တန့်ယန်းမြို့နယ်တွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု လွိုင်လောဝ်တောင်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

တန့်ယန်းမြို့နယ် လွိုင်လောဝ်(လွႆလၢဝ်)တောင်မှ ထွက်ရှိသော သလင်းကျောက်များကို ‘ဝ’တပ်ဖွဲ့ UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းတူးဖော်နေပြီး ပန်ညောင်ကျေးရွာအုပ်စုနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု အစပ်ရှိ နမ့်ညှင်းချောင်းဘေးတွင် ဆေးကြောသန့်စင်မှုများ ပြုလုပ်နေကြောင်း တန့်ယန်းမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သလင်းကျောက် တူးဖော်သည့် နေရာနှင့် ဆေးကြောသန့်စင်သည့် နေရာသည် မိုင် (၂၀) ခန့်သာ ကွာဝေးကြောင်း သိရသည်။

“ရှင်းရှင်းပြောရရင် သူတို့ တူးဖော်ပြီး ရလာတဲ့ ကျောက်က ဖန်ခွက်လိုပဲ ဖြူစွတ်နေတယ်၊ သလင်းကျောက်လို့ ပြောတယ်။ ဒါပေမယ့် အဲ့ဒီမှာ တူးရင်းတူးရင်းနဲ့ ဘာတွေ ထပ်ထွက်လဲတော့ မသိဘူး။ အခု သူတို့ အပေါက် ဖောက်ပြီး ဝင်တူးနေကြတယ်” ဟု တန့်ယန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် နမ့်ညှင်းချောင်းဘေး၌ ဧရိယာ (၄) ဧကခန့် အကျယ်အဝန်းရှိသော ကျောက်ဆေးကြောသန့်စင်သည့် စခန်းတစ်ခုကို တည်ဆောက်နေပြီး သန့်စင်ပြီး ကျောက်များကို တန့်ယန်းမြို့ မြောက်ဘက်ရှိ တာ့ဆိုင်းလျန် (တႃႈသၢႆးလႅင်) လမ်းကြောင်းမှတစ်ဆင့် UWSA ထိန်းချုပ် ‘ဝ’ဒေသကို ဖြတ်သန်းပြီး တရုတ်နိုင်ငံဘက်သို့ တင်ပို့ရောင်းချနေကြောင်း ၎င်းအမျိုးသားက ရှင်းပြသည်။

တန့်ယန်းမြို့နယ်အတွင်း ကျောက်ဆေးကြောသန့်စင်သည့် စခန်းကို ယမန်နှစ် ၂၀၂၅ နိုဝင်ဘာလကတည်းက စတင်ဆောက်လုပ်နေခြင်းဖြစ်ပြီး စခန်းဆောက်လုပ်ရန်အတွက် ပြည်သူပိုင်လယ်ယာမြေများကို ‘ဝ’တပ်ဖွဲ့ (UWSA) ဘက်က အဓမ္မ သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အဲ့မြေတွေက နောင်ဆိုင်ရွာသားတွေရဲ့ မြေတွေ၊ ချောင်းဘေးမှာ ရှိတယ်။ မြေတစ်ဧကလောက် အတွက်တော့ လျော်ကြေး ကျပ်သိန်း (၃၀) ပေးတယ်။ ဒါပေမယ့် အဲ့ဒီ အနားတစ်ဝိုက်မှာရှိတဲ့ မြေသုံးဧကလောက် အတွက်တော့ ဘာမှမပေးဘူး။ မယ်ဇလီပင် စိုက်ထားတာတွေကိုလည်း အကုန်ခုတ်၊ အကုန်ဖြိုပြီးတော့ မြေဖို့လိုက်တာ” ဟု အထက်ပါဒေသခံတစ်ဦးက ဆက်ပြောသည်။

လွိုင်လောဝ်တောင်ဒေသတွင် ‘ဝ’တပ်ဖွဲ့ (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် သတ္တုတူးဖော်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ ဆက်သွယ်မေးမြန်းခဲ့စဉ် “ကျနော်တို့ သိသလောက်တော့ (MEC) က ကျောက်မီးသွေးတွေ တူးထားတာ ရှိပါတယ်။ ကျနော်တို့ ‘ဝ’အနေနဲ့ အဲ့ဘက်မှာ တူးတာမရှိပါဘူး၊ အဲ့ဘက်ဒေသ (ခနောက်စိမ်း) ထွက်တာလည်း မကြားဖူးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ဖြေကြားသည်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) သည် ၁၉၉၇ ခုနှစ်ကတည်းက တည်ထောင်ထားသည့် မြန်မာစစ်တပ်ပိုင်ဖြစ်ပြီး သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်များအထိ ကဏ္ဍမျိုးစုံတွင် စီးပွားရေး လုပ်ကိုင်နေပြီး မြန်မာစစ်တပ်အတွက် အကျိုးအမြတ် ရှာဖွေပေးနေခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ အဓိက ဝင်ငွေရလမ်း စီးပွားရေးလုပ်ငန်း အင်ပါယာကြီး (၂) ခုဖြစ်သော မြန်မာ့စီပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့တို့ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်အပါအဝင် နိုင်ငံတကာက စီးပွားရေးအရ ပြင်းထန်စွာ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည်။

သလင်းကျောက်သည် အဖိုးတန် ကျောက်မျက်ရတနာ အဖြစ်သာမက အဆင့်မြင့် နည်းပညာနှင့် စက်မှုကဏ္ဍတို့တွင် မရှိမဖြစ် အရေးပါသော တွင်းထွက်ပစ္စည်းတစ်ခု ဖြစ်သည်။

သလင်းကျောက်ကို လက်ဝတ်ရတနာများ အဖြစ်လည်းကောင်း၊ နာရီ၊ ဖုန်းနှင့် ကွန်ပျူတာ စသည့် အီလက်ထရွန်နစ် ပစ္စည်းများတွင် လှိုင်းနှုန်းထိန်းညှိရန်အတွက် လည်းကောင်း အသုံးပြုသည်။

တန့်ယန်းမြို့နယ်တွင် အဆိုပါ တူးဖော်ရေးလုပ်ငန်းများကြောင့် လွိုင်လောဝ်ဒေသတွင် မိုးတွင်းကာလ၌ မြေပြိုမှုများ ဖြစ်ပွားကာ မြေဆီလွှာများ လမ်းပေါ်သို့ ပြိုကျခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

Banner Mining

ထို့အပြင် မြေဆီလွှာတိုက်စားမှုကြောင့် ယမန်နှစ်က လွိုင်လောဝ်တောင် အနီးတဝိုက်ရှိ ဒေသခံများ၏ လယ်ယာစပါးခင်းများ ပျက်စီးဆုံးရှုံးခဲ့ရပြီး စိုက်ပျိုး၍ မရတော့သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။

သို့သော် သလင်းကျောက် တူးဖော်နေသည့် ကုမ္ပဏီဘက်မှ နစ်နာသည့် ဒေသခံများကို တစ်စုံတစ်ရာ လျော်ကြေး ပေးဆောင်ခြင်း မရှိကြောင်း ဆိုသည်။

“သူတို့ကျောက်တွေ လာဆေးတဲ့နေရာက ချောင်းအထက်ပိုင်း ရွာတွေကို ထိခိုက်တာမျိုး မရှိပေမယ့် ချောင်းအောက်ဘက်က ရွာသားတွေအတွက် အများကြီး ထိခိုက်တယ်။ အထိခိုက်ဆုံးကတော့ နမ့်ညှင်းချောင်းပဲ။ ဒီကိစ္စအပေါ်မှာလည်း ပြည်သူတွေက ဘာမှ လုပ်လို့မရဘူး၊ ပြန်ပြောဖို့လည်း မရဲကြဘူး” ဟု အမည်မဖော်လိုသည့် တန့်ယန်းမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်ဆေးကြောသည့် လုပ်ငန်းသည် နမ့်ညှင်းချောင်းကို အဓိကထား အသုံးပြုနေခြင်းကြောင့် ချောင်းအောက်ဘက်ရှိ ပန်ညောင်၊ နမ့်ဟွန်းခံ၊ ခိုတောင်း ကျေးရွာများမှ အိမ်ခြေ (၁၅၀) ကျော်ရှိ ပြည်သူများမှာ ရေထုညစ်ညမ်းမှုနှင့် စိုက်ပျိုးရေး အခက်အခဲ ကြုံတွေ့ရမည်ကို စိုးရိမ်နေရသည်။

အဆိုပါ သလင်းကျောက်ထွက်ရှိရာ လွိုင်လောဝ်ဒေသသည် ယခင်က ဗိုလ်မွန်း ဦးဆောင်သည့် မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်ခဲ့သည့်နေရာ ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့သည် တန့်ယန်း၊ မိုင်းရယ်နှင့် လားရှိုးမြို့နယ်အတွင်း သံလွင်မြစ်ကမ်းအနီး တာ့ပန်ယုတ်၊ တာ့ဆိုင်းလျန်မှ မန်ပန်အုပ်စု၊ မိုင်းယော်အုပ်စုအထိ ကျေးရွာအုပ်စုပေါင်း (၅၀) နီးပါး နယ်မြေစိုးမိုးမှု ရှိခဲ့သည်။

သို့သော် “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ‘ဝ’တပ်ဖွဲ့ (UWSA) က သံလွင်မြစ် အနောက်ဖက်ကမ်းကို ဝင်ရောက်လာပြီး လွိုင်လောဝ်ဒေသကို ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...