သံလွင်မြစ်ထဲ နယ်စပ်သစ်မှောင်ခို ကျွန်းသစ်ဖောင်ကြီး ထိုင်းဘက်သို့ မျောလာ

ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်၊ သံလွင်မြစ်ကြောင်းတစ်လျှောက်တွင် ကျွန်းသစ်လုံး ၆၀ မှ ၇၀ ခန့် ပါဝင်သည့် သစ်ဖောင်ကြီးတစ်ခုမျောလာပြီး ထိုင်းအာဏာပိုင်များမှ နယ်စပ်ဖြတ်ကျော် သစ်မှောင်ခိုကူးမှုများကို စုံစမ်းနေကြောင်း The Nation Thailand သတင်းတွင် ဖော်ပြသည်။

ဩဂုတ်လ ၂၆ ရက်က ထိုင်းရဲတပ်ဖွဲ့များမှ မြစ်ကြောင်းအတိုင်း ကင်းလှည့်စဉ် မယ်စာရီယန် (Mae Sariang) မြို့နယ်၊ မယ်ယွမ် (Mae Yuam) တိုက်နယ်၊ ဘန်းမယ်ဝမ် (Ban Mae Waen) ကျေးရွာအနီး မြစ်ကမ်းဘေး၌ စုစည်းချည်နှောင်ထားသည့် သစ်ဖောင်ကြီးတစ်ခု မျောလာကြောင်းတွေ့ရှိခဲ့သည်။ သစ်ဖောင်ပေါ်ရှိ သစ်အများစုမှာ သစ်ဟောင်းများဖြစ်သော်လည်း လတ်တလော ခုတ်ထွင်ထားသည့် ကျွန်းသစ်လုံး ၁၀ လုံးခန့် ပါဝင်နေသည်ကို စိစစ်တွေ့ရှိခဲ့ရသည်။

ထိုသစ်လုံးများကို မြစ်၏ တဘက်ခြမ်း ကရင်ပြည်နယ်ဘက်ခြမ်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ဆက်စပ်ဒေသဖြစ်သော ဘန်းကိုကဲ (Ban Ko Ke) ကျေးရွာဘက်မှ မျောချလာခြင်းဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင်များက ယူဆထားသည်။ ထိုသစ်ဖောင်ဖြင့် ထိုင်းနိုင်ငံဘက်သို့ တရားမဝင် မှောင်ခိုသွင်းရန် သို့မဟုတ် မြစ်ကြောင်းအတိုင်း ဆက်လက်သယ်ဆောင်ရန် ပြင်ဆင်ထားခြင်းဖြစ်နိုင်ကြောင်း သံသယရှိနေသည်။

ထိုင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဆူချာတ် (Suchart Chomklin) က အဆိုပါသစ်များကို အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်တောထိန်းသိမ်းရေးဦးစီးဌာန (DNP)၊ လုံခြုံရေး၊ ပြည်သူ့စစ်တပ်ဖွဲ့များ ပူးပေါင်း၍ သိမ်းဆည်းရမိသော ကျွန်းသစ်များကို ထိန်းသိမ်း ထားရန်ညွှန်ကြားထားသည်။

လက်ရှိတွင် Salawin အမျိုးသားဥယျာဉ် အရာရှိများက သစ်ဖောင်ကို လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းကာ သစ်ထုထည် တိုင်းတာခြင်းနှင့် တရားဝင် သိမ်းဆည်းမှု မှတ်တမ်းများ ပြင်ဆင်လျက်ရှိသည်။

ထို့အပြင် နယ်စပ်ဒေသရှိ လုံခြုံရေးအဖွဲ့များနှင့် စစ်တပ်စခန်းများက သစ်ခုတ်ယူခဲ့သည့် နေရာမှစ၍ သစ်ဖောင်ပြုလုပ်သူနှင့် လက်ခံမည့်သူ နောက်ကွယ်မှ သစ်မှောင်ခိုကွန်ရက်တစ်ခုလုံးကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိပြီး သံလွင်မြစ်ကြောင်းတစ်လျှောက် ကင်းလှည့်မှုများကိုလည်း ပိုမိုတိုးမြှင့်ထားကြောင်း သိရသည်။

ကိုးကား – The Nation Thailand

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရောဂါဝေဒနာများ ပြည့်နှက်နေသည့် သံလွင်

0
“သံလွင် မြစ်ရေစီးသန်အားကြီးတယ် ဒို့သျှမ်းပြည်အလယ်…လွယ်လွယ်နဲ့ကူးဖြတ်နိုင်မယ်မထင်” ဆိုသည့် တေးဆို စိုင်းDeMoine အသံ တည်တည်ငြိမ်ငြိမ်လေးကလည်း သံလွင်မြစ်အကြောင်းကို လွမ်းဆွတ် သတိရစရာများ ဝမ်းနည်းစရာဖြစ်လာသည်။ “သံလွင်သမီးပျို” သီချင်းသည် သျှမ်းပြည်၏ အသက်သွေးကြောဖြစ်သော သံလွင်မြစ်၏ အလှအပကို ဖော်ကျူးနေသော်လည်း ယနေ့ခတ်ကာလတွင် ထိုသီချင်းသံမှာ ငိုသည်းသံတစ်ခုကဲ့သို့ ပြောင်းလဲနေပြီ ဖြစ်သည်။ သျှမ်းပြည်အတွင်းရှိ မြစ်ချောင်းများတွင်...

သဘာဝဘေးကပ်ဆိုးကြီး ပိုဆိုးလာမည်

0
မြန်မာနိုင်ငံ၏ အဓိက အသက်သွေးကြော တစ်ခုဖြစ်သော သံလွင်မြစ်အတွင်း အန္တရာယ်ရှိ အာဆင်းနစ် အဆိပ်သင့်မှု ပမာဏသည် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော် ပိုမိုမြင့်မားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် သဘာဝပတ်ဝန်းကျင် သုတေသနဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်...

နိုင်ငံရေး ရှုပ်ထွေးမှုကြားက နမ္မတူ ရေကာတာ

0
စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ သျှမ်းပြည်အတွင်းရှိ ရေကာတာ စီမံကိန်းကို ပြန်လည်စတင်လာသလို ရေကာတာ စီမံကိန်းကြောင့် ရွှေ့ပြောင်းရမယ့် ကျေးရွာ ပြည်သူတွေကိုလည်း စစ်ကောင်စီ အုပ်စုမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြကြောင်းကို သျှမ်းပြည် မြစ်ချောင်းများ ကွန်ယက်အဖွဲ့က ပြောဆိုလိုက်ပါတယ်။ လက်ရှိ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြစ်ပေါ်မှာ အကြီးစား ရေကာတာ...