ဘာသာပြန်လုပ်နေသည့် သျှမ်းပြည် မူဆယ်မြို့ ဒေသခံများသည် (၃) လကျော်ကြာထိ လစာမရရှိသေးကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဘာသာပြန်လုပ်နေသည့် မူဆယ်မြို့ ဒေသခံများကို တရုတ်အစိုးရက ခန့်အပ်ထားပြီး ကုန်တင်ပို့သူများကို ရုံးတွင်း ဖောင်ဖြည့်ရန်အတွက် ကူညီရန်ဖြစ်သည်။ “နယ်စပ်ဂိတ်တွေမှာ ဘာသာပြန်လုပ်နေတဲ့ သူတွေက လစာမရကြဘူး။...

မြန်မာ – တရုတ် နယ်စပ်ဒေသတွင် တရုတ်ငွေစျေး ဆက်လက်မြင့်တက် ကုန်သည်များ အခက်ကြုံနေ

မြန်မာ - တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် တစ်ပတ်ကျော်အတွင်း တရုတ်ယွမ်ဈေး ၁၀၀ ယွမ်ကို ကျပ်ငွေ (၄၃,၀၀၀) ကျော်အထိ မြင့်တက်လာသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် တရုတ်ယွမ်ငွေဈေး ၁၀၀ ယွမ်ကို (၄၁,၈၀၀) ကျပ်သာရှိပြီး အတက်အကျ မရှိခဲ့ကာ...

တာချီလိတ် အခွန် ဦးစီးဌာနမှ ပြောင်းကုမ္ပဏီတွေ အခွန်ကောက်ယူမှုများ၊ တောင်သူအခက်ကြုံ

မြန်မာ - ထိုင်းနယ်စပ် ဒေသဖြစ်သည့် တာချီလိတ်မြို့ အခွန်ကောက် ဉီးစီးဌာနမှ ပြောင်းတင်ပို့မည့် ကုမ္ပဏီထံ​ အခွန်အခ တင်းကြပ်လိုက်မှုကြောင့် တောင်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့ ကုန်သွယ်ရေးတွင်...

တောင်ကြီးမြို့နယ် လယ်ယာမြေပေါ် ဆောက်လုပ်ထားသည့်နေအိမ်များ ဖယ်ရှားရန် စစ်တပ်က ထပ်မံစာစောင်ပို့

သျှမ်းပြည် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စု ကံကြီးရပ်ကွက်အနီးရှိ မြွေပွေးတောင်ကုန်းပေါ်တွင် အခွင့်အမိန့်မရှိဘဲ နေအိမ်ဆောက်လုပ်ထားသဖြင့် ၁၅ ရက်အတွင်း ဖယ်ရှားရန် စစ်တပ်က ထပ်မံပြီး အိမ်တိုင်ရာရောက် စာပို့ ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး...

လင်းခေး – ဟိုမိန်း ဆက်သွယ်မည့် တာဆွပ်တိန်း တံတား စတင်တည်ဆောက်နေ

သျှမ်းပြည် လင်းခေး ခရိုင် အတွင်းရှိ သံလွင်မြစ်ကူး တာဆွပ်တိန်း တံတား တည်ဆောက်မှုကို စတင်လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကာလမှ စတင်ဆောက်လုပ်လာသည့် သံလွင်မြစ်ကူး တာဆွပ်တိန်းတံတားသည် လက်ရှိ အချိန်တွင် တိုင်လေးတိုင် ဆောက်လုပ်ပြီးစီးနေကြောင်း အဆိုပါ လမ်းကြောင်း တလျောက် သွားလာသည့် ဒေသခံ...

ပုံးအင်းဒေသတွင် မျှော့အစို တစ်ပိဿ ကျပ် ၈ သောင်းပေးပြီး ဝယ်ယူနေ

သျှမ်းပြည် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် ဆီဆိုင်မြို့နယ် (၃) မြို့နယ် ပါဝင်သည့် ပုံးအင်းဒေသတွင် နယ်လှည့်လည်ပြီး မျှော့ရှာဝယ်သူများက ဈေးကောင်းပေးပြီး ဝယ်ယူနေသဖြင့် တောင်သူများက လယ်၊ မြောင်းထဲရှိ မျှော့ကိုရှာကြပြီး ရောင်းနေကြောင်း စုံစမ်းသိရသည်။ ယခင်က မျှော့အစို တစ်ပိဿကို ကျပ် ၆ သောင်းအထိသာ...

Latest news