လားရှိုး-တန့်ယန်းကြား တရုတ်ထုတ်ကုန် သျှမ်းတောင်ပေးမသယ်၊MNDAA နှင့် UWSA အခွန်အဆမတန်ကောက်

သျှမ်းပြည် လားရှိုး–တန့်ယန်း လမ်းမကြီးပေါ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့က ကုန်တင်ကားများကို အခွန် အဆမတန် တောင်းခံနေကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ တရုတ်နယ်စပ်မှတဆင့် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသော လားရှိုးမြို့ ကျော်လျှင် လားရှိုး-မိုင်းရယ်-တန့်ယန်း လမ်းမကြီးပေါ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့က ကုန်တင်ကားများထံ အခွန်အဆမတန် ထပ်မံကောက်ခံနေကြောင်း လားရှိုး-တောင်ကြီး ကုန်တင်ယာဉ်မောင်းသူများက ပြောသည်။

“ဝမ်ပန်သွားတဲ့ဘက် အခွန်ကောက်တာ များတယ်၊ ကိုးကန့်တပ်တို့ ‘ဝ’တပ်တို့က စားသောက်ကုန်တွေကို အခွန်ကောက်တာ။ တောင်ကြီးတို့ မန္တလေးတို့ဘက် သွားမယ်ဆိုရင် လွယ်ငင်းက ဂိတ်မှာ အခွန်သွားသွင်းခိုင်းတယ်။ တစ်တန်ကို ၇ သောင်း ကောက်တယ်၊ ၂ နေရာကောက်တယ်။ ဝမ်ပန်ကနေ လွယ်ကုန်းပေါင်း အဆင်းမှာ ‘ဝ’တပ် တစ်နေရာ၊ ကွန်ဟျိုးနတ်စင်မှာ ကိုးကန့်တပ် တစ်နေရာ အခွန်ဆောင်ရတယ်”ဟု အဆိုပါ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များတွင် စစ်သုံးပစ္စည်းမှလွဲ၍ ကုန်ပစ္စည်း အမျိုးအစား အားလုံးကို စက်တင်ဘာနှင့် အောက်တိုဘာလတွင် ပြန်လည်ဖြေလျော့ပေးခဲ့ပြီး တင်သွင်းခွင့်ပြုလာကြောင်း နယ်စပ်ကုန်များထံမှ သိရသည်။

တရုတ်နယ်စပ်မှတဆင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် မြောက်ပိုင်းမဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် နယ်မြေများထဲ ဖြတ်သန်းလာစဉ် လမ်းကြောင်းတလျှောက် အဆိုပါ လက်နက်ကိုင်တပ် ဂိတ်များထံ အခွန်ဆက်ကြေး ပေးဆောင်ရခြင်းကြောင့် ကုန်ဈေးနှုန်းလည်း အဆမတန် မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။

“နောက်ဆုံးကျတော့ ပြည်သူပဲ နစ်နာတယ်၊ ခေါက်ဆွဲတစ်ထုတ် ၅၀၀၀ ပေးဝယ်ရရင် သူတို့ကို ၁၀၀၀ လောက်က အခွန်ဆောင်ရတယ် ဆိုင်က ၄၀၀၀ ပဲ ရသလိုပေါ့။ လက်နက်ကိုင်ဂိတ်လည်း ဆက်ကြေးပေးရတယ်၊ နယ်စပ်က ပစ္စည်းဆိုရင် စစ်တပ်ကလည်း ပိတ်ထားတော့ ကုန်ဈေးနှုန်း တက်တာပေါ့။ အခုကတော့ ဘာမှဖြတ်လို့ မရသေးဘူး၊ စစ်တပ်က ၂ လလောက် ပိတ်မယ်လို့လည်း ပြောနေတယ်”ဟု တန့်ယန်းမြို့မှ ကုန်သည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အခြားတစ်ဘက်တွင် တရုတ်နယ်စပ်မှတဆင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နယ်မြေများထဲ ဖြတ်သန်းလာသည့် ကုန်ပစ္စည်းများနှင့် ‘ဝ’တပ်ဖွဲ့ ထိန်းချုပ် တရုတ်နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်ကော်မရှင်တပ်က သျှမ်းပြည်တောင်ပိုင်းသို့ သယ်ဆောင်ခွင့်မပြုဘဲ ကန့်သတ်တားမြစ်ထားကြောင်း လားရှိုး-တောင်ကြီး ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။

“ကွမ်းလုံကနေ လားရှိုးဘက်အထိ ရတယ်။ တန့်ယန်း-မိုင်းရယ်ကနေ လဲချား-မိုင်းကိုင်ဘက်ကို တရုတ်ခေါက်ဆွဲဖာတွေ စစ်တပ်က ပေးမတင်ဘူး။ ၇ မိုင်ဂိတ်၊ မိုင်းရှူးဂိတ်နဲ့ လဲချားဂိတ် ပြောရရင်တော့ စစ်တပ်ဂိတ်အားလုံးပဲ တောင်ကြီးသွားတဲ့လမ်းမှာ။ မိုင်းပွန်မှာလည်း တရုတ်ပစ္စည်းတွေ တင်လာရင်တော့ လုံးဝ ပေးမဖြတ်ဘူး။ တချို့အခေါက် ပစ္စည်းသိမ်းထားပြီး ပြန်မပေးဘူး၊ အိမ်စီးကားလည်း မရဘူး”ဟု လားရှိုး-တောင်ကြီး ခရီးစဉ်ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ တရုတ်နယ်စပ်မှ တင်သွင်းလာသည့် အသီးအနှံများလည်း ဂျူတီအခွန် ဆောင်ထားသည့် ပြေစာမရှိခြင်းကြောင့် စစ်ကော်မရှင်တပ် ဂိတ်များတွင် ဖြတ်သန်းခွင့်မပေးဘဲ ကားပြန်လှည့်ခိုင်းကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းမှ စတင်ပြီး ပြည်ပမှတင်သွင်းသော စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးအား နယ်စပ်ပေါက်များမှ တင်သွင်းခွင့် ယာယီပိတ်လိုက်သည်ဟု စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ညွှန်ကြားခဲ့ခြင်းကြောင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ကြောင်း ကုန်သည်များက ပြောသည်။

ပုံစာ – တန့်ယန်းမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...