CATEGORY

နိုင်ငံရေး

နောင်ချိုမြို့နယ် ဘန့်ဘွေးလူငယ်(၂)ဦး ကို စစ်ကောင်စီ မှဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ နယ် ဘန့်ဘွေးကျေးရွာရှိ ပညာရေးကျောင်း တွင် စစ်အာဏာရှင် ဆန့်ကျင်သည့် စားသား ဆေးသွားမှုတ်သည့် လူငယ် (၂)ဦး ကို စစ်ကောင်စီ မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မေ ၂၁ရက် ည ၁၁နာရီ ဝန်းကျင်တွင် ဘန့်ဘွေး ကျေးရွာ...

တောင်ကြီးမြို့ တစ်ညတည်း အရပ်သား အများအပြားဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ယမန့်နေ့ (မေ ၂၄) ရက်တွင် တရက်အတွင်း စစ်ကောင်စီမှ အရပ်သား အများအပြား ကို စစ်ကောင်စီ အုပ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ညနေ (၆)နာရီဝန်းကျင်မှ စတင်ကာ တောင်ကြီးမြို့နယ် နေရာအနှံ့တွင် စစ်ကောင်စီ အုပ်စု တားဆီး စစ်ဆေးကာ...

စစ်ကောင်စီမှ ကျောင်းလာအပ်ရန် နည်းမျိုးစုံတိုက်တွန်းနေ

သျှမ်းပြည် အတွင်း စစ်ကောင်စီမှ ကျောင်းလာအပ်ရန်အတွက် မိဘများကို နည်းမျိုးစုံ တိုက်တွန်းနေကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီမှ မိဘများကို ကျောင်းစရိတ်ထောက်ပံ့မည် ဖြစ်ကြောင်း၊ ကျောင်းအတွင်း လုံခြုံရေး ယူပေးမည် ဖြစ်ကြောင်း နည်းမျိုးစုံ ဖြင့် ကျောင်းလာအပ်ရန် မြူဆွယ်နေကြောင်း သျှမ်းပြည်သူများက ပြောသည်။ “ ရွာက ကလေးတွေ စစ်ကောင်စီက...

အသက် (၁၅)နှစ်မပြည့်သေးသည့် တောင်ကြီး လူငယ်တစ်ဦးဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် အသက် (၁၅) နှစ် မပြည့်သေးသည့် လူငယ်တစ်ဦး ကို စစ်ကောင်စီ အုပ်စု က ဖမ်းဆီးထိန်းသိမ်းထားကြောင်း စုံစမ်းသိရှိရသည်။ မေ (၂၂) ရက် နေ့မှာ စစ်ကောင်စီအုပ်စု သည် တောင်ကြီး စူဠာမုနိ တောင်ကြားလမ်းတွင် တားဆီးစစ်ဆေးမှု ပြုလုပ်ရာ...

ကချင်ပြည် ဟိုပင်တံတား မိုင်းခွဲခံရ၊ အရပ်သား တဦး သေ

ကချင်ပြည် ဟိုပင်မြို့ရှိ ဝက်ကုန်းတံတားသည် ယနေ့ ( မေ ၂၄) ရက် ညပိုင်းအချိန်တွင် မိုင်းခွဲခံရပြီး၊ အရပ်သား တစ်ဦး သေဆုံးသွား ကြောင်းသတင်းရရှိသည်။ အဆိုပါ မိုင်းခွဲခံရသည့် ဟိုပင်မြို့ အထွက်တွင်ရှိသည့် ဝက်ကုန်းတံတားသည် မန္တလေး -မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ် တွင် တည်ရှိသည် တံတားဖြစ်ကြောင်းသိရသည်။ "ညက...

“ပြည်သူရှိနေသရွေ့ပါတီရှိတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားခံရသည့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် “ ပြည်သူတွေရှိနေသရွေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ” တည်ရှိနေမည် ဟု ယနေ့ (မေ ၂၄)ရက် တရားရုံးထုတ်စဉ် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကောင်စီအုပ်စု မှ ဒေါ်အောင်ဆန်းစုကြည် ကို သဘာဝဘေး...

စစ်ကောင်စီမှ ကျောင်းသန့်ရှင်းရေး ပြုလုပ်ရန်ဖိအားပေးခိုင်း

သျှမ်းပြည်တစ်ဝှမ်းရှိ မြို့ငယ်များတွင် စစ်ကောင်စီမှ ကျောင်းဖွင့်ရန်အတွက် ပြည်သူများကို ဖိအားပေးပြီး ကျောင်းသန့်ရှင်းရေး ပြုလုပ်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ မေ ၂၂ရက် မှစတင်ကာ ယနေ့ချိန်ထိ သျှမ်းတောင်ပိုင်းတွင် စစ်ကောင်စီ မှ မိဘပြည်သူများကို ကျောင်းသန့်ရှင်းရေး လုပ်ရန် ခေါ်ဆောင်နေပြီး၊ ကျောင်းလာအပ်ရန်လည်း အတင်းအဓမ္မ ခေါ်ဆောင်နေကြောင်း သျှမ်းတောင် ပြည်သူများက...

နမ့်လန်အတွင်း စစ်ရေးတင်းမာနေသေးသဖြင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ အနီး စစ်ရေးတင်းမာမှု ဆက်လက်ရှိနေသဖြင့် စစ်ဘေးရှောင် (၃၀၀၀) ကျော် နေရပ်သို့မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်တို့ မေ (၁၉) ရက်က နမ့်လန်မြို့ ဝမ်စိမ်းကျေးရွာ အနီး တိုက်ပွဲ...

စစ်အာဏာရှင်တော်လှန်ရေးအောင်မြင်တဲ့အထိ ကာတွန်းတကွက်နဲ့ လူထုအတွက် Supporting လုပ်သွားမယ် (ကာတွန်းဝေယံ)

ကာတွန်းသည် အခြေအနေတရပ်၏  အနေအထားကို သက်၀င်အောင်ပုံဖော်ခဲ့သည့်အနုပညာတရပ်ဖြစ်လေရာ လက်ရှိနိုင်ငံရေးအခြေအနေကို ပုံဖော်နိုင်သည့်ကာတွန်းမှာ လွန်စွာမလွယ်ကူသည့် အနုပညာတရပ်ဖြစ်ပါသည်။ နိုင်ငံတခုတွင် ထိုသို့သော နိုင်ငံရေးသရော်သည့်ကာတွန်းဆရာမှာ လက်ချိုးရေလို့ပင်ရပါသည်။ နိုင်ငံရေးတွင်စိတ်ပါ၀င်စားမှုနည်းပါးသည့် သျှမ်းပြည်တွင်လည်း ရှားပါးသည့်နိုင်ငံရေးသရော် ကာတွန်းဆရာများအနက် ကာတွန်းဝေယံ၏ လက်ရာကို ကနေ့လူမှုကွန်ယက်တွင်လူသိများခဲ့ပါသည်။ အာဏာသိမ်းစစ်အုပ်စုအား...

အနာဂတ်သျှမ်းပြည်အေးချမ်းစေချင်လို့ ဘယ်အစိုးရရဲ့ UEC ဖြစ်ဖြစ်ဖိတ်ရင် တရားဝင်ပါတီတခုအနေနဲ့ တက်မယ်

ယနေ့ (မေ ၂၁)ရက် နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC နှင့် နိုင်ငံရေးပါတီ ၆၂ ပါတီတို့တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံရာတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီ လည်း ပါဝင်ခဲ့သည်။ ၎င်းနှင့်ပတ်သက်ပြီး ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း အား...

Latest news