Tuesday, January 27, 2026

လားရှိုး-တန့်ယန်းကြား တရုတ်ထုတ်ကုန် သျှမ်းတောင်ပေးမသယ်၊MNDAA နှင့် UWSA အခွန်အဆမတန်ကောက်

သျှမ်းပြည် လားရှိုး–တန့်ယန်း လမ်းမကြီးပေါ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့က ကုန်တင်ကားများကို အခွန် အဆမတန် တောင်းခံနေကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ တရုတ်နယ်စပ်မှတဆင့် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသော လားရှိုးမြို့ ကျော်လျှင် လားရှိုး-မိုင်းရယ်-တန့်ယန်း လမ်းမကြီးပေါ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့က ကုန်တင်ကားများထံ အခွန်အဆမတန် ထပ်မံကောက်ခံနေကြောင်း လားရှိုး-တောင်ကြီး ကုန်တင်ယာဉ်မောင်းသူများက ပြောသည်။

“ဝမ်ပန်သွားတဲ့ဘက် အခွန်ကောက်တာ များတယ်၊ ကိုးကန့်တပ်တို့ ‘ဝ’တပ်တို့က စားသောက်ကုန်တွေကို အခွန်ကောက်တာ။ တောင်ကြီးတို့ မန္တလေးတို့ဘက် သွားမယ်ဆိုရင် လွယ်ငင်းက ဂိတ်မှာ အခွန်သွားသွင်းခိုင်းတယ်။ တစ်တန်ကို ၇ သောင်း ကောက်တယ်၊ ၂ နေရာကောက်တယ်။ ဝမ်ပန်ကနေ လွယ်ကုန်းပေါင်း အဆင်းမှာ ‘ဝ’တပ် တစ်နေရာ၊ ကွန်ဟျိုးနတ်စင်မှာ ကိုးကန့်တပ် တစ်နေရာ အခွန်ဆောင်ရတယ်”ဟု အဆိုပါ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များတွင် စစ်သုံးပစ္စည်းမှလွဲ၍ ကုန်ပစ္စည်း အမျိုးအစား အားလုံးကို စက်တင်ဘာနှင့် အောက်တိုဘာလတွင် ပြန်လည်ဖြေလျော့ပေးခဲ့ပြီး တင်သွင်းခွင့်ပြုလာကြောင်း နယ်စပ်ကုန်များထံမှ သိရသည်။

တရုတ်နယ်စပ်မှတဆင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် မြောက်ပိုင်းမဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် နယ်မြေများထဲ ဖြတ်သန်းလာစဉ် လမ်းကြောင်းတလျှောက် အဆိုပါ လက်နက်ကိုင်တပ် ဂိတ်များထံ အခွန်ဆက်ကြေး ပေးဆောင်ရခြင်းကြောင့် ကုန်ဈေးနှုန်းလည်း အဆမတန် မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။

“နောက်ဆုံးကျတော့ ပြည်သူပဲ နစ်နာတယ်၊ ခေါက်ဆွဲတစ်ထုတ် ၅၀၀၀ ပေးဝယ်ရရင် သူတို့ကို ၁၀၀၀ လောက်က အခွန်ဆောင်ရတယ် ဆိုင်က ၄၀၀၀ ပဲ ရသလိုပေါ့။ လက်နက်ကိုင်ဂိတ်လည်း ဆက်ကြေးပေးရတယ်၊ နယ်စပ်က ပစ္စည်းဆိုရင် စစ်တပ်ကလည်း ပိတ်ထားတော့ ကုန်ဈေးနှုန်း တက်တာပေါ့။ အခုကတော့ ဘာမှဖြတ်လို့ မရသေးဘူး၊ စစ်တပ်က ၂ လလောက် ပိတ်မယ်လို့လည်း ပြောနေတယ်”ဟု တန့်ယန်းမြို့မှ ကုန်သည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အခြားတစ်ဘက်တွင် တရုတ်နယ်စပ်မှတဆင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နယ်မြေများထဲ ဖြတ်သန်းလာသည့် ကုန်ပစ္စည်းများနှင့် ‘ဝ’တပ်ဖွဲ့ ထိန်းချုပ် တရုတ်နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်ကော်မရှင်တပ်က သျှမ်းပြည်တောင်ပိုင်းသို့ သယ်ဆောင်ခွင့်မပြုဘဲ ကန့်သတ်တားမြစ်ထားကြောင်း လားရှိုး-တောင်ကြီး ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။

“ကွမ်းလုံကနေ လားရှိုးဘက်အထိ ရတယ်။ တန့်ယန်း-မိုင်းရယ်ကနေ လဲချား-မိုင်းကိုင်ဘက်ကို တရုတ်ခေါက်ဆွဲဖာတွေ စစ်တပ်က ပေးမတင်ဘူး။ ၇ မိုင်ဂိတ်၊ မိုင်းရှူးဂိတ်နဲ့ လဲချားဂိတ် ပြောရရင်တော့ စစ်တပ်ဂိတ်အားလုံးပဲ တောင်ကြီးသွားတဲ့လမ်းမှာ။ မိုင်းပွန်မှာလည်း တရုတ်ပစ္စည်းတွေ တင်လာရင်တော့ လုံးဝ ပေးမဖြတ်ဘူး။ တချို့အခေါက် ပစ္စည်းသိမ်းထားပြီး ပြန်မပေးဘူး၊ အိမ်စီးကားလည်း မရဘူး”ဟု လားရှိုး-တောင်ကြီး ခရီးစဉ်ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ တရုတ်နယ်စပ်မှ တင်သွင်းလာသည့် အသီးအနှံများလည်း ဂျူတီအခွန် ဆောင်ထားသည့် ပြေစာမရှိခြင်းကြောင့် စစ်ကော်မရှင်တပ် ဂိတ်များတွင် ဖြတ်သန်းခွင့်မပေးဘဲ ကားပြန်လှည့်ခိုင်းကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းမှ စတင်ပြီး ပြည်ပမှတင်သွင်းသော စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးအား နယ်စပ်ပေါက်များမှ တင်သွင်းခွင့် ယာယီပိတ်လိုက်သည်ဟု စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ညွှန်ကြားခဲ့ခြင်းကြောင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ကြောင်း ကုန်သည်များက ပြောသည်။

ပုံစာ – တန့်ယန်းမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...