သက်တမ်းကုန်ဆုံးသည့် စားသုံးကုန်များကို ရက်စွဲပြုပြင်ရောင်းချမှုရှိနေ

သျှမ်းပြည် တောင်ကြီးမြို့တွင် သက်တမ်းကုန်ဆုံးသည့် စားသောက်ကုန်များကို ရက်စွဲပြန်လည်ပြင်ဆင်ပြီး ရောင်းချနေကြောင်း ကိုယ်တိုင်ကြုံတွေ့သည့် စျေးဝယ်သူများက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့်အတူ စစ်ကော်မရှင်က နယ်စပ်ဒေသမှ တင်သွင်းသည့် ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်ခြင်း၊ ပိတ်ပင်ထားခြင်းတို့ကြောင့် သျှမ်းပြည်တောင်ပိုင်းတွင် ကုန်ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်လာသည်။

ထိုသို့ ကုန်ပစ္စည်းပြတ်လပ်ခြင်းများ ကြုံလာသည့်အခါ ကျန်ရှိနေသည့် ရက်စွဲကုန်ဆုံးနေသော သက်တမ်းလွန် စားသောက်ကုန်များကို ဆိုင်ရှင်များက ရက်စွဲပြန်လည်ပြင်ဆင်ပြီး ရောင်းချနေခြင်းကြောင့် စားသုံးသူများမှာ စိတ်ချစွာ မစားသုံးရဲတော့ကြောင်း တောင်ကြီး မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်ခုခုဝယ်ရင် ရက်စွဲ သေချာကြည့်ဝယ်တာ။ တချို့ မုန့်တွေဆို မှိုတက်နေပြီ၊ ရက်စွဲက ဒီလမှ ထုတ်ထားပြီး နောက်သုံးနှစ်မှ ကုန်မယ် ရေးထားတာ။ ယုံတောင် မယုံနိုင်ဘူး၊ ကုန်ပစ္စည်းတွေလည်း ပြတ်တော့ ကျန်တဲ့ သက်တမ်းကုန် ပစ္စည်းတွေကို ရောင်းတာနေမှာ”ဟု တောင်ကြီး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် လူကြီးမိဘများနှင့် ကလေးသူငယ်များက ရက်စွဲများကို မကြည့်တတ်သောကြောင့် ပို၍ စိုးရိမ်စရာ ဖြစ်လာပြီး သက်တမ်းကုန်ဆုံးနေသော မုန့်များ စားမိလျှင် ရောဂါဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး စားသောက်ကုန်များသာမက ဆေးဝါးများလည်း သက်တမ်းလွန် ကုန်ဆုံးနေသောကြောင့် ဆေးဝယ်သောက်ရာတွင် ဂရုတစိုက် ကြည့်သင့်ကြောင်းနှင့် ကျန်းမာရေး တစုံတရာ ဖြစ်ခဲ့လျှင် ဆေးရုံကြီးများထံတွင် ဆေးဝယ်သင့်ကြောင်း တောင်ကြီးဒေသခံ အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Banner Cleaning Water

“စက်တင်ဘာလ နောက်ဆုံးပတ်က အမေ နေမကောင်းလို့ ဆေးသွားဝယ်တာ အိမ်ပြန်ရောက်မှ ရက်စွဲကြည့်တော့ လွန်ခဲ့တဲ့ ငါးလလောက်ကတည်းက ကုန်ဆုံးနေတာ။ အဲဒါနဲ့ ဆေးလည်း မတိုက်လိုက်ရဘူး။ နောက်နေ့မှ ဆေးခန်းတွေ မဟုတ်ဘဲ ဆေးရုံဆီ တိုက်ရိုက် သွားပြပေးရတာ။ တော်သေးတယ် ရက်စွဲကုန်နေတဲ့ ဆေးမစားမိလိုက်လို့၊ စားမိရင် ဘာတွေ ဖြစ်လာမလဲ မသိဘူး”ဟု အဆိုပါ တောင်ကြီးမြို့ခံ အမျိုးသမီးက ပြောသည်။

တောင်ကြီးမြို့ပေါ်တွင်သာမက ကျေးရွာဘက်တွင်လည်း စားသောက်ကုန် ဝယ်ယူရာတွင် သက်တမ်းကုန်ဆုံးရက် ကြည့်လေ့မရှိသောကြောင့် ရေရှည် ကျန်းမာရေး ထိခိုက်လာနိုင်၍ ဆိုင်ရှင်များအနေဖြင့် သက်တမ်းကုန်ဆုံးနေသည့် ကုန်ပစ္စည်းများကို မရောင်းချရန် လိုအပ်ကြောင်း ၎င်းအမျိုးသမီးက ပြောဆိုသည်။

လက်ရှိတွင် သက်တမ်းကုန်ပစ္စည်းများနှင့် ဆေးဝါးများကို ရွာငံ၊ အောင်ပန်း၊ ပင်းတယ၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ် ဘက်တွင်လည်း ရက်စွဲပြန်လည်ပြုပြင် ရောင်းချမှုများ ရှိနေကြကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...