နိုင်ငံရေး ရှုပ်ထွေးမှုကြားက နမ္မတူ ရေကာတာ

စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ သျှမ်းပြည်အတွင်းရှိ ရေကာတာ စီမံကိန်းကို ပြန်လည်စတင်လာသလို ရေကာတာ စီမံကိန်းကြောင့် ရွှေ့ပြောင်းရမယ့် ကျေးရွာ ပြည်သူတွေကိုလည်း စစ်ကောင်စီ အုပ်စုမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြကြောင်းကို သျှမ်းပြည် မြစ်ချောင်းများ ကွန်ယက်အဖွဲ့က ပြောဆိုလိုက်ပါတယ်။

သျှမ်းပြည်တွင်း တည်ဆောက်သည့် ရေကာတာ

လက်ရှိ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြစ်ပေါ်မှာ အကြီးစား ရေကာတာ စီမံကိန်း ၃ ခုရှိပြီး နော်ဝေးနိုင်ငံပိုင် SN Power ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုဖြင်ႉ ၇၃၅ မီကာဝပ် ထွက်ရှိမယ့် အလယ်ရဲရွာစီမံကိန်း၊ တရုတ်၊ ဂျပန်၊ ဆွဇ်ဆလန် နှင့် ပြင်သစ်နိုင်ငံ ကုမ္ပဏီများမှ ပါဝင်ဆောက်လုပ်လျှက်ရှိသော ၂၈၀ မီကာဝပ် အထက်ရဲရွာ ရေကာတာ စီမံကိန်း နှင့် Natural Current Energy Hydropower Company Limited မှ ၂၁၀ မီကာဝပ် နမ္မတူ (သီပေါ) ရေကာတာ စီမံကိန်း တွေဖြစ်ပါတယ်။

ရေကာတာ ဆောက်လုပ်မှုတွေဟာ နိုင်ငံရဲ့ လိုအပ်ချက် ၊ ဒေသခံတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ မဟုတ်ပဲ စစ်ကောင်စီ ရဲ့ ကိုယ်ကျိုး စီးပွားတွေကို ပံ့ပိုးပေးဖို့သာ ဖြစ်ပါတယ်။ နိုင်ငံရေး ရှုပ်ထွေးမှုကို အခွင့်အကောင်းယူပြီး စစ်ကောင်စီအုပ်စု နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ကိုယ်ကျိုး စီးပွားရေးအတွက် လုပ်ဆောင်လာခဲ့တာ ခေတ်အဆက်ဆက်ပါပဲ။

ရေကာတာ စီမံကိန်း

လက်ရှိမှာလည်း နမ္မတူ ရေကာတာကို ဆန့်ကျင်တဲ့အကြောင်း ပြည်သူလူထုတွေက လှုပ်ရှားမှု Campaign တွေ လုပ်နေကြပါတယ်။ အခုလို နမ္မတူ ရေကာတာ တည်ဆောက်မှုနဲ့ ထိခိုက်မှု၊ အကျိုးသက်ရောက်မှုတွေကို တက်ကြွလှုပ်ရှားသူ လူငယ်များစွာကလည်း ဆန့်ကျင်ကြောင်း ထုတ်ဖော် ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်း နဲ့ ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့် က သျှမ်းပြည်မြစ်ချောင်းများ ကွန်ယက်က တာဝန်ရှိသူ စိုင်းစင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ အခုလို နိုင်ငံရေး မငြိမ်မသက် ဖြစ်နေတဲ့ အချိန်မှာ ပြန်လည် လည်ပတ်လာတဲ့ နမ္မတူမြစ်ပေါ် တည်ဆောက်နေတဲ့ အခြေအနေတွေက ဘယ်လိုရှိလာလဲ၊ အခြေအနေတွေကို ပြောပြပေးပါအုံး။

ဖြေ ။။ ။ နမ္မတူ ရေကာတာ စီမံကိန်းက သီပေါမြို့ အထက်ပိုင်း မိုးတေကျေးရွာမှာ ဆောက်လုပ်နေပေမဲ့ ဒေသခံ သီပေါ လူထုက ရှိမှန်းတောင် အသိနည်းပါတယ်။ လက်ရှိ စုံစမ်းသိရှိထားသမျှတော့ တရုတ် အလုပ်သမားတွေနဲ့ ကုမ္ပဏီလို့ သိရပါတယ်။

၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောဆိုပြီးတဲ့နောက်မှာ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို အရှိန်အဟုန် မြင့်တင်ဆောင်ရွက်လာတာကို တွေ့ရပြီး စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးနဲ့ ရမခ တိုင်းမှူးကလည်း မကြာခဏ သွားကြည့်နေတာ တွေ့ရပါတယ်။

သျှမ်းမြောက် ရေကာတာ စီမံကိန်း

မေး ။. ။ ဒီ စီမံကိန်း ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်နေသလဲ၊ ဘယ်ကုမ္ပဏီက လုပ်ဆောင်နေလဲရှင့်။

ဖြေ ။ ။ အထက်ရဲရွာ စီမံကိန်းမှာတော့ ပြင်သစ်ကုမ္ပဏီ၊ တရုတ်ကုမ္ပဏီ၊ ဂျပန်ကုမ္ပဏီ နဲ့ ဆွီဒင်ကုမ္ပဏီတို့က မြန်မာပြည်က စစ်ခေါင်းဆောင်ဟောင်း ဦးအောင်သောင်းရဲ့သားတွေရဲ့ ကုမ္ပဏီI GE နဲ့ ပူးပေါင်းလုပ်ဆောင်နေ ပါတယ်။ နမ္မတူ ကတော့ တရုတ် နဲ့ ပတ်သက် ဆက်နွယ်မှုရှိတယ်လို့ ဒေသခံတွေကဆိုကျတဲ့ NCEH ကုမ္ပဏီ နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ နမ္မတူကတော့ တရုတ် နဲ့ ပတ်သက် ဆက်နွယ်မှုရှိတယ်လို့ ဒေသခံတွေ က ဆိုကျတဲ့ NCEH ကုမ္ပဏီပါ။

မေး ။ ။ အရင် အရပ်သား အစိုးရလက်ထက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကြိုးစားမှုကြောင့်နဲ့ ဒီ စီမံကိန်း ရပ်သွားခဲ့ရတယ်၊ အခုလို စစ်အာဏာ သိမ်းပြီးနောက်မှာတော့ လုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်လာတဲ့ အပေါ်မှာ ဘာပြောချင်လဲ။

ဖြေ ။ ။ အရင်က အရပ်သား အစိုးရဆိုတော့ လူထုဆန္ဒကို ဆန့်ကျင်နိုင်ကြဖို့ ခက်တယ်။ အခု စစ်အစိုးရခေတ် မှာတော့ လူထုဆန္ဒကို လျစ်လျူရှု့ပြီး အာဏာသိမ်းထားတော့ ပြောစရာ စကားမရှိတော့ဘူးပေါ့။

ပုံ – ဟောင်း ( ပြည်သူများ နမ္မတူမြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်း ကန့်ကွက်)

မေး ။ ။ နိုင်ငံရေး ရိုက်ခတ်မှု ဒဏ်တွေကြောင့် ပြည်သူတွေ ဆင်းရဲ ဒုက္ခတွေ ကြုံနေရတဲ့ အချိန်မှာ အခုလိုမျိုး နမ္မတူမှာ ရေကာတာ ဆောက်လုပ်တာက ဘယ်လို အကျိုးသက်ရောက်မှု ဖြစ်စေနိုင်မလဲ။

ဖြေ။ ။ ပြည်သူတွေက ကိုဗစ်ရောဂါကပ်ဘေး၊ စိုက်ပျိုးသီးနှံတွေ လယ်ယာ ထွက်ကုန်တွေ ဈေးကျ ကုန်တာတွေအပြင် အခုလို စီမံကိန်းတွေနဲ့ပါ ကြုံတွေ့လာရတော့ ပြည်ပထွက် အလုပ်လုပ်ကိုင်မှု နေရပ် စွန့်ခွာစေမှုတွေကို ပိုဆိုးသွား စေပါတယ်။ ဒါဟာ တစ်နည်းပြောရရင် အနုနည်းနဲ့ လူမျိုးသုဉ်းသတ်တာပါပဲ။

မေး။ ။ ဒီရေကာတာကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးဖို့လည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ တာဝန်ရှိသူတွေ အစိုးရတွေဘက်က ဘာစီစဥ် ဆောင်ရွက်ပေးဖို့ရှိလဲ။ ဘယ်လို တာဝန်ယူ မှုပေးကြလဲ။

ဖြေ ။ ။ စစ်အစိုးရကတော့ တာဝန်မယူချင်လို့ဘဲ ၂၀၀၈ ခုနှစ် လောက်ကတည်းက အထက်ရဲရွာ ရေကာတာကို ခိုးဆောက်ခဲ့တာ ပါပဲ။ အစိုးရ အဆက်ဆက်ကလဲ တာဝန်ယူမှု တာဝန်ခံမှုတွေ ဘယ်ခေတ်မှာမှ မရှိခဲ့တော့ အခု ကာလဆို ပိုပြီးမျှော်လင့် စရာမရှိပါဘူး။ အဓိက ကတော့ ပတ်သက်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ ထွက်သွားရင် အကောင်းဆုံးပေါ့။ အရင် အစိုးရ အဆက်ဆက်ကို ဒေသခံတွေက ကန့်ကွက်ခဲ့ကြတယ် ၊ NLD အစိုးရလက်ထက်ကတော့ ဂျာမနီ ကုမ္ပဏီတခုနဲ့ပြင်သစ် ကုမ္ပဏီတခုက နှုတ်ထွက်သွားတယ်။ အာဏာသိမ်း ပြီးနောက်ပိုင်းမှာတော့ ဒီလူသတ် စစ်အစိုးရ နဲ့ သူတို့ ပူးပေါင်းလုပ်ကိုင်နေဆဲပေါ့။

ပုံ – ဟောင်း ( ပြည်သူများ နမ္မတူမြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်း ကန့်ကွက်)

မေး ။ ။ လူအများက စစ်ရေးကို အာရုံစိုက်နေတဲ့ အချိန်မှာ အခုလို နမ္မတူရေကာတာ လိုမျိုး၊ သဘာဝ ဖျက်စီးစေတဲ့ စီမံကိန်းတွေ လုပ်ဆောင်နေတဲ့ အပေါ်မှာ ဘာပြောချင်လဲ။

ဖြေ ။ ။ လူဖြစ်ပြီး လူစိတ်ရှိတယ်ဆိုရင် လူအများမကြိုက်တဲ့ မှားနေတာကို ဆန့်ကျင်ပြီး မလုပ်ပါဘူး။ လက်ရှိ တိုင်းပြည်တောင် အခုလို အနေအထားဖြစ်နေတာ ပြောစရာ မလိုတော့ပါဘူး။ ဘယ်စီမံကိန်းမဆို ဘယ်သဘာဝ သယံဇာတမဆို ဘယ်အစိုးရကဘဲ လုပ်လုပ် ဒေသခံ လူထုရဲ့ သဘောဆန္ဒက အရေးကြီးပါတယ်။ ဖက်ဒရယ် အစိုးရ လက်ထက်မှာတောင် ဒေသခံတွေရဲ့ သဘောထား ခံယူရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင် သက်ဆိုးရှည် စေမဲ့ ဘယ်စီမံကိန်းမဆို ဒေသခံတွေနဲ့ဘဲ သက်ဆိုင်တာ မဟုတ်ဘဲ တစ်နိုင်ငံလုံး အရေးထဲက အစိတ်အပိုင်း တခု ဖြစ်တယ်လို့ မြင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...