CATEGORY

စီးပွားရေး

တရုတ်သံအမတ် တာချီလိတ်ရှိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု သွားရောက် စစ်ဆေး

မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် တာချီလိတ်မြို့ ရှိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တည်ဆောက်ထားသော ၀မ်ပုံရေကြောင်းရဲတပ်ဖွဲ့စခန်းအတွင်း အဆောက်အဦးများ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ရော်ဘာကုန်ထုတ်လုပ်ရေး စင်တာကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Ms. Ma Jia က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms....

လူကြီးသုံးဒိုက်ဘာ၊ တစ်သျှူး အပါအဝင် လူသုံးကုန်ပစ္စည်း အမျိုးပေါင်း ၃၅ မျိုးကို စစ်ကောင်စီထပ်မံ တင်သွင်းခွင့်ပိတ်

လူကြီးသုံး ဒိုက်ဘာနှင့် တစ်သျှူး အပါအဝင် လူသုံးကုန်ပစ္စည်း အမျိုးပေါင်း ၃၅ မျိုးကို စစ်ကောင်စီက နယ်စပ်မှတဆင့် တင်သွင်းခွင့် ထပ်မံပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကုန်ပစ္စည်း ၃၅ မျိုးကို ပိတ်ပင်ရခြင်းသည် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်၊ ပင်လယ်ရေကြောင်းဂိတ်များမှစ၍ တင်သွင်းခွင့် ယာယီပိတ်လိုက်ကြောင်း...

ရွှေ့ပြောင်းစနစ် နှင့် ဆက်ကြီးထွားနေသည့် သျှမ်းပြည်ထဲ ကျားဖြန့်ဂိုဏ်း

ကျားဖြန့်ဆိုပြီး လူသိများသည့် အွန်လိုင်း လောင်းကစားပပျောက်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့ က နည်းမျိုးစုံကြိုးစားနေသော်လည်း ယနေ့အချိန်ထိ သျှမ်းပြည်အတွင်း ပပျောက်မှု မရှိနေသည်မှာ လူထုအတွက်မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ယခုနှစ်အစပိုင်း၍ ကျားဖြန့် ပပျောက်ရန်အတွက် ထိုင်း-မြန်မာ- တရုတ် စသည့် သုံးနိုင်ငံ အာဏာပိုင်များက ပူးပေါင်းပြီး ဘက်စိတ်တိုက်...

စစ်အာဏာရှင်တော်လှန်ရေးကြား မူဝါဒကင်းမဲ့နေတဲ့ သယံဇာတ တူးဖော်မှု

“ဂေါက်ကွင်းကို အကုန်လုံး တူးလိုက်ပြီ မရှိတော့ဘူး၊ အကုန်လုံး မွစာကြဲသွားတာ”လို့ မိုးကုတ်ဒေသခံ ကျောက်ကုန်သည် ကိုသားငယ် (အမည်လွှဲ) က ဝမ်းနည်းစွာနဲ့ ပြောလာပါတယ်။ စက်ယန္တယားတွေနဲ့ အင်တိုက်အားတိုက် တူးဖော်မှုကြောင့် မိုးကုတ်ဒေသခံတစ်ယောက်အနေနဲ့ ဂေါက်ကွင်းရှေ့ ဖြတ်သွားတိုင်း စိတ်မကောင်းဖြစ်နေရကြောင်း ရင်ဖွင့်ပြောဆိုလာပါတယ်။ စက်ယန္တယားတွေ နဲ့ အင်တိုက်အားတိုက်တူးနေတဲ့ ဂေါက်ကွင်းကတော့ တအာင်း(ပလောင်)...

မူဆယ် သိန်းသန်းချီကားကွင်း စစ်ဆေးမှုတင်းကြပ် ကုန်ကားများမဝင်ရဲ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ သိန်းသန်းချီကားကွင်းတွင် စစ်ကောင်စီတပ်၊ လူဝင်မှုကြီးကြပ်ရေး (လဝက) နှင့် ရဲတပ်ဖွဲ့များက စစ်ဆေးမှုများ တင်းကြပ်နေပြီး မြို့ထဲသုိ့ ကုန်တင်ကားများ မဝင်ရဲဖြစ်နေကြောင်း ကြောင်း သတင်းရရှိသည်။ ဇွန်လ ၂၂ ရက်မှစတင်၍ မူဆယ်မြို့ရှိ သိန်းသန်းချီကားကွင်းတွင် စစ်ကောင်စီတပ်၊ လူဝင်မှုကြီးကြပ်ရေး (လဝက) နှင့် ရဲတပ်ဖွဲ့များက...

ထိုင်းထုတ်ကုန်များကို စစ်ကောင်စီ ဖမ်းဆီးမှုကြောင့် သျှမ်းပြည်အတွင်း ကုန်ဈေးနှုန်းမြင့်တက်

စစ်ကောင်စီသည် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တင်သွင်းခွင့်ကို ပိတ်ပင်ထားသည့်အတွက် သျှမ်းပြည်အတွင်း ကုန်ပစ္စည်းစျေးနှုန်းများ မြင့်တက်လာကြောင်း သတင်းရရှိသည်။ ဇွန် ၁ ရက်မှစတင်ပြီး စစ်ကောင်စီသည် ထိုင်းထုတ်ကုန်ကို တင်သွင်းခွင့် ပိတ်ပင်လိုက်သည့်အတွက် ထိုင်းကုန်ပစ္စည်းများ အားကိုးနေရသော သျှမ်းပြည် အရှေ့ပိုင်းနှင့် သျှမ်းပြည် တောင်ပိုင်းတွင် ကုန်းစျေးနှုန်း မြင့်တက်မှု ကြုံနေရကြောင်း...

သျှမ်းပြည်တောင်ပိုင်း ဂေါ်ဖီထုပ်ဈေးနှုန်းများ ကျဆင်း၊ တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရ

သျှမ်းပြည် တောင်ပိုင်းတွင် ဂေါ်ဖီထုပ်များ ဝယ်သူမရှိဘဲ ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် စိုက်ပျိုးထားသည့် တောင်သူများ အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။ ကလောမြို့နယ် အောင်ပန်းမြို့တကြောတွင် ဂေါ်ဖီထုပ်ရာသီချိန် ဖြစ်သော်လည်း ဝယ်သူမရှိသည့်အပြင် ဂေါ်ဖီတစ်ထုပ်လျှင် ၂၀၀ ကျပ်အထိ ဈေးကျနေသည့်အတွက် စိုက်ပျိုး ထားသူများ အရှုံးနှင့်သာ ရင်ဆိုင်နေကြရကြောင်း အောင်ပန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက...

အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ် ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ရသည်။ ထိုသို့ ပြိုကျပျက်စီးသွားသည့် နေအိမ်များကို...

MNDAA ထိန်းချုပ်ဒေသ အမြဲတမ်းနေထိုင်ခွင့်အတွက် ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆွဲဆောင်နေ

သျှမ်းပြည် လောက်ကိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အထူးဒေသ-၁ အတွင်း အမြဲတမ်းနေထိုင်ခွင့် ပေးအပ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများကို စည်းရုံးဆွဲဆောင်နေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် စစ်ကောင်စီနှင့် တရားဝင် အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးပြီးနောက် ၎င်းထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တွင် ဇန်နဝါရီလ နှောင်းပိုင်းမှ စတင်ပြီး...

သျှမ်းတောင်တွင် ငလျင်လှုပ်ပြီးနောက်ပိုင်း ဘိလပ်မြေဝယ်ယူသူများလာပြီး ဈေးအဆမတန်မြင့်တက်လာ

သျှမ်းပြည်တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဘိလပ်မြေဝယ်ယူသူ များလာခြင်းကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်နေလျှက်ရှိသည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်များတွင် ဘိလပ်မြေဈေးနှုန်းများ တစ်အိတ်လျှင် ကျပ်(၃၄၀၀၀)အထိ အဆမတန် မြင့်တက်လာသောကြောင့် ဆောက်လုပ်ရေး လုပ်ကိုင်သူများနှင့် ငလျင်ဒဏ်သင့် အိမ်များ ပြန်လည်ပြုပြင်ရန်...

Latest news